ကျမ်းမြတ်ကုရ်အာန်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး →‎ကိုရမ်ကျမ်း၏ အစ: duplicate
စာကြောင်း ၂၁ -
 
မူစလင်တို့၏ ရာဇသတ် ၊ ဓမ္မသတ် ကျမ်းတို့မှာ ကိုရမ်ကျမ်းကို အမှီပြုလျက် ပြဌာန်းထားခြင်း ဖြစ်သည်။ မွတ်စလင် ကျောင်းများ၌လည်း ကိုကုရ်အာန် ကျမ်းမှာ အဓိက ကျောင်းသုံးစာအုပ် ဖြစ်သည်။ မွတ်စလင်များ ဘုရား ရှိခိုးရာတွင်လည်း ကိုရမ်ကျမ်းကိုပင် အမှီသဟဲ ပြုကြသည်။ ကိုရမ်ကျမ်းအရ မူစလင်များသည် တစ်နေ့လျှင် (၅) ကြိမ်ကျ မက္ကာမြို့ရှိ ကာဗား ကျောင်းတော်ရှိရာ ဘက်သို့ မျက်နှာမူ၍ ဘုရားအာရုံပြုရခြင်း ၊ အလှူဝတ်ကို ပြုရခြင်း ၊ ပစ္စည်း ဥစ္စာ တတ်နိုင်ပါက မိမိ၏ တစ်သက်တွင် အနည်းဆုံး တစ်ခေါက်မျှ မက္ကာမြို့သို့ ဘုရားဖူး သွားရခြင်း ၊ ရမ္မဇာန် လအတွင်း၌ ဥပုသ်စောင့်ခြင်း တို့ကို ပြုလုပ်ကြရလေသည်။
 
== ကိုရမ်ကျမ်း၏ အစ ==
ကိုရမ်ကျမ်းမှာ ခရစ်ယာန်ဘာသာတွင် [[ယေရှုခရစ်]] ကားစင်တင်ခံရပြီးနောက် နှစ်ကာလအနည်းငယ်ကြာမှ [[စိန့်ပေါလ်]](ရှင်ပေါလု)က ရေးသားသဖြင့် ဓမ္မကျမ်းသစ်ပေါ်ပေါက်လာရသည်မျိုး မဟုတ်ဘဲ မိုဟာမက် သက်ရှိထင်ရှားရှိစဉ်ကပင် နှုတ်တိုက်ချပေးသည့် အဆုံးအမတို့ကို ရေးသားထားခြင်းဖြစ်သည်။
တမန်တော် မိုဟာမက် ရှိစဉ်က စာရေးတော်ကြီးများသည် သူ၏ နှုတ်မှ ထွက်သော စကားများကို သားရေပြားပေါ်၌လည်းကောင်း ၊ သစ်ရွက်ခြောက် ပေါ်၌လည်းကောင်း ၊ သိုး၏ လက်ပြင်ရိုးပေါ်၌လည်းကောင်း အနီးတွင် ရရှိနိုင်သမျှ မည်သည့် ဝတ္ထု ပစ္စည်းပေါ်၌မဆို ရေးမှတ်ထားခဲ့ကြသည်။ မိုဟာမက် မကွယ်လွန်မီကပင် ထိုအပိုင်းအစများကို စုပေါင်းပြီး စာအုပ်တစ်အုပ် ဖြစ်အောင် စုပေါင်း၍ အဆင့်ဆင့် ကူးယူခဲ့ကြသည်။
 
== ကိုးကား ==