စီးပွားရေး စီမံအုပ်ချုပ်ခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅ -
စီးပွားရေး လုပ်ငန်း တစ်ခုအား စီမံအုပ်ချုပ်ရာတွင် စီးပွားရေးလုပ်ငန်း လည်ပတ်ခြင်း နှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်း တို့ နှင့် ပတ်သက်သော အလုပ်ပြီးမြောက်စေမှု နှင့် စီမံခန့်ခွဲမှုတို့ ပါဝင်သည့် အပြင် လူ နှင့် အခြားသော စွမ်းအားစုများကို စနစ်တကျ စုရုံးခြင်းဖြင့် တူညီသော ပန်းတိုင် နှင့် ရည်ရွယ်ချက်သို့ ရောက်ရှိစေရန် ညွှန်ကြားခြင်းလည်း ပါဝင်သည်။ ယေဘုယျအားဖြင့် စီမံအုပ်ချုပ်ခြင်း တွင် ကျယ်ပြန့်သော စီမံခန့်ခွဲမှု လုပ်ငန်းဆောင်တာများ ဖြစ်သော ဘဏ္ဍာရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် သတင်းအချက်အလက်စနစ် စီမံခန့်ခွဲမှုတို့လည်း ပါဝင်သည်။
 
အချို့သော လေ့လာသုံးသပ်သူများက စီမံခန့်ခွဲခြင်းအား စီမံအုပ်ချုပ်ရေး၏ တစိတ်တပိုင်း အဖြစ်သာ ရှုမြင်ကြပြီး အဖွဲ့အစည်းတစ်ခု၏ နည်းပညာနှင့် လုပ်ငန်းလည်ပတ်ရေး ကဏ္ဍနှင့်သာ သက်ဆိုင်သည်ဟု ရှုမြင်ကြကာ အုပ်ချုပ်ရေး နှင့် မဟာဗျူဟာမြောက် စီမံခြင်းတို့ မပါဝင်ဟု သတ်မှတ်ကြသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် စီမံအုပ်ချုပ်ခြင်း ဆိုသည်မှာ လုပ်ရိုးလုပ်စဉ် ရုံးအလုပ်များကို ဗျူရိုကရေစီဆန်ဆန် နှင့် လုပ်ငန်းလည်ပတ်ရန် ဆောင်ရွက်ခြင်းသာ ဖြစ်ပြီး ရုံးတွင်းကိစ္စရပ်များကိုသာ ဦးတည်ကာ ဖြစ်ပေါ်လာသည့် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ခြင်းမျှသာဖြစ်ပြီး ကြိုတင်စီမံတုံ့ပြန်ခြင်း မဟုတ်ပေ။ ဟင်နရီဖေရိုး မှ စီမံအုပ်ချုပ်သူ၏ လုပ်ငန်းဆောင်တာများကို စီမံအုပ်ချုပ်ခြင်း၏ အစိတ်အပိုင်း (၅) ခုဟူ၍ ခွဲခြား ဖော်ပြခဲ့သည်။
 
 
စီးပွားရေး စီမံအုပ်ချုပ်သူများသည် စီးပွားရေးလုပ်ငန်း နှင့် ၎င်း၏ လုပ်ငန်းလည်ပတ်မှုတို့ကို စောင့်ကြပ်ကြည့်ရှုကြသည်။ ၎င်းတို့၏ အလုပ်မှာ စီးပွားရေး လုပ်ငန်း အနေနှင့် ချမှတ်ထားသော ရည်မှန်းချက်ပန်းတိုင်များကို ပြည့်မှီစေရန်နှင့် ၎င်းတို့အား အသေအချာ ညှိနှိုင်းပေါင်းစည်းနိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် အတွက်ဖြစ်သည်။ ထိုနေရာတွင်ရှိသော သူ၏ လုပ်ငန်းဆောင်တာများမှာ ကျယ်ပြန့်၍ အမျိုးမျိုး ကွဲပြားပြီး အမြဲဆိုသလိုပင် လူမှန်နေရာမှန် ရွေးချယ်တတ်ရန် နှင့် ၎င်းတို့ကို စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ စီးပွားရေး လုပ်ငန်းအောင်မြင်မှု အတွက် အစီအစဉ်များ ရေးဆွဲရန်နှင့် နေ့စဉ် လုပ်ငန်းလည်ပတ်မှုကို စောင့်ကြပ်ကြည့်ရှုရဣ် စသည်တို့လည်း ပါဝင်သည်။ အကယ်၍ အဖွဲ့အစည်းတစ်ရပ်လုံး အနေနှင့် ပြောင်းလဲမှု လိုအပ်ပါက ထိုနေရာအား ရယူထားသူက ဦးဆောင်ရလေ့ ရှိသည်။ အချို့သော အခြေအနေများတွင် စီးပွားရေး လုပ်ငန်းကို ထူထောင်သူ သို့မဟုတ် ပိုင်ဆိုင်သူက စီမံအုပ်ချုပ်သူ နေရာမှ အသုံးတော်ခံလေ့ ရှိသော်လည်း အဖွဲ့အစည်းတိုင်းတွင် မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ကုမ္ပဏီ မှ အခြားသူတစ်ဦးတစ်ယောက်ကို ထိုနေရာ အတွက် ခန့်ထားလေ့ ရှိကြသည်။
 
==ကိုးကား==