ရွှေမန်း၊ ဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၈ -
၁၉၆၆ ခုနှစ်တွင် DSA အမှတ်စဉ် (၁၁)၊ ဗိုလ်လောင်းအမှတ် (၆၇၂) ၊ ဗိုလ်လောင်းသင်တန်းတက်ရောက်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် မေမြို့ စစ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ သူနှင့် အတူတပြိုင်ထဲ ဘွဲ့ရသူများ အနက် ယခင် ထောက်လှမ်းရေး ဌာနကြီးမှူးဟောင်း ဗိုလ်မှူးချုပ် ကျော်သိန်း၊ ယခု ပြန်ကြားရေး ဝန်ကြီးဖြစ်သူ အငြိမ်းစား ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့် သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်း တို့ပါဝင်သည်။ အရာရှိဘဝမှ တဖြည်းဖြည်းနှင့် ဗိုလ်ကြီး ရာထူးသို့ မြင့်တက်လာပြီးနောက် ၁၉၈၈ ခုနှစ်တွင် ဗိုလ်မှူး အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၈၉ ခုနှစ် ကေအန်ယူ တပ်များအား ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်ရာတွင် “သူရ”ဘွဲ့ကို ရရှိခဲ့သည်။ ကရင်ပြည်နယ်သို့ တပ်ရင်းမှူး ဘဝဖြင့် ရောက်ရှိခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ပြည်မြို့ အခြေစိုက် တပ်မ ၆၆ တွင်ဗျူဟာမှူး ဖြစ်လာခဲ့သည်။ ၁၉၉၆ ခုနှစ်မှာ ဗိုလ်မှူးချုပ် ရာထူးသို့ တိုးမြှင့်ပေးခံခဲ့ရကာ ထောက်ကြံ့ရှိ စစ်အစိုးရ အရာရှိကြီးများ၏ လုံခြုံရေးကိုတာဝန်ယူရသည့် ခြေလျင်တပ်ကို တာဝန်ယူခဲ့ရသည်။ အဲဒီနောက် တစ်နှစ် အကြာမှာ ပုသိမ် အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ်ရာထူးတိုးပြီး ပုသိမ်သို့ ပြောင်းရွှေ့ခဲ့သည်။ တပြိုင်တည်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင်လည်း ဖြစ်လာခဲ့သည်။
 
၂၀၀၀ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခံခဲ့ရပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကာင်စီ အမြဲတမ်း အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ အနောက်တောင်တိုင်း စစ်တိုင်းမှူး အဖြစ်မှ ရန်ကုန်မြို့ရှိ ကာကွယ်ရေး ဝန်ကြီးရုံးသို့ ပြောင်းရွှေ့ခြင်းခံရသည်။ ထိုရာထူးအရ ကြည်းတပ်၊ ရေတပ်၊ လေတပ် တို့ကိုကြည့်ရ