အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြန့်ချီ +ဖြန့်ချိ)
စာကြောင်း ၅၁ -
150pxဤ NeXT ကွန်ပျူတာကို CERN တွင် ဆာတင်(မ်)ဘာနား(စ်)-လီးက အသုံးပြုခဲ့ပြီး ကမ္ဘာ့ ပထမဆုံး ဝက်(ဘ်)ဆာဗာ ဖြစ်လာခဲ့သည်။
 
အင်တာနက်ကို ဖြစ်လာစေခဲ့သော အခြေခံ အသုံးချလုပ်ငန်းများနှင့် လမ်းညွှန်များသည် ဆယ်စုနှစ် နှစ်ခုနီးပါးမျှ တည်ရှိခဲ့သော်လည်း ကွန်ယက်သည် ၁၉၉၀ခုနှစ်များအထိ အများပြည်သူရှေ့တွင် မျက်နှာမရခဲ့ပေ။ ၁၉၉၁ခုနှစ် ဩဂုတ်လ ၆ရက်နေ့တွင် သေးငယ်သော အရာများကို သုနေသနပြုရာ ဥရောပတိုက် တစ်တိုက်လုံးနှင့်ဆိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် CERN သည် World Wide Web စီမံကိန်းသစ်ကို ကြော်ငြာခဲ့သည်။ ဝက်(ဘ်)ကို ဗြိတိသျှ သိပ္ပံပညာရှင် တင်(မ်)ဘာနား-လီးက ၁၉၈၉ခုနှစ်တွင် တီထွင်ခဲ့သည်။ အစောပိုင်းတွင် နာမည်ကြီးသည့် ဝက်(ဘ်)ဘရောက်ဆာမှာ HyperCardနှင့် X Window System တည်ဆောက်အသုံးပြုပြီးနောက်တွင် ပုံဖော်ခဲ့သည့် ViolaWWW ဖြစ်သည်။ ၎င်းနေရာတွင် Mosaic ဝက်(ဘ်)ဘရောက်ဆာဖြင့် တဖြည်းဖြည်း အစားထိုးလာခဲ့သည်။ ၁၉၉၃ခုနှစ်တွင် အီလီနွိုက်တက္ကသိုလ်၌ အထူးတွက်ချက်ရေးအသုံးချလုပ်ငန်းများအတွက် နိုင်ငံတော်စင်တာက Mosaic ပုံစံကွဲ ၁.၀ ကို ဖြန့်ချီခဲ့သည်။ဖြန့်ချိခဲ့သည်။ ထို့နောက် ၁၉၉၄ခုနှစ်နှောင်းပိုင်းတွင် ယခင်က ပညာရေးဆိုင်ရာဖြစ်သော နည်းပညာရပ်ဆိုင်ရာ အင်တာနက်ကို လူအများ စိတ်ဝင်စားလာခဲ့ကြသည်။ ၁၉၉၆ခုနှစ်တွင် ကမ္ဘာ့အင်တာနက် အသုံးပြုမှုသည် နေ့စဉ်သုံးဖြစ်လာခဲ့ပြီး ထို့အတွက်ကြောင့် ၎င်းကို World Wide Webကို ရည်ညွှန်းသော synecdoche အဖြစ် အသုံးပြုလာခဲ့ကြသည်။
 
ထိုအတောအတွင်း ဆယ်စုနှစ်တစ်ခု၏ တိုးတက်မှုဖြစ်စဉ်တွင် အင်တာနက်သည် ယခင်က ရှိနေခဲ့သော အများပြည်သူ ကွန်ပျူတာ ကွန်ယက်များ၏ အများစုကို (FidoNet ကဲ့သို့ အချို့ ကွန်ယက်များသည် သီးခြားဆက်လက် တည်ရှိနေသော်လည်း) အောင်မြင်စွာ ဆောင်ကြဉ်းပေးနိုင်ခဲ့သည် ။ ၁၉၉၀ပြည့်လွန်နှစ်များတွင် အင်တာနက်သည် ၁၉၉၆ခုနှစ်နှင့် ၁၉၉၇ခုနှစ်တို့တွင် ကာလတိုအတွင်း အရှိန်အဟုန်ဖြင့် ကြီးထွားမှုနှင့်အတူ နှစ်စဉ် ၁၀၀ ရာခိုင်နှုန်း ကြီးထားလာသည်ဟု ခန့်မှန်းခဲ့သည်။ ဤသို့ ကြီးထွားလာခြင်းသည် ကွန်ယက် ကြီးထွားလာမှုကို ရှင်သန်စေပြီး အင်တာနက် ပရိုတိုကော(လ်)များ၏ တစ်ဦးတည်းပိုင်မဟုတ်ဘဲ ဖွင့်ထားသော သဘာဝကိုလည်း ခွင့်ပြုသည့် ဗဟိုအုပ်ချုပ်ရေး ကင်းမဲ့မှုကြောင့်ဟု မကြာခဏ မှတ်ယူကြသည်။ ယင်း အင်တာနက် ပရိုတိုကော(လ်)များသည် ရောင်းသူ၏ သတင်းအချက်အလက် ဖလှယ်နိုင်စွမ်းကို အားပေးရန်နှင့် မည်သည့် ကုမ္ပဏီတစ်ခုကမဆို ကွန်ယက်ကို အလွန်အမင်း ထိန်းချုပ်ရန် ကြိုးပမ်းခြင်းမှ ကာကွယ်ရန် အာပေးသည်။၂၀၁၀ခုနှစ် ဇွန်လ ၃၀ရက်နေ့အရ ခန့်မှန်းခြေ အင်တာနက်အသုံးပြုသူ ဦးရေမှာ သန်းထောင်ပေါင်း ၁.၉၇ ဖြစ်သည်။