မြောက်ပိုင်းကာဒင်နယ်ငှက်: တည်းဖြတ်မှု မူကွဲများ

"မြောက်ပိုင်းကာ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
မြောက်ပိုင်းကာဒင်နယ်ငှက်သည် မြောက်အမေရိကငှက် ဖြစ်သည်။ ထိုငှက်မျိုးကို [[ကနေဒါနိုင်ငံ]]တောင်ပိုင်း၊ [[အမေရိကန်ပြည်ထောင်စု]] အရှေ့ပိုင်း၊ [[မက္ကဆီကိုနိုင်ငံ]]၊ [[ဂွာတီမာလာနိုင်ငံ]]နှင့် [[ဘလိဇ်နိုင်ငံ]] တို့တွင် တွေ့ရသည်။ မြောက်ပိုင်းကာဒင်နယ်ငှက်သည် အလျား ၈ ၃/၄ လက်မခန့်သာရှိ၍ သေးငယ်သော[[ငှက်]]ဖြစ်၏။ ပုံပန်းကျန၍ အတောင်များမှာ လှပသည်။ အသံမှာလည်း သာယာချိုအေး၍ တေးကို ကောင်းစွာ သီဆိုနိုင်သည်။
 
မြောက်ပိုင်းကာဒင်နယ်ငှက်မများတွင်လည်း [[အမောက်]]ရှိ၍ နူးညံ့သော အမွှေးအတောင်များရှိသည်။ တေးဆိုရာ၌ ငှက်ဖိုများကဲ့သို့ပင် ချိုလွင်စွာ ဆိုနိုင်လေသည်။ [[အမြဲစိမ်းသစ်ပင်]]များ၌ အသိုက်လုပ် လေ့ရှိသည်။ တစ်မြုံလျှင် [[ဥ]]နှစ်လုံးမှ လေးလုံးအထိ ရှိတတ် သည်။ ဥ၏အရောင်မှာ အညိုရောင် ထနေလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref>