အီကွေတာဂီနီနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၅၂ -
| calling_code = +၂၄၀
}}
'''အီကွေတာဂီနီနိုင်ငံ''' (တရားဝင်အခေါ်အားဖြင့် အီကွေတာ ဂီနီ သမ္မတနိုင်ငံ) သည် [[အာဖရိကအလယ်ပိုင်း]]တွင် တည်ရှိသော [[နိုင်ငံ]]တစ်နိုင်ငံ ဖြစ်သည်။ [[အကျယ်ဝန်းအကျယ်အဝန်း]]အားဖြင့် ၂၈,၀၀၀ စတုရန်းကီလိုမီတာ (၁၁,၀၀၀ စတုရန်းမိုင်) ရှိသဖြင့် [[အာဖရိကတိုက်]]ရှိ အသေးဆုံးနိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း ကြွယ်ဝချမ်းသာမှုသည် လူ့အဖွဲ့အစည်း၏ တစိတ်တစ်ပိုင်း အတွင်းတွင်သာရှိပြီး ၇၀ ရာခိုင်နှုန်းသော ပြည်သူတို့မှာ [[ကုလသမဂ္ဂ]]၏ ဆင်းရဲခြင်း သတ်မှတ်ချက် တစ်ရက်လျှင် ၂ ဒေါ်လာ အောက် ဝင်ငွေဖြင့် နေထိုင်နေကြသည်။ [[လူဦးရေ]] ၆၅၀,၇၀၂ ရှိသည်။
 
အာဖရိကတိုက်၌တည်ရှိသော မြောက်ဘက်တွင်[[ကင်မရွန်းနိုင်ငံ]] နှင့်တောင်ဘက်တွင် [[ဂါဘွန်နိုင်ငံ]]တို့တည် ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁ဝ၈၃၂ စတုရန်းမိုင်ပေါင်းရှိပြီး ၁၉၇၅ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၃၁ဝဝဝဝ ရှိသည်။ မြို့တော်မှာ[[မာလာဘိုမြို့]] ဖြစ်လေသည်။
စာကြောင်း ၆၀ -
၁၉၆၈ ခုနှစ် [[အောက်တိုဘာလ]] ၁၂ ရက်နေ့တွင် [[စပိန်]]လက်အောက်မှ အချုပ်အခြာအာဏာပိုင်သော လွတ်လပ်ရေးကိုရရှိသည်။ ၁၉၆ဝ ပြည့်နှစ်မှစ၍ ဒေသအလိုက် [[ရွေးကောက်ပွဲ]]များကို ပြုလုပ်ခြင်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် [[လွတ်လပ်ရေး]]ကိုတစ်ဆင့်ပြီးတစ်ဆင့် ရရှိလာခဲ့ခြင်းဖြစ်သည်။ ပထမဆုံး[[သမ္မတ]]ဖြစ်ရွေး ကောက် တင်မြှောက်ခြင်းခံရသူ မာဆီနဂွီးမာဗိုင်ယိုဂိုအား ၁၉၇၂ ခုနှစ်တွင် ရာသက်ပန် သမ္မတအဖြစ်ခန့် အပ်သည်။
 
နယ်စပ် ပြဿနာကြောင့် ကင်မရွန်းနိုင်ငံ၊ ဂါဘွန်နိုင်ငံတိုနှင့်ဆက်ဆံရေးမှာ ခပ်တန်းတန်း ဖြစ်ခဲ့ပြီး ၁၉၇၆ ခုနှစ်၌ [[အမေရိကန်ပြည်ထောင်စု]] နှင့် သံတမန် အဆက်အသွယ်ဖြတ်ခဲ့သည်။
 
သို့ရာတွင် [[ရုရှ]]၊[[တရုတ်]]၊ [[မြောက်ကိုရီးယားနိုင်ငံ]]များနှင့် ပုံမှန်အတိုင်း ဆက်ဆံလျက်ရှိသည်။