သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၈၈ -
သို့ကလို ဘေးကျပ်နံကျပ် အခြေအနေများနှင့် ရင်ဆိုင်လာခဲ့သည့် ဗိုလ်ချုပ်မှူးကြီး စောမောင်သည် စိတ်ထွက်ပေါက် ရှာသည့်အနေဖြင့် အရက်ကို နေ့ရောညပါသောက်စားမူးယစ်ခဲ့ရာမှ နောက်ဆုံး၌ စိတ်ဝေဒနာပါ စွဲကပ်လာပြီး မိန့်ခွန်းခြွေရာမှာပင် အမှားအယွင်းများ ဖြစ်ပေါ်လာခဲ့သည်။ အကွက်ကောင်းကို ချောင်းနေသော ဗိုလ်ချုပ်ကြီး သန်းရွှေသည် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ မိန့်ခွန်းများကို တစ်လုံးမှ ပြင်ဆင်တည်းဖြတ်ခြင်း မပြုဘဲ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခိုင်းခဲ့ပြီး ပြည်သူနှင့် တပ်မတော်အကြား၌ ပညာသားပါပါ သိက္ခာချခဲ့သည်။
 
ထို့နောက် တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကျော်ဝင်း (နောင် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး) ဦးဆောင်သည့် သမားတော်ကြီးများကို ဆေးစစ်ဆေးခိုင်းပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကျန်းမာရေး အခြေအနေ မကောင်းကြောင်း၊ ဆေးထောက်ခံစာ တင်ပြခိုင်းသည်။ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အဆိုပါ ဆေးစာကို နဝတ အဖွဲ့နှင့် စစ်အစိုးရအဖွဲ့ဝင်များကို ပြသ၍ တစ်ဦးချင်း သဘောထားကို ခေါ်ယူမေးမြန်းခဲ့သည်။ ထိုစဉ်အတွင်း
၁၉၉၂ ခုနှစ် မတ်လ ၂ဝ တွင် နဝတအဖွဲ့၏ ကြေညာချက် ၆/၉၂ ဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သန်းရွှေသည် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် လွှဲပြောင်းယူလိုက်သည်။
အစစ အရာရာ အကွက်စေ့အောင် ဖန်တီးနိုင်ခဲ့သည့် ဗိုလ်ချုပ်ကြီးသန်းရွှေသည် သူကိုယ်တိုင် လက်မှတ် ရေးထိုးထားသည့် နဝတ ကြေညာချက်အမှတ် ၈/၉၂ ကို ၁၉၉၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ကို တာဝန်အရပ်ရပ်က အနားပေးလိုက်ကြောင်း ကြေညာခဲ့သည်။ ကြေညာချက်၌…<br>
 
အစစ အရာရာ အကွက်စေ့အောင် ဖန်တီးနိုင်ခဲ့သည့် ဗိုလ်ချုပ်ကြီးသန်းရွှေသည် သူကိုယ်တိုင် လက်မှတ် ရေးထိုးထားသည့် နဝတ ကြေညာချက်အမှတ် ၈/၉၂ ကို ၁၉၉၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ကို တာဝန်အရပ်ရပ်က အနားပေးလိုက်ကြောင်း ကြေညာခဲ့သည်။ ကြေညာချက်၌…<br>
'''နိုင်ငံတော်၏ မြားမြောင်ကြီးလေးလှသော အလုပ်တာဝန်များ၏ ဒဏ်ကြောင့် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကျန်းမာရေးသည် အနားမယူလျှင် မဖြစ်တော့သည့် အခြေအနေအထိ ချွတ်ယွင်းလာသဖြင့် တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်သော ကျန်းမာရေး အခြေအနေသို့ ရောက်ရှိသည်အထိ အနားယူနေရန် ကျွမ်းကျင်သော ဆရာဝန်ကြီးများက အကြံပြုထောက်ခံချက်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအေ၀းတွင် တင်ပြပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်အား အနားယူစေရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာအပ်ပါသည်''' ဟူ၍ ဖော်ထားသည်။ နဝတအဖွဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ခင်ညွှန့်ကလည်း အဆိုပါ ရက်စွဲဖြင့်ပင် နဝတ ကြေညာချက် ၉/၉၂ ကို ထုတ်ပြန်ခဲ့ပြီး န၀တ ဥက္ကဋ္ဌနေရာကို ယခုအချိန်မှစ၍ ဗိုလ်ချုပ်ကြီး သန်းရွှေက ဆက်လက်တာဝန်ယူသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အမှန်စင်စစ် ဗိုလ်ချုပ်ကြီး သန်းရွှေသည် ၁၉၉၂ ဧပြီလ ၂၂ ရက်နေ ့ကတည်းကပင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို စတင် ထမ်းဆောင်နေခဲ့ပြီ ဖြစ်သည်။