မင်းအောင်လှိုင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၈ -
မင်းအောင်လှိုင် (ကြည်း ၁၄၂၃၂) ကို ခရစ်နှစ် ၁၉၅၅-ခုနှစ်တွင် [[တနင်္သာရီတိုင်းဒေသကြီး]]၊ [[ထားဝယ်မြို့]]တွင် ဖွားမြင်သည်။ ဖခင်ဖြစ်သူ ဦးသောင်းလှိုင်မှာ ဌာနဆိုင်ရာ အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းကို [[အ.ထ.က(၁)လသာ]] (Central) ကျောင်းမှ အောင်မြင်ခဲ့သည်။<ref>[http://burmese.voanews.com/content/article-04-02-11-soldiers-talk054-119117354/1245642.html တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၁)]</ref> ၁၉၇၃-၇၄ ခုနှစ်တွင် [[ရန်ကုန်တက္ကသိုလ်]] ဥပဒေပညာ တက်ရောက်သင်ကြားရင်း ၁၉၇၄ ခုနှစ်တွင် [[စစ်တက္ကသိုလ်]] ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁၉) ဝင်ခွင့်ရရှိခဲ့ရာ [[ပြင်ဦးလွင်မြို့]]ရှိ [[စစ်တက္ကသိုလ်]]သို့ တက်ရောက်သည်။ အရာရှိငယ်ဘဝတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၈၆) ခြေလျင်တပ်ရင်းတွင် ထမ်းဆောင်ခဲ့ဖူးသည်။ (အမှတ်(၃၆၉)ခြေမြန်တပ်ရင်း)နမခလက်အောက်ခံတပ်ရင်း တပ်ရင်းမှူး၊ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်တွင် စစ်ဦးစီးမှူး(ပထမတန်း)နှင့် နည်းဗျူဟာမှူး တာဝန်များ၊ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များအပြင် အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်ကိုပါ ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကာလတွင် တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဖြစ်လာပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ စတင်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးရာထူးဖြင့် စတင်ထမ်းဆောင်ခဲ့သည်။
 
==စစ်ရာဇဝတ်မှု==
ကုလသမဂ္ဂက မြန်မာစစ်သားများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်က အရပ်သားများကို တမင်တကာ ပစ်မှတ်ထားခဲ့ကြကြောင်း၊ ရိုဟင်ဂျာအမျိုးသမီးများကို အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အရပ်သားများကိုပစ်ခတ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများ မီးရှို့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါလုပ်ရပ်များသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်သည်။<ref>http://burmacampaign.org.uk/germany-austria-host-war-criminal-min-aung-hlaing/</ref><ref>https://www.hrw.org/news/2015/03/30/burmas-military-milestone</ref>
 
==ထမ်းဆောင်ခဲ့သောတာဝန်များ==