ရွှေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး added Category:ရွှေ using HotCat
အရေးမကြီး →‎ကိုးကား
စာကြောင်း ၁၀ -
မြန်မာတို့က အခေါက်ရွှေကို ၁၆ ပဲရည်လို့ ခေါ်ပြီး၊ အနောက်တိုင်းမှာ ၂၄ ကာရက်ရွှေလို့ ခေါ်ဝါ်ပါသည်။ ရွှေတစ်ကျပ်သားမှာ ငွေ သို့မဟုတ် ကြေးနီ တစ်ပဲသား ပါဝင်သော ရွှေကို ၁၅ ပဲရည်လို့ ခေါ်ပြီး သုံးပဲသား ပါဝင်သော ရွှေကိုတော့ ၁၃ ပဲရည်လို့ ခေါ်ကြပါသည်။ ရွှေပန်းထိမ် လုပ်ငန်းသည်လည်း မြန်မာနိုင်ငံတွင် အဓိက ကဏ္ဍမှာ ပါဝင်ပါသည်။ ရွှေသည် ပုံမှန်အခြေနေမှာ အဝါရောင်ရှိပြီး ပုံသွင်းရအလွယ်ကူဆုံးသော သတ္ထုတစ်မျိုးဖြစ်ပါသည်။ အသေးစိတ် ခွဲခြမ်း လေ့လာမှုမှာ အနက်ရောင်၊ ပတ္တမြားရောင် သို့မဟုတ် ခရမ်းနုရောင် အဖြစ် ပြောင်းလဲတွေ့ရပါသည်။ အခြားဒြပ်စင်တွေနှင့် ပေါင်းစပ်ဝတ်ဆင်ပါက အရည်သွေးများ ကျဆင်းသွားပါသည်။ အပူနှင့် လျှပ်စစ် စီးကူးမှုအားကောင်းသော သတ္ထုတစ်မျိုးဖြစ်သည်။ ဓာတုဗေဒဆိုင်ရာ ဓာတ်ပြုမှုများမှာ ရွှေကို အကောင်းဆုံး ကြားခံပစ္စည်းအဖြစ် အသုံးပြုပါသည်။ ကျန်းမာရေး ဆိုင်ရာ ဆေးလောကတွင်လည်း ရွှေကို ထိုးဆေးဖော်စပ်ကာ လူတို့၏ ခြေဆစ်၊ လက်ဆစ်ရောင် ရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ လောက် ကတည်းက လူတို့သည် ရွှေကို တန်ဖိုးရှိသော ပစ္စည်းတစ်ခုအဖြစ် သတ္တုတို့၏ဘုရင်ဟု ခေါ်စမှတ် ပြုလာခဲ့သည်။ အင်္ဂလိပ် ဘာသာနှင့် ခေါ်သော Gold သည် Geola မှ ဆင်းသက် လာပြီး အဝါရောင်ဟု အနက်အဓိပ္ပါယ် ရပါသည်။ ရွှေကို ဒီနေ့အချိန်အထိ မြတ်နိုးမှု၊ တန်ဖိုးထားမှု၊ မက်မောမှု တို့ကတော့ လူတိုင်းမှာ ရှိနေဆဲပင်။
 
== ကိုးကား ==
{{reflistReflist}}
 
{{ဒြပ်စင်အလှည့်ကျဇယား}}
 
[[Category:ဓာတုဗေဒ ဒြပ်စင်များ]]
[[Category:ရွှေ]]
"https://my.wikipedia.org/wiki/ရွှေ" မှ ရယူရန်