"ပေါင်းခြင်း (သင်္ချာ)" ၏ တည်းဖြတ်မှု မူကွဲများ

၁၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး
အရေးမကြီး
ပေါင်းခြင်းကို အခြားသော ကိန်းများဖြစ်သည့် ကိန်းပြည့်များ၊ ကိန်းစစ်များ၊ ကိန်းရှုပ်များတွင်လည်း အသုံးပြုနိုင်သည်။ ဤသည်မှာ သင်္ချာပညာ၏ ကဏ္ဍခွဲတစ်ခုဖြစ်သော ဂဏန်းသင်္ချာဖြစ်သည်။ အခြားသောကဏ္ဍတစ်ခုဖြစ်သည့် အက္ခရာသင်္ချာတွင် ပိုမိုရှုတ်ထွေးသော ဗက်တာများ၊ မက်ထရစ်များ ပါဝင်ပေသည်။
 
ပေါင်းခြင်းတွင် များလှစွာသော အရေးပါသည့် ဂုဏ်သတ္တိများ ရှိသည်။ ထိုသည်တို့တွင် ဖလှယ်ရဂုဏ်သတ္တိ(commutative)နှင့် ပေါင်းစပ်ရဂုဏ်သတ္တိ(associative)တို့ ပါဝင်ပေသည်။ ထို့ပြင် [[]] ကို ထပ်၍ ထပ်၍ ပေါင်းခြင်းသည်လည်း ရေတွက်ခြင်းနှင့် တူညီပြီး သုညကို[[၀|သုည]]ကို ပေါင်းခြင်းဖြင့် မူလကိန်းဂဏန်းအား ပြောင်းလည်းပေမယ်မဟုတ်ပေ။ ပေါင်းခြင်းသည် အခြားသော အခြေခံတွက်ချက်မှုများဖြစ်သည့် နှုတ်ခြင်းနှင့် မြှောက်ခြင်းကဲ့သို့ predictable rules ကို လိုက်နာသည်။
 
ပေါင်းခြင်းအား တွက်ချက်ခြင်းသည် ရိုးရှင်းသော ဂဏန်းသင်္ချာတွက်ချက်မှုဖြစ်သည်။ အလွန်ငယ်သော ဂဏန်းများကို လမ်းလျှောက်စ ကလေးငယ်ပင် တွက်ချက်နိုင်ပြီး အလွန်ရိုးရှင်းသော အခြေခံဖြစ်သည့် ၁ + ၁ ကို ငါးလသားအရွယ် နို့စိုကလေးငယ်လေးများ တွက်ချက်နိုင်ပြီး အချို့သော သတ္တဝါမျိုးစိတ်များလည်း တွက်ချက်နိုင်ကြောင်း တွေ့ရသည်။ မူလတန်းအရွယ်တွင် ကျောင်းသားများကို ဆယ်ဂဏန်းအထိ ကိန်းများ ပေါင်းခြင်းကို သင်ကြားပေးခဲ့ကြပြီး ဂဏန်းတလုံးချင်းပေါင်းခြင်းမှသည် တဖြည်းဖြည်း ပို၍ခတ်ခဲသော ပုစ္ဆာများကို တွက်ချက်ကျရသည်။ စက်ကရိယာပစ္စည်းများ အကူအညီဖြင့် ပေါင်းခြင်းကို ရှေးဟောင်း ပေသီးများ အသုံးပြု၍ တွက်ချက်ခြင်းမှသည် ယနေ့ခေတ် ကွန်ပျူတာများအထိ ပေါင်းခြင်းကို ပိုမိုထိရောက်စေမည့် ကိရိယာပစ္စည်းများအား ဆက်လက်၍ သုတေသနပြု လုပ်ဆောင်လျက်ရှိကြသည်။