မဟာသီယာ မိုဟာမက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
No edit summary
စာကြောင်း ၆၂ -
}}
 
'''မဟာသီယာ ဘင် မိုဟာမက်''' (၁၉၂၅ ဇူလိုင် ၁၀ ရက်မွေးဖွား)<ref>[https://books.google.com/books?id=QiP2DAAAQBAJ&pg=PT8&dq=Mahathir+Mohamad+10+july&hl=en&sa=X&ved=0ahUKEwjct8DSxJvUAhVH1iwKHeaYD7cQ6AEILDAD#v=onepage&q=Mahathir%20Mohamad%2010%20july&f=false Profile of Mahathir Mohamad]</ref> သည် မလေးရှား နိုင်ငံရေးသမားနှင့် လက်ရှိ ဝန်ကြီးချုပ် တစ်ဦး ဖြစ်သည်။ ၎င်းသည် မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် ဝန်ကြီးချုပ်အဖြစ် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သဖြင့် ဝန်ကြီးချုပ်အဖြစ် အချိန် အကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် သတ္တမမြောက် ဝန်ကြီးချုပ် အဖြစ် တစ်ဖန် ပြန်လည် တာဝန်ယူခဲ့သည်။ ၁၉၄၆ ခုနှစ် အသစ်ဖွဲ့စည်းသော ယူအမ်အန်အို ပါတီအား စတင်ဝင်ရောက်ခဲ့သည်မှ စ၍ ရေတွက်လျှင် သူ၏ နိုင်ငံရေးသမား အဖြစ် လှုပ်ရှားခဲ့မှုသည် နှစ်ပေါင်း ၇၀ ကျော်မျှ ရှိသည်။
'''ဒေါက်တာ မဟာသီယာ မိုဟာမက်စ်''' (Mahathir Mohamad)သည် [[မလေးရှား]]နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးအောင် အရှေ့တောင်အာရှ ကျားတကောင်အဖြစ် ဦးဆောင်ခဲ့သူ ဖြစ်သည်။ ၂၀-ရာစုနောက်ပိုင်း ရာစုဝက်ကာလတွင် အာရှတိုက်၌ ပေါ်ထွန်းလာခဲ့ကြသော နိုင်ငံရေးခေါင်းဆောင်များ အနက် မလေးရှားဝန်ကြီးချုပ် ဒေါက်တာမဟာသီယာ မိုဟာမက်သည် ထူးခြားထင်ရှားသော ပုဂ္ဂိုလ်တဦး ဖြစ်ပါသည်။ မဟာသီယာသည် မလေးရှားနိုင်ငံကို လူမျိုးရေးအဓိကရုဏ်းများ ပြွမ်းတီးနေသည့် ဆင်းရဲသော ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးဘဝမှ အရှေ့တောင်အာရှ၏ ကျားတကောင်ဘဝသို့ ရောက်ရှိအောင် ဆွဲတင်နိုင်ခဲ့သည့် ခေါင်းဆောင်တဦးဖြစ်သည်။
 
မလေးရှားနိုင်ငံ ကဒါးပြည်နယ် အလိုဆီတာမြို့တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ကျောင်းစာတွင် ထူးချွန်သော မဟာသီယာသည် ဆရာဝန်တစ်ဦး ဖြစ်လာခဲ့သည်။ သူသည် မလေးရှားနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေးပါတီတစ်ခု ဖြစ်ခဲ့သော ညီညွတ်သော မလေး အမျိုးသား အစည်းအရုံး (UMNO) တွင် တက်ကြွစွာ လှုပ်ရှားခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်တွင် ပါလီမန်သို့ စတင်ဝင်ရောက်ခဲ့သည်။ သူသည် အမတ်အဖြစ် အစိုးရသက်တမ်း တစ်ခုမျှ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဖြစ်သူ တွန်ကူး အဘဒူ ရာမန် နှင့် ပြဿနာ ဖြစ်ကာ ၎င်း၏ အမတ်နေရာကို လက်လွှတ်ခဲ့ရပြီး ယူအမ်အန်အိုမှလည်း ထုတ်ပယ်ခံခဲ့ရသည်။ အဘဒူရာမန် ရာထူးမှ နှုတ်ထွက်ပြီးနောက် မဟာသီယာသည် ယူအမ်အန်အို ပါတီ နှင့် ပါလီမန်သို့ တစ်ဖန်ပြန်လည် ဝင်ရောက်ခဲ့ပြီးနောက် အစိုးရ အဖွဲ့တွင် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင် လက်ထောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၁၉၈၁ ခုနှစ် ဝန်ကြီးချုပ် ဟူစိန်အွန်း နှုတ်ထွက်ပြီးနောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
 
မဟာသီယာ ဝန်ကြီးချုပ် ဖြစ်နေစဉ် အချိန်က မလေးရှားသည် ခေတ်မီနိုင်ငံတော် အဖြစ် ပြောင်းလဲခြင်း နှင့် စီးပွားရေး တိုးတက်ခြင်းတို့ အလျှင်အမြန် ဖြစ်လာခဲ့ပြီး သူ၏ အစိုးရသည် အခြေခံအဆောက်အအုံ စီမံကိန်းများကို ရဲတင်းစွာပင် လုပ်ဆောင်ခဲ့သည်။ မဟာသီယာသည် ထင်ရှားသော နိုင်ငံရေး သမားတစ်ဦး ဖြစ်ပြီး ရွေးကောက်ပွဲကို ငါးကြိမ်ဆက်တိုက်မျှ အနိုင်ရခဲ့ကာ ယူအမ်အန်အို ခေါင်းဆောင်အဖြစ် ယှဉ်ပြိုင်သူများကိုလည်း ဆက်တိုက်အနိုင်ရခဲ့သည်။ သို့သော်လည်း ၎င်း၏ ဩဇာအာဏာ ကြီးမားလာခြင်း အတွက် လွတ်လပ်သော တရားစီရင်ရေး နှင့် မလေးရှား ဘုရင်၏ ရိုးရာ အာဏာနှင့် အခွင့်အရေးများတွင် ထိခိုက်မှုများ ရှိခဲ့သည်။ သူသည် အငြင်းပွားမှု အများအပြားရှိသော ပြည်တွင်းလုံခြုံရေး ဥပဒေကို ကိုင်စွဲ၍ တက်ကြွလှုပ်ရှားသူများ၊ အဓိက နိုင်ငံရေးသမားများ နှင့် သူ၏ လက်ထောက်ဝန်ကြီးချုပ် ဖြစ်သော အန်နဝါ အီဘရာဟင် အပါအဝင် နိုင်ငံရေး ပြိုင်ဘက်များကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ မဟာသီယာသည် အများပြည်သူဆိုင်ရာ လွတ်လပ်မှုကို ကန့်သတ် ပိတ်ပင်ခြင်း နှင့် အနောက်နိုင်ငံများ၏ အကျိုးစီးပွား နှင့် စီးပွားရေး ပေါ်လစီများကို ပြင်းထန်စွာ ဆန့်ကျင်ခြင်း စသည့် လုပ်ဆောင်မှုများကြောင့် အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒမ်း၊ ဩစတြေးလျ နှင့် အခြားနိုင်ငံများနှင့် ဆက်ဆံရေး မပြေပြစ်ခဲ့ပေ။ ဝန်ကြီးချုပ်တစ်ဦး အနေနှင့် သူသည် တတိယကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြံပေး လှုံ့ဆော်သူတစ်ဦးဖြစ်ခဲ့ပြီး ထင်ရှားသော နိုင်ငံတကာ တက်ကြွလှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သည်။
 
ထိုမျှမက ခရစ်နှစ် ၂၀၂၀-ပြည်နှစ်တွင် မလေးရှားနိုင်ငံအား ဖွံ့ဖြိုးဆဲနိုင်ငံဘဝမှ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်အောင် လုပ်ဆောင်ရန် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်စေရန် သတင်းနှင့် နည်းပညာ၊ စက်မှုနှင့် စီးပွားရေးနယ်ပယ် အသီးသီးတွင် မျှော်မှန်းချက် ၂၀၂၀ (Vision 2020) စီမံကိန်းဖြင့် အရှိန်မြင့်စွမ်းအားပေး ဆောင်ရွက်ခဲ့သူတဦးလည်း ဖြစ်သည်။
 
== ငယ်ဘဝ ==