မျိုးမြင့်ညိမ်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
No edit summary |
||
စာကြောင်း ၉ -
၂ဝဝ၁ ခုနှစ်တွင် ကနေဒါနိုင်ငံ ဃဲင်္န မှ လွတ်လပ်စွာရေးသားခွင့်ဆိုင်ရာ စာပေဆု ချီးမြင့်သည်။ ၂ဝဝ၂ ခုနှစ်တွင် နိုင်ငံတကာ စာနယ်ဇင်းသမားများ၏ လက်မှတ်ရေးထိုးတောင်းဆိုမှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာပီနဲရိုးမှ မြန်မာနိုင်ငံအစိုးရသို့ ပေးအပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်တွင် [[သာယာဝတီအကျဉ်းထောင်]]မှ လွတ်မြောက်ခဲ့သည်။ အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပြီးနောက် အစ်ကိုဖြစ်သူ အယ်ဒီတာချုပ် [[ဝင်းငြိမ်း|ဦးဝင်းငြိမ်း]]၏ တာဝန်ပေး ချက်အရ ရွှေအမြုတေမဂ္ဂဇင်းတွင် အမည်ဖော်ပြခြင်းမခံရသော အယ်ဒီတာတာဝန်ယူသည်။ အလင်းတန်းဂျာနယ်တွင် ၂ဝဝ၄ ခုနှစ်မှစ၍၎င်း၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းတွင် ၂ဝဝ၃ ခုနှစ်မှ စ၍သော်၎င်း တာဝန်ယူခဲ့သည်။ အကျဉ်းထောင်မှ လွတ်မြောက်ပြီး ၁ဝ နှစ်အကြာ ၂ဝ၁၂ ခုနှစ်တွင် မြန်မာအင်ဒီပဲန်ဒင့်သတင်း ဂျာနယ်ကို ထူထောင်ပြီး တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်လျက်ရှိပြီး ရွှေအမြုတေမဂ္ဂဇင်း၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်တို့ကိုပါ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်လျက် ရှိသည်။
ဇနီး ဒေါ်ဝင်းဌေး၊ သားဇာနည်မျိုးမြင့်ညိမ်း၊ သမီး ဒါလီမျိုးမြင့်ညိမ်း၊ သားဘိုမျိုးမြင့်ညိမ်း၊ မြေး ဟန်နီညိမ်း၊ အဂ္ဂမျိုးမြင့်ညိမ်းတို့နှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။
|