မျိုးမြင့်ညိမ်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၉ -
၂ဝဝ၁ ခုနှစ်တွင် က‌နေဒါနိုင်ငံ ဃဲင်္န မှ လွတ်လပ်စွာ‌ရေးသားခွင့်ဆိုင်ရာ စာ‌ပေဆု ချီးမြင့်သည်။ ၂ဝဝ၂ ခုနှစ်တွင် နိုင်ငံတကာ စာနယ်ဇင်းသမားများ၏ လက်မှတ်‌ရေးထိုး‌တောင်းဆိုမှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာပီနဲရိုးမှ မြန်မာနိုင်ငံအစိုးရသို့ ‌ပေးအပ်ခဲ့ပြီး‌နောက် ‌ဖေ‌ဖော်ဝါရီ ၁၃ ရက်တွင် [[သာယာဝတီအကျဉ်း‌ထောင်]]မှ လွတ်‌မြောက်ခဲ့သည်။ အကျဉ်း‌ထောင်မှ လွတ်‌မြောက်ခဲ့ပြီး‌နောက် အစ်ကိုဖြစ်သူ အယ်ဒီတာချုပ် [[ဝင်းငြိမ်း|ဦးဝင်းငြိမ်း]]၏ တာဝန်‌ပေး ချက်အရ ‌ရွှေအမြု‌တေမဂ္ဂဇင်းတွင် အမည်‌ဖော်ပြခြင်းမခံရ‌သော အယ်ဒီတာတာဝန်ယူသည်။ အလင်းတန်းဂျာနယ်တွင် ၂ဝဝ၄ ခုနှစ်မှစ၍၎င်း၊ ဖူးငုံဆယ်‌ကျော်သက်မဂ္ဂဇင်းတွင် ၂ဝဝ၃ ခုနှစ်မှ စ၍‌သော်၎င်း တာဝန်ယူခဲ့သည်။ အကျဉ်း‌ထောင်မှ လွတ်‌မြောက်ပြီး ၁ဝ နှစ်အကြာ ၂ဝ၁၂ ခုနှစ်တွင် မြန်မာအင်ဒီပဲန်ဒင့်သတင်း ဂျာနယ်ကို ထူ‌ထောင်ပြီး တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်လျက်ရှိပြီး ‌ရွှေအမြု‌တေမဂ္ဂဇင်း၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်တို့ကိုပါ တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်လျက် ရှိသည်။
 
[[ပဲန်မြန်မာ]]စင်တာကို မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာစေရန် အဓိက ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ပဲမြန်မာစင်တာကို[[ပဲန်မြန်မာ]]စင်တာကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ပထမအကြိမ်နှစ်ပတ်လည် ညီလာခံတွင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည် ။ သက်တမ်း(၃)နှစ်ပြည့်မြောက်သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံရွေးကောက်ခံခဲ့ရပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
 
ဇနီး ‌ဒေါ်ဝင်း‌ဌေး၊ သားဇာနည်မျိုးမြင့်ညိမ်း၊ သမီး ဒါလီမျိုးမြင့်ညိမ်း၊ သားဘိုမျိုးမြင့်ညိမ်း၊ ‌မြေး ဟန်နီညိမ်း၊ အဂ္ဂမျိုးမြင့်ညိမ်းတို့နှင့်အတူ ရန်ကုန်မြို့တွင် ‌နေထိုင်လျက်ရှိသည်။