ဝတ္ထု: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[Image:2009 new novels in a Berlin bookshop.JPG|thumb|right|alt=၂၀၀၉ ခုနှစ် ဘာလင်မြို့တော်ရှိ စာအုပ်ဆိုင် တစ်ဆိုင်မှ ဝတ္ထုစာအုပ်သစ်များ|၂၀၀၉ ခုနှစ် ဘာလင်မြို့တော်ရှိ စာအုပ်ဆိုင် တစ်ဆိုင်မှ ဝတ္ထုစာအုပ်သစ်များ]] ဝတ္ထုဆိုသည်မှာ ရှည်လျားသော နောက်ကြောင်းရာဇဝင် တစ်ခုကိုသော်လည်းကောင်း၊ သို့မဟုတ် မိမိ၌ ပေါ်ပေါက်လာသော စိတ်ကူးစိတ်သန်းအားလည်းကောင်း အမှန်တကယ် ဖြစ်သကဲ့သို့ လူအများနားလည်လွယ်ကူရန် စကားပြေဖြင့် ရေးသားခြင်းဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။အချို့ ဝတ္ထုများသည် လူသားတို့ အတွက် သုတ၊ ရသများပေးစွမ်းနိုင်သကဲ့သို့ တစ်ခါတစ်ရံတွင်လည်း ပေါကြောင်ကြောင်နိုင်လှလေသည်။
အနောက်တိုင်း ဝတ္ထုအရေးအသားကို ၁၈ ရာစုနှစ်မှ စတင် တွေ့ရှိနိုင်သည်။[[ မြန်မာနိုင်ငံ]]တွင်မူ ပထမဦးဆုံးသော မြန်မာ့ကာလပေါ် ဝတ္ထုဖြစ်သည့် စာ‌ရေးဆရာကြီး [[ဂျိမ်းစ်လှကျော်]] ရေးသားခဲ့သော မောင်ရင်မောင် မမယ်မ ဝတ္ထုဖြစ်သည်။ ပြင်သစ်စာရေးဆရာကြီး အယ်လက်ဇန္ဒား ဒျူးမား ရေးသားသော ‘ကောင့်အော့ မွန်တီကရစ္စတို’ (မွန်တီကရစ္စတို မြို့စားကြီး) ဝတ္ထုကိုမှီငြမ်း၍ မြန်မာတို့၏ အခြေ၊ မြန်မာတို့၏ အမြင်နှင့် ဆီလျော်အောင် ပြုပြင်ရေးသားထားသည့် ဝတ္ထုဖြစ်ပြီး ၁၉၀၄ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ထိုခေတ်က "[[မောင်ရင်မောင်မမယ်မဝတ္ထု|မောင်ရင်မောင် မမယ်မဝတ္ထု]]"သည် အတော်လူကြိုက်များ၍ ခေတ်စားခဲ့သေကြောင့် ဆရာကြီး [[သခင်ကိုယ်တော်မှိုင်း]] ရေးသားသော ‘[[ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထု|ချဉ်ပေါင်ရွက်သည် မောင်မှိုင်း]]’ အစရှိသည့် ဝတ္ထုမှာလည်း လပိုင်းမျှ ခြား၍ ထွက်ပေါ်လာခဲ့သည်။
ထိုခေတ်ထိုအခါက မောင်ရင်မောင် မမယ်မ ဝတ္ထုကို မြန်မာနိုင်ငံ သုတေသန ဂျာနယ်မှ ဤသို့​ဝေဖန်ခဲ့သည်။