ဂေါတမဗုဒ္ဓ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါ +ဓာ) |
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း |
||
စာကြောင်း ၂၃ -
== ဗုဒ္ဓဝင် ==
===ဗျာဒိတ်ခံယူတော်မူပုံ===
ဘုရားလောင်းသည် ဗျာဒိတ်ခံယူမည့်ဘ၀၌ အမရ၀တီမည်သော မင်းနေပြည်တော်ဝယ်
ဘုရားလောင်း သုမေဓာရှင်ရသေ့သည် ဈာန်အဘိညာဉ်ရ၍ ကောင်းကင်ခရီးဖြင့် ကြွသွားစဉ် [[ဒီပင်္ကရာဘုရား|ဒီပင်္ကရာ မြတ်စွာဘုရား]] ကြွတော်မူရန် ရမ္မာမြို့သူမြို့သားတို့ လမ်းပြင်နေကြသည်ကို မြင်ရ၍ ကောင်းကင်မှဆင်းကာ မိမိ လည်း ပါဝင်လုပ်အားပေးလိုသောကြောင့် နေရာတစ်ကွက် တောင်းယူ လေသည်။ ဘုရားလောင်းရသေ့သည် တန်ခိုးဖြင့် ပြင်ဆင်လျှင် လွယ်ကူစွာပြီးနိုင်သော်လည်း ကိုယ်ဖြင့် အပင်ပန်းခံ၍ပြုမှ သာ၍အကျိုးများဖွယ် ရှိသောကြောင့် သူများနည်းတူ မြေကိုထမ်း၍ ရွှံ့ညွန်ဗွက်ကို ဖို့နေစဉ် ရဟန္တာလေးသိန်း နှင့်အတူ ဘုရားရှင် ကြွလာတော်မူသောကြောင့် ပြင်၍ မပြီးသေးသော ရွှံ့ညွန်ပေါ်မှာ မိမိကိုယ်ကို တံတားခင်း၍ မှောက်စင်းနေလေသည်။
စာကြောင်း ၄၂ -
ဘုရားလောင်းပဋိသန္ဓေနေ၍ ဆယ်လပြည့်ရာ [[ကဆုန်လပြည့် ဗုဒ္ဓနေ့|ကဆုန်လပြည့်နေ့]]တွင် မယ်တော်မာယာသည် ဆွေတော်မျိုးတော်များရှိရာ ဒေ၀ဒဟပြည်သို့ သွားလိုပါကြောင်း [[သုဒ္ဓေါဒနမင်းကြီး]]အား အခွင့်တောင်းလေ သည်။ မင်းကြီးသည် [[ကပိလဝတ်ပြည်]]မှ [[ဒေ၀ဒဟပြည်]]သို့ သွားရာလမ်းတစ်လျှောက်လုံးတွင် တန်ဆာဆင် စေ၍ မင်းခမ်းမင်းနားဖြင့် ထွက်တော်မူစေလေသည်။ ခရီးအကြား၌ [[လုမ္ဗိနီ]]အင်ကြင်းဥယျာဉ်တော်ကို ခေတ္တ ဝင်တော်မူလေသည်။ မယ်တော်မာယာသည် အင်ကြင်းကိုင်းကို လက်ဖြင့် လှမ်းကိုင်လိုက်တုန်းမှာ ဝမ်းတော် လှုပ်လာ သောကြောင့် အဝတ်အကာအရံကို ကာရံစေ၍ မတ်မတ်ရပ်လျက်သာပင် ဘုရားအလောင်းတော်ကို ဖွားမြင်လေသည်။ ဤအချိန်သည် မဟာသက္ကရာဇ် ၆၈ ခု (ဘီစီ ၆၂၃) ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။
ဖွားမြင်ပြီးသောအခါ
ဘုရားလောင်း ဖွားမြင်သောအချိန်မှာပင် [[ယသောဓရာ|ယသော်ဓရာ]]မင်းသမီး၊ ညီတော် [[အာနန္ဒာထေရ်|အာနန္ဒာ]]၊ ကာဠုဒါယီ အမတ်၊ ဆန္နအမတ်လောင်း တို့ကိုလည်း အသီးသီးဖွားမြင်သည်။ ကဏ္ဍကမြင်းကိုလည်း မွေးသည်။ ရွှေအိုး ကြီးလေးလုံးလည်း ပေါ်လေသည်။ [[မဟာဗောဓိညောင်ပင်|ဗောဓိပင်]]လည်း ပေါက်သည်။
စာကြောင်း ၈၁ -
ဘုရားလောင်း ဖွားမြင်စ၌ လက္ခဏာဖတ် ပုဏ္ဏားရှစ်ယောက် တို့အနက် ငါးယောက်က ဘုရားလောင်းသည် ဧကန်မုချ ဘုရားဖြစ်မည်ဟု ယုံကြည်သောကြောင့် ဘုရားလောင်း တောထွက် သောအခါ ရသေ့ရဟန်းပြု၍ ဘုရားလောင်းကို လုပ်ကျွေးပြုစုကြလေသည်။ သို့သော် ခြောက်နှစ်ကြာ ပြီးနောက် ဘုရားလောင်း ဆွမ်းအာဟာရ ဘုဉ်းပေးသည်ကို မြင်သောအခါ ဘုရားဖြစ်တော့မည်မဟုတ်ဟု ထင်သောကြောင့် ဘုရားလောင်းထံမှ ထွက်ခွါကာ [[ဗာရာဏသီမြို့|ဗာရာဏသီ]]အနီး [[မိဂဒါဝုန်]]တော၌ နေကြလေသည်။
ဘုရာလောင်းသည် ဘုရားဖြစ်တော်မူပြီးနောက် တရားဦးဟောထိုက်သူကို ဆင်ခြင်တော်မူသော အခါ ထိုရသေ့ငါးဦးကို မြင်တော်မူ၍ ဗောဓိပင်မှ တစ်ဆယ့်ရှစ်ယူဇနာ (၂၂၈.၉၆ မိုင်) ဝေးကွာသော ဣသိပတန မိဂဒါဝုန်တော (ဘုရား
===သာသနာပြုတော်မူခြင်း===
|