မဟာသီယာ မိုဟာမက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်, -ဓါတ် +ဓာတ်)
စာကြောင်း ၆၁ -
| ဝဘ်ဆိုတ် = http://www.chedet.cc
}}
 
'''မဟာသီယာ ဘင် မိုဟာမက်''' (၁၉၂၅ ဇူလိုင် ၁၀ ရက်မွေးဖွား)<ref>[https://books.google.com/books?id=QiP2DAAAQBAJ&pg=PT8&dq=Mahathir+Mohamad+10+july&hl=en&sa=X&ved=0ahUKEwjct8DSxJvUAhVH1iwKHeaYD7cQ6AEILDAD#v=onepage&q=Mahathir%20Mohamad%2010%20july&f=false Profile of Mahathir Mohamad]</ref> သည် မလေးရှား နိုင်ငံရေးသမားနှင့် လက်ရှိ ဝန်ကြီးချုပ် တစ်ဦး ဖြစ်သည်။ ၎င်းသည် မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် ဝန်ကြီးချုပ်အဖြစ် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သဖြင့် ဝန်ကြီးချုပ်အဖြစ် အချိန် အကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် သတ္တမမြောက် ဝန်ကြီးချုပ် အဖြစ် တစ်ဖန် ပြန်လည် တာဝန်ယူခဲ့သည်။ ၁၉၄၆ ခုနှစ် အသစ်ဖွဲ့စည်းသော ယူအမ်အန်အို ပါတီအား စတင်ဝင်ရောက်ခဲ့သည်မှ စ၍ ရေတွက်လျှင် သူ၏ နိုင်ငံရေးသမား အဖြစ် လှုပ်ရှားခဲ့မှုသည် နှစ်ပေါင်း ၇၀ ကျော်မျှ ရှိသည်။
 
မလေးရှားနိုင်ငံ ကဒါးပြည်နယ် အလိုဆီတာမြို့တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ကျောင်းစာတွင် ထူးချွန်သော မဟာသီယာသည် ဆရာဝန်တစ်ဦး ဖြစ်လာခဲ့သည်။ သူသည် မလေးရှားနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေးပါတီတစ်ခု ဖြစ်ခဲ့သော ညီညွတ်သော မလေး အမျိုးသား အစည်းအရုံး (UMNO) တွင် တက်ကြွစွာ လှုပ်ရှားခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်တွင် ပါလီမန်သို့ စတင်ဝင်ရောက်ခဲ့သည်။ သူသည် အမတ်အဖြစ် အစိုးရသက်တမ်း တစ်ခုမျှ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဖြစ်သူ တွန်ကူး အဘဒူ ရာမန် နှင့် ပြဿနာ ဖြစ်ကာ ၎င်း၏ အမတ်နေရာကို လက်လွှတ်ခဲ့ရပြီး ယူအမ်အန်အိုမှလည်း ထုတ်ပယ်ခံခဲ့ရသည်။ အဘဒူရာမန် ရာထူးမှ နှုတ်ထွက်ပြီးနောက် မဟာသီယာသည် ယူအမ်အန်အို ပါတီ နှင့် ပါလီမန်သို့ တစ်ဖန်ပြန်လည် ဝင်ရောက်ခဲ့ပြီးနောက် အစိုးရ အဖွဲ့တွင် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင် လက်ထောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၁၉၈၁ ခုနှစ် ဝန်ကြီးချုပ် ဟူစိန်အွန်း နှုတ်ထွက်ပြီးနောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
 
မဟာသီယာ ဝန်ကြီးချုပ် ဖြစ်နေစဉ် အချိန်က မလေးရှားသည် ခေတ်မီနိုင်ငံတော် အဖြစ် ပြောင်းလဲခြင်း နှင့် စီးပွားရေး တိုးတက်ခြင်းတို့ အလျှင်အမြန် ဖြစ်လာခဲ့ပြီး သူ၏ အစိုးရသည် အခြေခံအဆောက်အအုံ စီမံကိန်းများကို ရဲတင်းစွာပင် လုပ်ဆောင်ခဲ့သည်။ မဟာသီယာသည် ထင်ရှားသော နိုင်ငံရေး သမားတစ်ဦး ဖြစ်ပြီး ရွေးကောက်ပွဲကို ငါးကြိမ်ဆက်တိုက်မျှ အနိုင်ရခဲ့ကာ ယူအမ်အန်အို ခေါင်းဆောင်အဖြစ် ယှဉ်ပြိုင်သူများကိုလည်း ဆက်တိုက်အနိုင်ရခဲ့သည်။ သို့သော်လည်း ၎င်း၏ ဩဇာအာဏာ ကြီးမားလာခြင်း အတွက် လွတ်လပ်သော တရားစီရင်ရေး နှင့် မလေးရှား ဘုရင်၏ ရိုးရာ အာဏာနှင့် အခွင့်အရေးများတွင် ထိခိုက်မှုများ ရှိခဲ့သည်။ သူသည် အငြင်းပွားမှု အများအပြားရှိသော ပြည်တွင်းလုံခြုံရေး ဥပဒေကို ကိုင်စွဲ၍ တက်ကြွလှုပ်ရှားသူများ၊ အဓိက နိုင်ငံရေးသမားများ နှင့် သူ၏ လက်ထောက်ဝန်ကြီးချုပ် ဖြစ်သော အန်နဝါ အီဘရာဟင် အပါအဝင် နိုင်ငံရေး ပြိုင်ဘက်များကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ မဟာသီယာသည် အများပြည်သူဆိုင်ရာ လွတ်လပ်မှုကို ကန့်သတ် ပိတ်ပင်ခြင်း နှင့် အနောက်နိုင်ငံများ၏ အကျိုးစီးပွား နှင့် စီးပွားရေး ပေါ်လစီများကို ပြင်းထန်စွာ ဆန့်ကျင်ခြင်း စသည့် လုပ်ဆောင်မှုများကြောင့် အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒမ်း၊ ဩစတြေးလျ နှင့် အခြားနိုင်ငံများနှင့် ဆက်ဆံရေး မပြေပြစ်ခဲ့ပေ။ ဝန်ကြီးချုပ်တစ်ဦး အနေနှင့် သူသည် တတိယကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြံပေး လှုံ့ဆော်သူတစ်ဦးဖြစ်ခဲ့ပြီး ထင်ရှားသော နိုင်ငံတကာ တက်ကြွလှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သည်။
 
မဟာသီယာသည် အငြိမ်းစားယူပြီးနောက် တက်ကြွသော နိုင်ငံရေးပြယုဂ်တစ်ခု အဖြစ် ဆက်လက်တည်ရှိနေသည်။ ၂၀၀၆ ခုနှစ်နှင့် နောက်ပိုင်းတွင် သူကိုယ်တိုင် ရွေးချယ်ခဲ့သော ဝန်ကြီးချုပ်အဖြစ် ဆက်ခံသူ အဗ္ဗဒူလာ ဘာဒါဝီ နှင့် ၂၀၁၅ မှ စ၍ [[နာဂျစ် ရာဇက်]] အား ပြင်းထန်စွာ ဝေဖန်သူ တစ်ဦး ဖြစ်လာခဲ့သည်။ <ref name="star-najib">{{cite news|last1=Kaos Jr.|first1=Joseph|title=Dr M past his quiet stage, asks Najib to step down|url=http://www.thestar.com.my/News/Nation/2015/04/04/Mahathir-past-quiet-stage-Najib/|accessdate=7 August 2015|work=The Star (Malaysia)|date=4 April 2015}}</ref> သူ၏ သားဖြစ်သူ မူခရစ် မဟာသီယာသည် ၂၀၁၆ ခုနှစ် အစောပိုင်းအထိ ကဒါးပြည်နယ်၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ တွင် မဟာသီယာသည် ဝန်ကြီးချုပ် နာဂျစ်အား ဆက်လက်ထောက်ခံနေသောယူအမ်အန်အို ပါတီမှ နှုတ်ထွက်ခဲ့သည်။ အဓိက အကြောင်းမှာ မလေးရှား ရင်းဂစ် ၂.၆ ဘီလီယံ အလွဲသုံးစားမှု နှင့် 1MDB (1Malaysia Development Berhad) ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြစ်သည်။ <ref>{{cite news|url=http://www.thestar.com.my/news/nation/2016/02/29/dr-mahathir-quits-umno-again/|title=Dr Mahathir quits Umno, again |date=19 February 2016|work=The Star Online|accessdate=15 October 2016}}</ref> ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် အဖွဲ့အစည်းများ မှတ်ပုံတင် ဌာနမှ မဟာသီယာ၏ ပါတီသစ်ဖြစ်သော ညီညွတ်သော မလေးရှား လူမျိုးစု ပါတီ (PPBM) အား တရားဝင် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုခဲ့သည်။ မဟာသီယာသည် ထိုပါတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ <ref>{{cite news|url=http://www.freemalaysiatoday.com/category/nation/2016/09/09/dr-mahathirs-new-party-officially-registered/|title=Dr Mahathir’s new party officially registered |date=9 September 2016|work=Free Malaysia Today FMT News|accessdate=15 October 2016}}</ref> ၂၀၁၈ ဇန်နဝါရီလ ၈ ရက်တွင် မဟာသီယာသည် ပါကာတန် ဟာရာပန် ၏ ဝန်ကြီးချုပ် လောင်း အဖြစ် လာမည့် ၂၀၁၈ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကြေငြာခဲ့ပြီး အန်နဝါ အီဘရာဟင်အား လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံရန် နှင့် အကယ်၍ အောင်မြင်ပါက သူ့အား ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းပေးအပ်ရန် အတွက် အစီအစဉ်အား ကြေငြာခဲ့သည်။ ၉၂ နှစ် ရှိပြီဖြစ်သော မဟာသီယာသည် မလေးရှားနိုင်ငံ၏ အသက်အကြီးဆုံး ဝန်ကြီးချုပ် နှင့် ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး အစိုးရ အဖွဲ့ခေါင်းဆောင် ဖြစ်သည်။