မဟာသီယာ မိုဟာမက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted 1 edit by Mask William (talk) to last revision by NjsBot. (TW)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
→‎ဝန်ကြီးချုပ် သက်တမ်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၈၁ -
 
== ဝန်ကြီးချုပ် သက်တမ်း ==
ဒေါက်တာမဟာသီယာသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ဒုတိယဝန်ကြီးချုပ်ဘဝက တွေ့မြင်သိခဲ့ရသော အတွေ့အကြုံများကို အခြေခံ၍ ပြုပြင်ပြောင်းလဲမှုများကို အောက်ခြေသိမ်း စတင်ပြုလုပ် ခဲ့သည်။ အခြေအနေအားလုံးကို ပြန်လည်စစ်ဆေးပြီး မူဝါဒရေးရာများ၊ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များ၊ ရုံးလုပ်ငန်းများကို ကိုယ်ပိုင်စိတ်ကူးသစ်၊ ပုံစံသစ်များဖြင့် ဆောင်ရွက်တတ်စေရန် ကြပ်မတ်ခဲ့သည်။ စီးပွားရေးအပိုင်းတွင် အရှေ့ကို မှျော်ကြည့်မျှော်ကြည့် (Look East) ကြွေးကြော်သံဖြင့် ဂျပန်နိုင်ငံမှ နည်းပညာများ၊ ရင်းနှီးမြှုပ်နှံမှုများကို ရယူကာ ဖွံ့ဖြို့တိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ စီးပွားရေးတွင် တရုတ်နွယ်ဖွားတို့ အုတ်စီးခြယ်လှယ်မှုမှ မှျတသောအခြေအနေသို့ ရောက်ရှိစေရန် ဘူမိပုတြနွယ်ဖွား မလေးများကို ပံ့ပိုးထောက်ကူမှုများ ပေးအပ်ခဲ့သည်။ မလေးနိုင်ငံ၏ နည်းပါးသော လူ့အရင်းအမြစ်ကို အဆင့်မြင့်စွာ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာအဆင့်မီ ပညာရေးကို အထူးအားပေးခဲ့သည်။
 
ရာစုခေတ်သစ်တွင် အရေးပါလာသည့် သတင်းအချက်အလက် နည်းပညာကို လိုက်မီစေရန် သတင်းအချက်အလက်လမ်းကြောင်း ဌာနကြီးတခု တည်ထောင်စေခဲ့ပြီး ပူထရာဂျာယခေါ် တော်မီနည်းပညာမြို့သစ်ကို ထူထောင်ခဲ့သည်။ တချိန်က ကျွန်တပိုင်းဘဝဖြင့် လူမွေးလူတောင် မပြောင်ခဲ့သော မလေးရှားနိုင်ငံသည် ၂၀-ရာစုနောက်ပိုင်းတွင် ဒေါက်တာမဟာသီယာ၏ ဦးဆောင်မှုအောက်၌ အရှေ့တောင် အာရှ ကျားပေါက်နိုင်ငံတခုအဖြစ် ဝင့်ကြွားလာနိုင်ခဲ့သည်။ မလေးရှားနိုင်ငံသည် ၁၉၇၀-ပြည့်လွန်နှစ်များ အတွင်းက လူတဦးလျှင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၃၀၀-ခန့်သာရှိသော ဖွံ့ဖြိုးမှု နည်းပါးသည့်နိုင်ငံငယ်ကလေးမှ ၁၉၉၀-ပြည့်လွန်နှစ်များ၌ တဦးလျှင် တနှစ်ဝင်ငွေ ဒေါ်လာ၃၈၀၀-ခန့်အထိ မြင့်တက်လာအောင် ဦးဆောင်မှုပေးခဲ့သော ဒေါက်တာမဟာသီယာသည် မလေးရှားနိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ပေသည်။ ယခုအခါ ဒေါက်တာမဟာသီယာသည် ဝန်ကြီးချုပ်ရာထူးမှ အနားယူပြီး လူမှုရေး၊ ဘာသာရေး ယဉ်ကျေးမှုများကို ကူညီဆောင်ရွက်လျက် ရှိနေပါသည်။<ref>ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)၊( မင်္ဂလာမောင်မယ် ၂၀၀၉-ခု ဒီဇင်္ဘာလ)</ref>
 
== ကိုးကား ==