ဇော်ဂျီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{About|ဗုဒ္ဓ​ကျမ်း​လာ ဇော်ဂျီ|ကွန်ပြူတာသုံးဖောင့်စနစ်|ဇော်ဂျီဖောင့်}}
{{Wiktionary}}
[[File:A Wait Zar Statue at Shwedagon Pagoda.jpg|thumb| ရွေတိဂုံဘုရားတွင် တွေ့​ရ​သော ဝိဇ္ဇာ​ရုပ်​ထု တစ်​ခု]]
[[File:ကျိုက္ခမီရေလယ်ဘုရားမှ ဇော်ဂျီရုပ်များ.jpg|thumb|ကျိုက္ခမီရေလယ်ဘုရားမှ ဇော်ဂျီရုပ်ဇော်ဂျီရုပ်များ]]
 
'''ဇော်ဂျီ'''ဆိုသည်မှာ ပါဠိ သက္ကတနွယ်- ဟိန္ဒီစကားလုံး ဇောဂီ(ယောဂီ) မှ ဆင်းသက်လာပုံရသည်။ ` စက္ခု သင်္ဃာ အရိယာနှင့် ဆရာပုဏ္ဏား ဇော်ဂီအားလည်း´ ဟူ၍ ဓမ္မပါလပျို့တွင် တွေ့ရှိရလေသည်။ `ပုဏ္ဏားဇော်ဂီ တပသီနှိုက်´ဟူ၍၎င်း၊ ရွှေဟင်္သာမင်းပျို့တွင် `ရပ်ရှစ်ပါးမှ ပုဏ္ဏားဇော်ဂီ´ဟူ၍၎င်း သံဝရပျို့တွင် ဇော်ဂျီတို့ အကြောင်းအဖွဲ့များ တွေ့နိုင်ပေသည်။ အချို့ပညာရှိ ပုဂ္ဂိုလ်များက ဇော်ဂျီနှင့် ဝိဇ္ဇာဓိုရ်တို့သည် တစ်ဘာသာစီ ဖြစ်သည်ဟု ဆိုလေသည်။ ဝိဇ္ဇာဓိုရ်သော ဇော်ဂျီသည် တစ်ကိုယ်မှ အများဖြစ်နိုင်၏။ ကွယ်ပျောက်နိုင်၏။ တိုင်းခြားအရပ်ကို ရောက်နိုင်၏။ မြေလျှိုးမိုးပျံ နိုင်၏။ ကောင်းကင်ဝယ် ငှက်ကဲ့သို့ ပျံနိုင်၏။ `လ´ကို၎င်း၊ `နေ´ကို၎င်း လက်ဖြင့် သုံးသပ်နိုင်၏ ဟူ၍ သမန္တစက္ခုဒီပနီကျမ်းတွင် တွေ့ရသည်။