"ကမာ" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၂ နှစ်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်))
ကမာ၏ကိုယ်ထဲသို့ သဲမှုန့် စသည် ဝင်လျှင် ကိုယ်တွင်းရှိ ဓာတ်ရည်ဖြင့် အထပ်ထပ် ရစ်ဖုံးလေ့ရှိ၍ ထိုအလုံးကလေးသည် ပင်လယ်ရေဓာတ်ဖြင့် မာ၍ ပုလဲလုံးဖြစ်လာသည်။ ကမာများကို ဖမ်း၍ [[ပုလဲ]]ရစေရန် ပြုလုပ်ပြီး ပင်လယ်ရေထဲ၌ ပြန်၍ချကာ မွေးမြူထားကြသည်။ ထိုကမာကောင်မှ ရသော ပုလဲကို မွေးပုလဲဟုခေါ်သည်။ ကမာသည် တစ်သက်တွင် အဖိုအမအားဖြင့် လိင်ပြောင်းလဲတတ်သည်။ ကမာတိုင်း ပုလဲမထွက်ပေ။ ပုလဲထွက်သော ကမာကြီးမျိုးကို မုတ်ကောင်ဟု ခေါ်သည်။ မုတ်ခွံသည် ကရုကမာ ဖြစ်လာသည်။ <ref>လှသမိန် ၏ ဗဟုသုတစွယ်စုံ</ref>
 
ကမာတွင် အရွယ်၊ ပုံသဏ္ဌာန်၊ အလေ့အထ၊ အရသာ၊ အာဟာရဓါတ်အာဟာရဓာတ် အနည်းအများ စသည်တို့ကို လိုက်၍ အမျိုး ပေါင်း တစ်ရာကျော်မျှရှိ၏။
 
သို့သော် စီးပွားရေးအရ အရေးအကြီးဆုံးသော အမျိုးများမှာ အမေရိကန်၊ ဥရောပ၊ ဩစတြေးလျ၊ ဂျပန်၊ ပေါ်တူဂီ၊ တရုတ်၊ ပစိဖိတ်ကမ်းခြေ နှင့် အိန္ဒိယ ကမာမျိုးများသာ ဖြစ်သည်။ ပုလဲထွက်သည့် ကမာ များမှာ တစ်မျိုးဖြစ်၍ ရေငန်ကမာမျိုးအပြင် ရေချို ကမာမျိုး လည်း ရှိသေးသည်။ ပုလဲငုပ်သည့် လုပ်ငန်းကို အချို့နိုင်ငံများ တွင် အကြီးအကျယ် ပြုလုပ်ကြသည့်အနက် မြန်မာနိုင်ငံ၌ မြိတ်နယ်တွင် အတော်အတန် ပြုလုပ်ပေသည်။ ထားဝယ်နယ် တွင်လည်း ဒုတိယကမ္ဘာစစ် မဖြစ်မီက အနည်းအကျဉ်း ပြုလုပ် ခဲ့ဘူး၏။ မြိတ်နှင့် ထားဝယ်ဖက်တွင် ပုလဲငုပ်ခြင်းကို မုတ်ငုပ် သည်ဟူ၍လည်း ဆိုလေ့ရှိကြလေသည်။
ကမာတို့၏ အစာမှာ ရေအောက်ရှိ မျက်စိဖြင့် မမြင်နိုင် လောက်အောင် သေးငယ်သည့်အပင်နှင့် ရေပိုးရေမွှားများဖြစ်ကြ ၍ ပတ်ဝန်းကျင် ရေနွေးလျက်ရှိချိန်တွင် အစာကို အများဆုံး စားနိုင်ကြသည်။ ဆောင်းတွင်း၌ ရေ၏အပူချိန် အလွန် လျော့သွားသောအခါ အချို့မှာ အစာအစားရပ်၍ မလှုပ်မယှက် ဆောင်းအောင်း သွားတတ်ကြသည်။
 
ကမာတို့၏ အစာတွင် အာဟာရဖြစ်စေတတ်သော သံဓါတ်သံဓာတ် နှင့် ကြေးနီဓါတ်ကြေးနီဓာတ် မြောက်မြားစွာ ပါဝင်၏။ ထိုကြောင့်လည်း သွေးအား နည်းသူများအား ကမာကောင်များကို ကျွေးမွေးခြင်း ဖြစ်ပေသည်။ ကမာတွင် အိုင်ဒိုဒင်း၊ ပရိုတင်း၊ ကာဗိုဟိုက် ဒရိတ်၊ ဖေါ့စဖေါရပ်နှင့် ကယ်လဆီယမ်ဓါတ်များအပြင်ကယ်လဆီယမ်ဓာတ်များအပြင် အရေး ကြီးသော ဗီတာမင်ဓါတ်များလည်းဗီတာမင်ဓာတ်များလည်း ပါဝင်သည်။
 
ကမာတို့၏ ကြီးထွားမှုသည် အဓိကအားဖြင့် မိမိတို့နေထိုင် ရာ ရေ၏အပူချိန်၊ အစာအနည်းအများနှင့် ရာသီဥတုတို့အပေါ် တွင် တည်ပေသည်။ အများအားဖြင့် နွေးသောဒေသများတွင် ကြီးလွယ်ကြ၏။ ကမာကောင်တို့၏ အရွယ်မှာ အမျိုးကို လိုက် ၍ ၂ နှစ် ၃ နှစ်အတွင်း တစ်လက်မခွဲမှ ၅ လက်မအရွယ်ခန့် အထိ ရှိသည်။ ဖမ်းဆီး စားသောက်ခြင်း မပြုဘဲထားလျှင် ထိုထက်ကြီးထွားနိုင်၍ အမေရိကန် ကမာမျိုးထဲ၌ ၁၄ လက်မအထိ ကြီးထွားသည်ပင် ရှိဘူးသည်။ ကမာတို့၏ သက်တမ်းကိုလည်း အတိအကျ မပြောနိုင်ပေ။ သို့သော် အမေရိကန် ကမာမျိုးထဲ၌ ၂၅ နှစ်ကျော် အသက်ရှင်ဆဲ ဖြစ်သော ကမာများကို တွေ့ရသည်။
၄၃၅၈၇

တည်းဖြတ်မှုများ