ကာဒေးရှပ် စကေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၃၄ -
 
== အမျိုးအစား (၂) အဖွဲ့အစည်း ==
အမျိုးအစား (၂) အဖွဲ့အစည်းတွေကတော့ စွမ်းအင်အနေဖြင့် ၄ × ၁၀<sup>၂၆</sup> ဝါ့ဒ်အထိ သုံးစွဲနိုင်ကြပါသည်။ ကြယ်များကို ဝိုင်းပတ်ကာရံထားပြီး ထိုကြယ်မှ ထုတ်လွှတ်သောစွမ်းအင်ကို အလေအလွင့်မရှိ စုပ်ယူနိုင်တဲ့ စိတ်ကူးယဉ်ဆန်ဆန် နေစွမ်းအင်သုံး စလောင်းပုံအစုအဝေးခေါ် Dyson Sphere များမှာလည်း အမျိုးအစား (၂) အဖွဲ့အစည်းတွေရဲ့ ဧရာမစွမ်းအင်လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်မည့် နည်းပညာတစ်ခု ဖြစ်ပါသည်။ အခြားနည်းတွေကတော့ ကြယ်ဆီမှ ဒြပ်ထုကို တိုက်ရိုက်ထုတ်ယူခြင်း၊ [[တွင်းနက်]]ထဲသို့ ကြယ်တစ်လုံးကို ထည့်ကျွေးရာမှ ထွက်ရှိသော ဖိုတွန်များကို စုဆောင်းခြင်း၊ ဒြပ်နှင့် ဆန့်ကျင်ဖက်ဒြပ်တို့ကို သင့်လျော်စွာ ထိန်းသိမ်းဓါတ်ပြုစေ၍ထိန်းသိမ်းဓာတ်ပြုစေ၍ ဖြစ်ပေါ်လာသော [[မဟာပေါက်ကွဲမှု]]မှ စွမ်းအင်ရယူခြင်း၊ အဆုံးစွန်အားဖြင့် စကြဝဠာအတွင်းမှာ မကြာခဏ ဖြစ်ပွားလေ့ရှိသော ဂါမာစွမ်းအင် ပေါက်ကွဲမှုများကို ဖမ်းယူခြင်း စသည်တို့ပဲ ဖြစ်ပါသည်။ အမျိုးအစား (၂) အဖွဲ့အစည်းတွေဟာ ခေတ်မီသော နည်းပညာများကို အသုံးပြုပြီး ကြယ်များပေါက်ကွဲခြင်း (supernova)၊ ဥက္ကာခဲဝင်ဆောင့်ခြင်း စသော နက္ခက်တာရာ ဘေးဥပါဒ်များကိုပင် အလွယ်တကူ ရှောင်ကျဉ်နိုင်စွမ်း ရှိပါသည်။ ၎င်းတို့ရဲ့ ဧရာမစွမ်းအင်သယံဇာတများကို အသုံးချပြီး စကြဝဠာရဲ့ အချိန်နေရာဖွဲ့စည်းပုံကို တွန့်လိမ်စေကာ '''တီကောင်တွင်း (wormhole) '''များကို ဖန်တီးပြီး စကြဝဠာအတွင်း လျင်မြန်စွာ ခရီးနှင်နိုင်ကြသည်။
 
== အမျိုးအစား (၃) အဖွဲ့အစည်း ==