ကိုယ်ဝန်ဆောင်ခြင်း: တည်းဖြတ်မှု မူကွဲများ

+img
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၂၈ -
ထုံးစံအရ ဆရာဝန်တို့မှ ကိုယ်ဝန်ကိုလက်လှမ်းမီသောအချက်များဖြစ်သည့် နောက်ဆုံးရာသီလာသည့်ရက်၊ သားဥ ကြွေခြင်း၊ သန္ဓေအောင်ခြင်း၊ သန္ဓေတည်ခြင်း နှင့် ဓါတုနည်းပညာတို့နှင့် တိုင်းတာပြီးဖြစ်သည်။ ဆေးပညာတွင် ဖွံ့ဖြိုးလာသော သားလောင်း မှ အမျိုးသမီး၏ သားအိမ် အားကာရံထားသည့် သားအိမ်နံရံ သို့ သန္ဓေလာတည်ခြင်း ကို ကိုယ်ဝန်ဆောင်ခြင်း စတင်သည်ဟု သတ်မှတ်ဖွင့်ဆိုသည်။ အချို့သော အဖြစ်များတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်သည့် သန္ဓေအောင်သည့် ဥကလေးမှာ သားအိမ်ပြွန်များ၊ သားအိမ်ခေါင်း၊ မျိုးဥအိမ် သို့မဟုတ် ဝမ်းတွင်းသို့ သွားရောက်တည်ခြင်း တို့ဖြင့် သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း ဖြစ်စေသည်။ ထိုသို့ သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းတွင် ထိုကိုယ်ဝန်အနေနှင့် ပုံမှန်အတိုင်းဖွံ့ဖြိုးစရာ နည်းလမ်း လုံးဝမရှိပေ။ မကုသဘဲထားလျှင် ဆိုးကျိုးဖြစ်နိုင်ပြီး ပေါက်ထွက် သွားသည့်အခါမျိုးတွင် မိခင်၏အသက်ကို ထိခိုက်နိုင်သည်။ တစ်ခါတရံတွင် သူ့အလိုအလျောက် ပြီးသွားသော်လည်း သို့မဟုတ်ပါက ထိုကိုယ်ဝန်အနေဖြင့် အန္တရာယ်ကင်းစွာ ဆက်လက်ရှိနေနိုင်မည့်လမ်း လုံးဝမရှိသဖြင့် ခွဲစိတ်ခြင်း သို့မဟုတ် ဆေးသောက်ခြင်းဖြင့် ပြွှန်တွင်းမှ ကိုယ်ဝန်ကို ဖယ်ရှားရန်ပြုရသည်။
 
အများစုသော ကိုယ်ဝန်ဆောင် အမျိုးသမီးတို့တွင် သန္ဓေတည်သည်တွင် အနည်းငယ် သွေးဆင်းခြင်းကို ကြုံတွေ့ရသည်မှာ ဖြစ်လေ့မရှိသည် မဟုတ်သော်လည်း သိသာသည့်သန္ဓေတည်ခြင်း၏ နိမိတ်၊ လက္ခဏာများ မရှိလိုက်ပေ။ အချို့အမျိုးသမီးများသည် သူတို့၏ ပထမကာလအပိုင်းအခြားအတွင်း ကြွက်တက်ခြင်းကို ခံစားရသည်။ ယင်းမှာ သွေးစက်တွေ့ခြင်း သို့မဟုတ် သွေးဆင်း ခြင်းတို့ ပါဝင်ခြင်းမရှိလျှင် စိုးရိမ်စရာမဟုတ်ပေ။ သားအိမ်နံရံမှ တစ်ဝက်နှင့် သန္ဓေသား၏အပြင်လွှာမှတစ်ဝက် ပေါင်းဖြစ်ပေါ်လာသော အချင်း သည် ဖွံ့ဖြိုးနေသော သန္ဓေသားအား သားအိမ်နံရံသို့ဆက်သွယ်ပေးပြီး အာဟာရများ ရယူခြင်း၊ အညစ်အကြေးစွန့်ထုတ်ခြင်း နှင့် မိခင်၏ သွေးပံ့ပိုးမှုမှတဆင့် ဓါတ်ငွေ့လဲလှယ်မှုတို့ကိုဓာတ်ငွေ့လဲလှယ်မှုတို့ကို ပြုလုပ်စေသည်။ ချက်ကြိုး ဟူသည် သားလောင်း သို့မဟုတ် သန္ဓေသား မှ အချင်းသို့ဆက်သွယ်ထားသော ကြိုးဖြစ်သည်။ ဖွံ့ဖြိုးလာသော သားလောင်းသည် သန္ဓေသားဖွံ့ဖြိုးမှု ဖြစ်စဉ် အတွင်းတွင် များပြားလှသော ကြီးထွားမှု နှင့် ပြောင်းလဲမှုများစွာကို ဖြတ်သန်းရသည်။
 
ကိုယ်ဝန်ရှိစတွင် ပျို့အန်ခြင်း သည် ခုနစ်ဆယ်ရာနှုန်းသော ကိုယ်ဝန်ဆောင်မိန်းမအားလုံးတွင် ဖြစ်ပေါ်လေ့ရှိပြီး ပထမ ကာလအပိုင်းအခြား နောက်ပိုင်းတွင် ထုံးစံအရကောင်းမွန်သွားသည်။"ကိုယ်ဝန်ရှိစတွင် ပျို့အန်ခြင်း" ဟု ဖော်ပြထားသော်လည်း အမျိုးသမီးတို့မှာ ထိုပျို့အန်ခြင်းကို နေ့လည်၊ ညနေ နှင့် တစ်နေ့လုံးတွင်လည်း ခံစားရနိုင် သည်။ကိုယ်ဝန်ဆောင်ခြင်း၏ ပထမဆုံး ၁၂ ပတ် ကာလတွင် နို့သီးခေါင်းနှင့်ဝန်းကျင်နေရာတို့မှာ ဟော်မုန်းတို့ ယာယီ များလာခြင်းကြောင့် အရောင်ရင့် လာတတ်သည်။ကိုယ်ဝန်ဆောင်ခြင်း၏ ပထမဆုံး ၁၂ ပတ် အား ပထမကာလအပိုင်းအခြား အဖြစ်ပြုလုပ်သတ်မှတ်ထားသည်။ ပထမ ကာလအပိုင်းအခြားမှ ပထမဆုံးနှစ်ပတ်အား ကိုယ်ဝန်အမှန်တကယ်ရှိနေခြင်း မဟုတ်သော်လည်း ကိုယ်ဝန်၏ ပထမ ဆုံးနှစ်ပတ်အဖြစ် တွက်ချက်ယူသည်။ ထိုနှစ်ပတ်သည် သန္ဓေတည်ခြင်းမတိုင်ခင် နှစ်ပတ်ဖြစ်ပြီး အမျိုးသမီး၏ နောက် ဆုံး ရာသီကာလ ပါဝင်သည်။
စာကြောင်း ၅၄ -
 
==အာဟာရ==
မျှတသော၊ အာဟာရပြည့်ဝသော အစားအစာသည် ကျန်းမာသော ကိုယ်ဝန်ဆောင်မှုတစ်ခုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ကျန်းမာသော အစားအသောက်ပုံစံကို စားသောက်ခြင်း၊ ကစီဓါတ်၊ကစီဓာတ်၊ အဆီ နှင့် အသားဓါတ်အသားဓာတ် တို့အား မျှတမှုရှိစေခြင်း နှင့် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ စုံလင်အောင်စားခြင်းတို့ဖြင့် ကောင်း မွန်သောအာဟာရကို ရရှိနိုင်ပါသည်။ ကျန်းမာရေးပြဿနာများ၊ ကိုးကွယ်မှုဆိုင်ရာလိုအပ်ချက် သို့မဟုတ် လူမျိုးရေး ဆိုင်ရာယုံကြည်မှုတို့ကြောင့် အစားအသောက်ပုံစံကို သက်ရောက်သူများသည် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတို့ နှင့် တိုင်ပင်၍ တိကျသော အကြံဉာဏ်တို့ရယူနိုင်သည်။
 
လုံလောက်သော ဖောလစ်အက်ဆစ် (ဖောလိတ် သို့မဟုတ် ဗီတာမင် ဘီနိုင်း ဟုလည်းခေါ်) သောက်သုံးမှုသည် သန္ဓေသား၏ အာရုံကြောဆိုင်ရာ ချို့ယွင်းမှုတို့ဖြစ်သည့် အလွန်ဆိုးရွားသော မွေးရာပါချို့ယွင်းမှု ဖြစ်သည့် ကျောရိုးနှစ်ခုကွဲခြင်း တို့ကို ကာကွယ် တားဆီးနိုင်ကြောင်း သက်သေပြပြီးဖြစ်ပါသည်။ ဖောလိတ် (ဖော်လီယာ အရွက်မှ ဆင်းသက်လာသည်) သည် ဒေါက်ခွရွက် (လတ်ဆတ်သော၊ ခဲထားသော သို့မဟုတ် စည်သွပ်ထားသော) တွင် အမြောက်အများပါဝင်ပြီး အစိမ်းရောင်အရွက်ရှိသောဟင်းသီးဟင်းရွက်တို့ ဥပမာ - ဆလတ်ရွက်၊ မုန်လာဥချိုများ၊ ပန်းဂေါ်ဖီစိမ်း၊ ကညွှတ်၊ ချဉ်သောအသီးများ နှင့် သခွားမသီး၊ ကုလားပဲ (hummus (ဟမ်းမတ်(စ်)) သို့မဟုတ် falafel (ဖေလဖယ်(လ်)) တို့အနေနှင့်လည်းတွေ့ရ) နှင့် ဥမျိုးစုံ တို့တွင် တွေ့ရသည်။