ကုံကုမံ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၁ -
[[File:Safran-Weinviertel Niederreiter 2 Gramm 8285.jpg|thumb|ပန်းပွင့်မှ ခြွေ၍ အခြောက်ခံထားသော ကုံကုမံ ဝတ်ဆံ]]
'''ကုံကုမံ''' (Saffron) သည် အဖိုးတန်သော ပန်းဝတ်ဆံ တစ်မျိုးဖြစ်၍ ယင်းတို့ကို ရှေးရောမနှင့် ဂရိလူမျိုးတို့ လက်ထက်မှ အစပြုကာ လိမ္မော်ရောင် ဆိုးဆေးအဖြစ် သော်လည်းကောင်း၊ အမွှေးနံ့သာ အဖြစ်သော် လည်းကောင်း ဘယဆေး အဖြစ်သော် လည်းကောင်း၊ အစဉ်အဆက် အသုံးပြုလာခဲ့ကြသည်။ ရှေးခေတ်ဂရိနှင့် [[အိုင်ယာလန်နိုင်ငံ]]တို့တွင် ကုံကုမံသည် အထက်တန်းကျလှသော ထီးသုံးနန်းသုံး ဆိုးဆေးဖြစ်ခဲ့ဘူးသည်။ [[အိန္ဒိယ]]နှင့် [[မြန်မာနိုင်ငံ]]တွင် [[ဒန်ပေါက်]]ထမင်း၌ ထည့်လေ့ရှိသဖြင့် လူသိများသည်။ ဤကဲ့သို့ ထမင်းဟင်းလျာများ၌ ထည့်သောအခါ ကုံကုမံတွင် အပူဓါတ်အပူဓာတ် ပါဝင်သောကြောင့် အစာကြေသည်ဟု ဆိုသည်။
 
ကုံကုမံကို ကိတ်မုန့်၊ ချိုချဉ်သကြားလုံး စသည်များတွင်လည်း ထည့်သွင်းအသုံးပြုကြသည်။ ဆေးဖက်ဝင်သည် ဆိုသော်လည်း အမှန်စင်စစ် ကုံကုမံ၌ ရောဂါများကို ပျောက်ကင်းစေနိုင်သော သတ္တိမရှိဟု သိရသည်။ ကုံကုမံပင်များ ပေါက်ရာဒေသမှာ ဥရောပအနောက်တောင်ပိုင်း၊ ဂရိနိုင်ငံနှင့် အီရန်(ပါရှား)နိုင်ငံများ ပါဝင်သော မြေထဲပင်လယ် အရှေ့ဒေသ တဝိုက်ဖြစ်သည်။ နောင်သော် ကုံကုမံ၏ အဖိုးတန်မှုကြောင့် ကုံကုမံပင်များကို [[စပိန်နိုင်ငံ]]၊ [[အင်္ဂလန်နိုင်ငံ]]၊ [[ပင်ဆယ်ဗေးနီးယားပြည်နယ်]] (အမေရိကန်) စသော အခြားနိုင်ငံများ၌ လည်း စိုက်ပျိုးလာကြသည်။
စာကြောင်း ၁၀ -
ယခုခေတ်တွင်လည်း ကုံကုမံအတုများရှိသဖြင့် ကုံကုမံကို ဈေးကြီးပေးဝယ်၍ အသုံးပြုလိုသူများအဖို့ အတုနှင့် အစစ်ကို ခွဲခြားသိရှိရန် လိုအပ်သည်။ကုံကုမံအစစ်သည် စီးကရက်ကဲ့သို့ နီညိုရောင်ရှိသည့် အမျှင်ကလေးများ ဖြစ်သည်။ အနံ့သင်း၍စားကြည့်လျှင် အရသာ ခါးသက်သက်ရှိသည့်အပြင် ပူရှိန်းရှိန်းရှိနေသည်ကို တွေ့ရပေမည်။ လျှာပေါ်၌လည်း အဝါရောင်စွဲကျန်ရစ်လိမ့်မည်။ ကုံကုမံ အစစ်ကို စပိန်နိုင်ငံမှ တင်သွင်းရရှိ၍ မြန်မာနိုင်ငံ၌ မီးကုံကုမံဟု တွင်သည်။
 
အသားအရေပေါ်၍ ဤကုံကုမံကို အရည်ဖျော်၍ လိမ်းထားလျှင် မီးဒဏ်ကို ခံနိုင်သဖြင့် [[မီး]]ကုံကုမံဟု ခေါ်ဆိုသည်။ မြန်မာနိုင်ငံ၌ ကုံကုမံဟူသော အမည်ဖြင့် ရောင်းလေ့ရှိသော ကုံကုမံအတုမှာ ကုံကုမံအစစ်ထက် အနီရောင် ပို၍လွင်သည်။ အနံ့နည်း၍ အရသာတွင်လည်း အခါးဓါတ်၊အခါးဓာတ်၊ အပူဓါတ်အပူဓာတ် ခေါင်းပါးသည်။ ကြာဆံဝတ်ဆံနှင့် တူသောကြောင့် ထိုကုံကုမံအတုမှာ မြန်မာနိုင်ငံ၌ ကြာကုံကုမံ ဟူ၍တွင်သည်။<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ၁အပိုင်းခ</ref><ref>[http://en.wikipedia.org/wiki/Saffron Saffron]</ref>
 
== ကိုးကား ==