ကျိုက္ကဆံစေတီတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၁၅ -
===ဦးစွာတည်သည့် ကျိုက္ကဆံ===
ဗုဒ္ဓမြတ်စွာ၏ ဆံတော်၊ ဓါတ်တော်များအားဓာတ်တော်များအား ဘယ်သို့သော အရပ်တွင် ဌာပနာပြု၍ ဓာတုစေတီတည်ရသော် အဓွန့်ရှည် မည်နည်း ဟု သီဟပဒမင်းက ရဟန္တာအရှင်မြတ်တို့အား မေးမြန်း လျှောက်ထား၏။ ထိုအခါ ရဟန္တာအရှင်မြတ်တို့က ဘုရားရှင်၏ ဗျာဒိတ်တော်နှင့်အညီ ဗုဒ္ဓ၏ပရိဘောဂဓာတ်တော် ဆံတော်မြတ်များ ကိန်းဝပ်စံပါယ်တော်မူရာ ရွှေတိဂုံစေတီတော် တည်ရှိသည့် မဟာသိင်္ဂုတ္တရကုန်းတော်၏ အရှေ့မြောက်စွန်း တာ(၁၅၀၀) အကွာ၌ တည်ရှိသော ပထမပတိကကုန်းမြေ၌ စေတီတည်ထား ကိုးကွယ်ရန်ညွှန်ပြ၏။ ပထမ ပတိက ကုန်းမြေဆိုသည်မှာ ဘုရားအလောင်းတော် ဟင်္သာမင်း ဖြစ်စဉ် ကာလက သမုဒ္ဒရာသို့ ပျံသန်းရာ လေပြင်းမုန်တိုင်းဒဏ်ကြောင့် ရေသို့ကျခဲ့၏။ အလောင်းတော် ဟင်္သာမင်း ရေထဲကျရာနေရာ၌ ပေါ်ထွန်းလာ သည့် ကုန်းမြေသည် ပထမ ပတိက ကုန်းမြေဖြစ်၏ ဟု ကျမ်းကပြဆို၏။
 
ရဟန္တာအရှင်မြတ်တို့က ရေမြေရှင်မင်းမြတ် ဤပထမပတိကကုန်းမြေ၌ ဘုရားရှင်ဆံတော်၊ဓာတ်တော်မြတ်အား၊ ဌာပနာလျှက် တြိယဝဲဂမင်း၊ သကြားမင်းနှင့် ရသေ့ဂေါက်တို့မှ စေတီတစ်ဆူ ဦးစွာ တည်ထားခဲ့ဘူး၏။ ပထမစေတီတည်ခဲ့ဘူးသဖြင့် ယခုအခါ ဒုတိယအကြိမ် တည်ထားရခြင်း ဖြစ်သည်ဟု မိန့်ကြားလျှင် သီဟဒီပမင်းသည် ကျေနပ်ဝမ်းမြောက် ခံစားခဲ့ရ၏။ ထို့နောက် အရှင်မြတ်တို့ ညွှန်ရာတွင် စေတီတည်အံ့ ဟုမိန့်ကြားပြီး ဆံတော်မြတ်(၆)ဆူနှင့် အတူ ဓာတ်တော်မြတ်တို့အား၊ ရဟန္တာတို့မှ ပင့်ဆောင် ဦးဆောင်ပြီး သကာလ ပထမပတိကကုန်းမြေသို့ ကြွတော်မူခဲ့၏။