ကျောက်ပုံနှိပ်အတတ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်) |
||
စာကြောင်း ၇ -
သို့ရာတွင် ကျောက်ပုံနှိပ်အတတ်၌ ထူးခြားချက်မှာ ပုံနှိပ်စရာ ကျောက်ပြား သို့မဟုတ် သတ္တုပြား၏ မျက်နှာ ပြင်သည် တစ်ပြင်လုံး ညီညာချောမွတ်လျက် ရှိခြင်းဖြစ်သည်။
ကျောက်ပုံနှိပ်အတတ်သည် ဆီနှင့်ရေ ရောစပ်ခြင်းမရှိသည့် အချက်ပေါ်တွင် မူတည်ပေါ်ပေါက်လာသော အတတ်ဖြစ်၍၊ ဤသို့ ကျောက်ပုံဖြင့် ပုံနှိပ်သည့်နည်းကို အလွိုက်စီနီဖဲလဒါး
ဆိုသူ ဂျာမနီနိုင်ငံ ဗာဗေးရီးယား ပြည်နယ် မြူးနစ်မြို့သား တစ်ဦးက ၁၇၉၆ ခုနှစ်တွင် စတင်တီထွင်ခဲ့လေသည်၊
== ဝေါဟာရရင်းမြစ် ==
စာကြောင်း ၁၈ -
ထိုကျောက်ပြားမျက်နှာပြင်ပေါ်တွင် ပုံနှိပ်မင်ကို ဒလိမ့်ဖြင့် လှိမ့်ပေးသောအခါ၊ မင်တွင် ဆီပါနေသည့်အတွက် ဆေးရေးထားသည့် နေရာများတွင်သာ စွဲပြီးလျှင်၊ ရေစိုနေသော နေရာများ၌ မစွဲနိုင်ပေ။ ဤသို့ မင်လှိမ့်ပြီးနောက် ကျောက်ပြားမျက်နှာပြင်ပေါ်၌ စက္ကူတစ်ရွက်ကို ဖိနှိပ်ပေးသောအခါ ဆေးတောင့် သို့မဟုတ် မင်ဖြင့် ရေးထားသည့် မူလအတိုင်း စက္ကူပေါ်တွင် ပုံနှိပ်ပြီးသားရလေသည်။ ထို့ကြောင့် အရောင်အမျိုးမျိုးနှင့် ပုံနှိပ်လိုသောအခါ ကျောက်ပြားအများကို အသုံးပြုရသည်။
ပုံနှိပ်ကျောက် ပြုလုပ်သည့်ကျောက်ကို ဗာဗေးရီးယားပြည်နယ် ဂျူရာတောင်မှ အများအစား ရရှိသည်။ သို့သော် ထိုကျောက်မျိုးကို လိုသလောက် မရနိုင်ခြင်း၊ ကွဲလွယ်တတ်ခြင်း၊ အချို့သောခေတ်မှီပုံနှိပ်စက်မျိုး၌ တပ်ဆင်၍ အသုံးမပြုနိုင်ခြင်း စသောအကြောင်းများကြောင့် အစားထိုးနိုင်သည့် ပစ္စည်းများကို စမ်းသပ် ရှာဖွေခဲ့ကြရာ နောက်ဆုံးတွင် သွပ်ပြားနှင့် အလျူမီနီယမ်ပြားများကို တစ်မျိုး တစ်မည် စီမံ၍ အသုံးပြုနိုင်ကြောင်း တွေ့ခဲ့ရသည်။ ပုံနှိပ်ကျောက်ပြား (သို့မဟုတ် သတ္တုပြား) ပေါ်၌ ရုပ်ပုံများ စာများကို ရေးသားပုံဖော်ရာတွင်၊ ဓာတ်ပုံ ဘလောက်ပြုလုပ်သည့်နည်းအတိုင်း၊
== ကိုးကား ==
|