ဂူဂယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၂၈ -
Google ကိုစတင်တည်ထောင်သူများမှာ ကယ်လီဖိုးနီးယားပြည်နယ် [[စတန်းဖို့ဒ် တက္ကသိုလ်]]မှ [[ပါရဂူဘွဲ့]]သင်တန်းတက်ရောက်နေသော ကျောင်းသားနှစ်ဦးဖြစ်သော [[လယ်ရီပေ့ချ်]] နှင့် [[ဆာဂေး ဘရင်]] တို့မှ Google အား ရှာဖွေရေး စီမံကိန်းတစ်ခုအဖြစ် ၁၉၉၆ ဇန်နဝါရီလ တွင်စတင်ခဲ့ခြင်း ဖြစ်သည်။ Google ဟာ ၁၉၉၈ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှ ပုဂ္ဂလိကကုမ္ပဏီ အဖြစ်စတင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ အဖြစ်သက်မှတ်ခဲ့သည်။ အစကနဦး ဝက်ဘ်ဆိုဒ်ရှာဖွေရေးနှင့် စီးပွားရေးကြော်ငြာ လုပ်ငန်း များအပြင် ဝက်ဘ်ဆိုဒ်အခြေပြု [[E-Mail|အီလက်ထရောနစ် စာပို့စနစ်]]များ၊ အွန်လိုင်း မြေပုံလမ်းညွှန်များ ၊ ရုံးသုံး ဆော့ဖ်ဝဲလ်များနှင့် အွန်လိုင်းတွင် ဗီဒီယိုဖိုင်များ ဝေမျှခြင်းများ လုပ်ငန်းများ ကို လုပ်ကိုင်လျှက်ရှိသည်။
 
ဂူဂယ်သည် အဓိကသည် ဝက်ဘ်ဆိုဒ်ရှာဖွေရေးကို အဓိက လုပ်ဆာင်သောလည်း တခြားသော အွန်လိုင်းသုံး ပရိုဂရမ်များကိုလည်း ထုတ်လုပ်ခဲ့သည်။ အွန်လိုင်းစာပို့မှုအတွက် ဂျီမေးလ် (Gmail)၊ အွန်လိုင်းသိုလှောင်မှုအတွက် ဂူဂယ်ဒရိုက် (Google Drive)၊ အွန်လိုင်း ရုံးသုံးပစ္စည်း ဂူဂယ်ဒေါ့ (Google Docs) နှင့် လူမှုကွန်ရက် ဂူဂဲလ်ပလပ်စ် (Google+) တို့ထုတ်လုပ်ထားသည်။ ကွန်ပျူတာတွင် အသုံးပြရန်အတွက် အင်တာနက်ရှာဖွေရေး အက်ပလီကေးရှင်း၊ ဓါတ်ပုံတည်းဖြတ်ခြင်းဓာတ်ပုံတည်းဖြတ်ခြင်း အက်ပလီကေးရှင်း နှင့် စာတိုပေးပို့မှု အက်ပလီကေးရှင်းများကိုလည်း ထုတ်ဝေထားသည်။ နောက်ထပ် အဓိက လုပ်ငန်းဖြစ်သောလုပ်ငန်းမှာ မိုဘိုင်းဖုန်းများတွင် လည်ပတ်မှု စနစ်ဖြစ်သော အန်ထရိုက် လည်ပတ်မှုစနစ် (Android OS) နဲ့ ကွန်ပျူတာ လည်ပတ်မှုစနစ် ခရုန်း (Chrome OS) တို့ဖြစ်သည်။ အခုနောက်ပိုင်းတွင်အမာထည် လုပ်ငန်းများကိုလည်း တိုးချဲ့လာခဲ့သည်။ ပစ္စည်းကောင်း၍ ဈေးချိုသော နက်စပ်ဖုန်း (Nexus) နှင့် မိုတိုရိုလာ မိုဘိုင်းကို ၂၀၁၂ ခုနှစ် မေလတွင် ဝယ်ယူခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဂူဂယ် ဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုကို ကန်စမြို့တွင် စတည်ခဲ့သည်။
 
ဂူဂယ်သည် တစ်ကမ္ဘာလုံးတွင် အချက်အလက်စင်တာများ တည်ဆောက်ထားပြီး ဆာဗာပေါင်း ၁ သန်းကျော်နှင့် လည်ပတ်နေသည်။ ၁ ရက်လျှင် အွန်လိုင်းရှာဖွေမှုပေါင်း သန်း ၁၀၀၀ ကျော်ကို ရှာဖွေပေးနေသည် (၂၀၀၉ ခုနှစ် အချက်အလက်များအရ)။ ၂၀၁၃ ဒီဇင်ဘာလ အချက်အလက်များအရ www.google.com သည် ကမ္ဘာပေါ်တွင် လည်ပတ်မှုအများဆုံး ဝက်ဘ်ဆိုဒ် အဖြစ်ရပ်တည်ခဲ့သည်။ ဂူဂယ်ဝက်ဘ်ဆိုဒ်ကို ဘာသာစကား မျိုးစုံဖြင့် ဖတ်ရှုနိုင်ပြီး တခြားလူသုံးများသော ဝက်ဘ်ဆိုဒ်များမှာ ယူကျု့ (YouTube) နှင့် ဘလော့ဂါ (Blogger) တို့ဖြစ်သည်။