အော်တို စကော်ဇနီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၅၃ -
 
== ဘဝနောက်ပိုင်း ==
ထိုနောက်တွင် စကော်ဇနီ၏ လှုပ်ရှားမှုများအား ခြေရာခံနိုင်ခြင်းမရှိတော့ပေ။ အချို့ကနာဇီပါတီအား ပြန်လည်အသက်သွင်းရန်ကြိုးစားနေသည့် အဖွဲ့များတွင် ခေါင်းဆောင်ပိုင်းမှ တာဝန်ယူနေသည်ဟုလည်းကောင်း မရေမရာ ဆိုကြသည်။ အမှန်မှာ ဂျာမနီနိုင်ငံတွင်း လှည့်လည်ကာ အသိမိတ်ဆွေများထံသို့ ပြောင်ပြောင်တင်းတင်း အလည်အပတ်ထွက်နေခဲ့ခြင်းသာဖြစ်သည်။ ၁၉၄၉ခုနှစ်၊ အောက်တိုဘာလတွင် ပဲရစ်မြို့သို့ လည်ပတ်ခဲ့စဉ် ပဲရစ်မြို့ထုတ် ဟူးမင်းနိုက် သတင်းစာမှ စကော်ဇနီဓါတ်ပုံအားစကော်ဇနီဓာတ်ပုံအား ဖော်ပြခဲ့ခြင်းကြောင့် မကျေနပ်သည့် ပြင်သစ်ပြည်သူများက ဆန္ဒပြခြင်းပင် ဖြစ်ပွားခဲ့သေးသည်။ နောက်ဆုံးတွင် စပိန်နိုင်ငံက စကော်ဇနီအား နိုင်ငံမဲ့သူတစ်ဦးအဖြစ်နှင့် လက်ခံနေထိုင်ခွင့်ပေးခဲ့သည်။ ၁၉၅၀မှစကာ စကော်ဇနီနှင့် ပတ်သက်သည့် သတင်းများ ထွက်ပေါ်လာခြင်းမရှိတော့ပေ။ အိုက်ခမန်း၏ မိသားစုအား အာဂျင်တီးနားသို့ ပို့ဆောင်ပေးရာတွင် ဦးဆောင်ပေးခဲ့သည်ဟု ဆိုသော်လည်း သက်သေမရှိခဲ့ပေ။ ဥရောပတိုက်မှ သတင်းစာအချို့တွင် ရံဖန်ရံခါ အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အဖြစ်ဖော်ပြခြင်းခံရသည်မှ အပ ထူးခြားသည့် သတင်းအဖြစ် ရောက်မလာခဲ့တော့ပေ။ အနှစ်၂၀နီးပါးအကြာတွင်မှ နယူးစ်ဝိခ် အပတ်စဉ်မဂ္ဂဇင်းတွင် စကော်ဇနီ၏ နိုင်ဂျီးရီးယားနိုင်ငံ အငတ်ဘေးကယ်ဆယ်ရေးနှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းအဖြစ် ရိက္ခာနှင့်ဆေးဝါးများ တင်ပို့ဖြန့်ဝေသည့် လေယာဉ်မောင်းအဖြစ် လုပ်အားပေးနေသည်သတင်းဖော်ပြခံရသည်။ ၁၉၇၅ခုနှစ်၊ ဇူလိုင်လတွင် နယူစ်ဝိခ် မဂ္ဂဇင်းမှပင် စကော်ဇနီ၏ နောက်ဆုံးသတင်းအဖြစ် နာရေးသတင်းအား ဖော်ပြခဲ့သည်။ "၁၉၇၅ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်အတွင်းတွင် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့နေ အော်တို စကော်ဇနီသည် လည်ချောင်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည်။" ဟူသော သတင်းဖြစ်သည်။ <ref>ကမ္ဘာကျော် ကွန်မန်ဒို အော့တိုစကော်ဇနီ- [[လင်းယုန်မောင်မောင်]]</ref>
 
== ကိုးကား ==