ဒေါ်အောင်ဆန်းစုကြည်အိမ် ဝင်ရောက်သူ ဖြစ်ရပ်များ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၂၄ -
၂၀၀၉ မေလ ၃ ရက်နေ့ ညနေတွင် ရက်တောသည် မြန်မာအာဏာပိုင်များမှ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည့် အောင်ဆန်းစုကြည်အိမ်သို့ ရန်ကုန်မြို ့ရှိ အင်းယားကန်ကိုဖြတ်၍ ၂ ကီလိုမီတာ ( ၁.၂၅ မိုင် ) အကွာအဝေးကို ရေကူးသွားခဲ့သည်။ ဂူဂယ်ကမ္ဘာ့မြေပုံ ([http://maps.google.co.th/maps?hl=en&tab=wl Google Earth]) အသုံးပြုပြီး သူ၏အင်းယားကန်ဖြတ်လမ်းကြောင်းကို ကြိုတင်စီစဉ်ခဲ့သည်။ ရဲအချို ့သည် သူရေကူးနေစဉ်တွေ့ရှိပြီး သူ့ကိုခဲများဖြင့် ပစ်ပေါက်၍ မောင်းထုတ်ခဲ့သည်။ ၂၀၀၈ ခုနှစ် လာခဲ့စဉ်အချိန် သွားရောက်ခဲ့သည့်လမ်းကြောင်းအတိုင်း မြေအောက်ရေမြောင်းမှတစ်ဆင့် ခြံစည်းရိုးလေးကို ကျော်၍ လုံခြုံရေးအစောင့်အရှောက်များကို အောင်မြင်စွာရှောင်ကွင်းပြီး ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်အတွင်းသို့ မေလ ၄ ရက်နေ့ နံနက် ၅ နာရီတွင် ဝင်ရောက်သွားခဲ့သည်။
 
၎င်းသည် အိမ်တွင်းသို့ ရေဆင်းပိုက်ကို တွယ်တက်ပြီး ဝင်ရောက်ခဲ့သည်။အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူနှစ်ယောက်ဖြစ်သည့် ဒေါ်ခင်ခင်ဝင်း နှင့် မဝင်းမမ၊ အမေနှင့်သမီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲစီရင်ချက်ချခံထားရသူများ တို့နှင့် ရုတ်တရက်တွေ့ဆုံခဲ့ ကြသည်။ ၎င်းသည် ထိုသူတို့အား သူပင်ပန်းနွမ်းနယ်၍ ဆာလောင်နေပြီး ဆီးချိုဝေဒနာခံစားနေရကြောင်း ပြောပြခဲ့သည်။ အမျိုးသမီးများသည် သူ့ကို ကျွေးမွေးခဲ့သည်။ သူသည် ရက်အနည်းငယ်ကြာ အိမ်တွင်နေလို့ရနိုင်သ လားဟု ဒေါ်စုကြည်အားမေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ငြင်းပယ်ခဲ့ပြီး၊ သူမ၏အိမ်အကူများမှ သူ့အား အာဏာပိုင်များလက်သို့ အပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့သော် သူခြေထောက်ကြွက်တက်နေသည့်အကြောင်း တင်ပြပြောဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် အိမ်၏ အောက်ထပ်တွင်နေထိုင်ရန် သဘောတူခွင့်ပြုခဲ့သည်။ သူနေထိုင်စဉ်အတွင်း သူ့အား ဓါတ်ဆားထုပ်ဓာတ်ဆားထုပ် နှင့် အစားအသောက်များ ပေးကမ်းခဲ့သည်။ ထိုနေရာတွင်ရှိနေစဉ် သူ၏အချိန်အချို့ကို ဆုတောင်း ဝတ်ပြုနေခဲ့သည်။
 
မြန်မာအစိုးရသည် ညဉ့်နက်မှလာရောက်သည့် မိသားစုဝင်မဟုတ်သောဧည့်သည်များသည် ကြိုတင်စာရင်းပေး တိုင်ကြားထားရန် လိုအပ်ပြီး၊ နိုင်ငံခြားသားများ ညအိပ်ညနေ တည်းခိုခြင်းကို တားမြစ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏အကူများအဆိုအရ သူသည် ထိုနေရာတွင် မဖိတ်ခေါ်မကြိုဆိုပဲရောက်လာသော ဧည့်သည် အဖြစ် နေထိုင်သွားခဲ့သည်။ ရက်တော၏မိသားစု နောက်ပိုင်းတွင် ပြောဆိုသည်မှာ သူသည် “သေချာသည့်ရည်ရွယ်ချက်ရှိခဲ့ပြီး၊” “ဖြစ်နိုင်သည့်အကျိုးဆက်များ” ကို သတိမထားခဲ့ဟုပြောဆို ကြသည်။တစ်ချို ့က သူသည် မေလ ၅ ရက်နေ့ မှပြန်ထွက်ခွာသွားသည် ဟုပြောကြသော်လည်း ရက်တောသည် ၎င်းရောက်ရှိခဲ့သည့် မေလ ၄ရက်နေ့ သန်းခေါင်မတိုင်မီ ည ၁၁း၄၅ မိနစ်တွင် ထိုအိမ်မှပြန်လည်ထွက်ခွာခဲ့သည်။
 
သူသည် ကန်သာယာဆေးရုံနှင် ခြံစည်းရိုးချင်း တစ်ဆက်တည်းဖြစ်နေသော အမေရိကန် ကောင်စစ်ဝန် ၏အိမ်သို့ဦးတည် ပြီးရေကူးသွားခဲ့သည်။ မြန်မာအာဏာပိုင်များအဆိုအရ ရက်တောသည် “ ခေါင်းမြီးခြုံပဝါ အနက်ရောင် နှစ်ထည်၊ လည်ပင်းစည်း အနက်ရောင် နှစ်ထည် ၊ စကပ်အရှည် နှစ်ထည်၊ အနီရောင် ဓါတ်မီးဓာတ်မီး တစ်ခု၊ ပလတ်စတစ်အိတ်တွင်းမှ ရောင်စုံခဲတံ ၆ ချောင်း၊ နေကာမျက်မှန် သုံးစုံ၊ နှစ်ပင်ပလပ်တစ်ခု၊ ဆားကစ်ဝါယာ အပိုင်းအစ နှစ်ခု ၊ အားဖြည့်ကိရိယာတစ်ခု၊ ကိရိယာများကိုထည့်ရန် အသုံးပြုသော အနက်ရောင်ဇစ်တပ်ထားသောအိတ်တစ်လုံး ၊ မီးခိုးရောင်ခြေအိတ်နှစ်စုံ၊ အင်္ဂလိပ်စာအုပ်မှအပိုင်းငါးပိုင်း၊ စာရွက်အပိုင်းအစများထည့်ထားသော အိတ်တစ်လုံး စသည်တို့ကို ထည့်ထားသော ဇစ်တပ်ထားသောပလတ်စတစ်အိတ်တစ်လုံး ကို ထားခဲ့သည်ဟုသိရသည်။”မေလ ၅ ရက်နေ့နံနက်တွင် ရက်တောကို အပြည်အပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းဌာန နှင့် ကန်၏ အနောက်ဘက်ကမ်းရှိ အမေရိကန် ကောင်စစ်ဝန် ၏ အိမ်နှင့် ပေ ၁၀၀ အောက်နီးသော အကွာအဝေးရှိ အမေရိကန် သံရုံး အနီးမှ ရဲများက ဖမ်းဆီးခဲ့သည်။
 
== ရည်ညွှန်းကိုးကား ==