နေဝင်း (ဗိုလ်ချုပ်ကြီး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၈၁ -
ထို့နောက် ၁၉၇၂ ခုနှစ်တွင် ဒေါ်ခင်မေသန်း ကွယ်လွန်သွားပြီးနောက် နောင်တွင် တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ကမာရွတ်မြို့နေ အဖ ဦးလှ ၊ အမိ ဒေါ်အေးမြင့်တို့၏ သမီး ဒေါ်နီနီမြင့် (မဟာဝိဇ္ဇာ – သမိုင်း) နှင့် ၁၉၇၃ ခုနှစ်၊ ဧပြီလ ၄ ရက်၊ တနင်္ဂနွေနေ့တွင် လက်ထပ်ခဲ့သည်။ ဒေါ်နီနီမြင့်နှင့် သားသမီး မထွန်းကားခဲ့ပါ။ ဦးနေဝင်းနှင့် လက်ထပ်စဉ်က ဒေါ်နီနီမြင့်သည် အသက် ၃၂ နှစ်ရှိပြီး ဦးနေဝင်းသည် အသက် ၆၃ နှစ် ရှိနေပြီ ဖြစ်သည်။
 
ဒေါ်နီနီမြင့်နှင့် ကွာရှင်းပြီးနောက် John Rose Bellamy ခေါ် အိမ်ရှေ့စံ ကနောင်မင်းသားကြီး (၁၈၂၀ ဇန်နဝါရီ ၃၁ – ၁၈၆၆ သြဂုတ် ၂) ၏ မြစ် [[ရတနာနတ်မယ်]]နှင့် ၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လက်ထပ်ခဲ့သည်။ ၂၅ ဒီဇင်ဘာ ၁၉၇၆ ရက်စွဲပါ ကြေးမုံသတင်းစာ မျက်နှာဖုံးတွင် ဦးနေဝင်းနှင့် ရတနာနတ်မယ်တို့၏ လက်ထပ်မင်္ဂလာပွဲ သတင်းကို ဓါတ်ပုံနှင့်တကွဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ ရတနာနတ်မယ်၏ မိခင်မှာ လင်းပင်ထိပ်တင်မလတ်ဖြစ်ပြီး အိမ်ရှေ့စံ [[ကနောင်မင်းသား]]နှင့် ကိုယ်လုပ်တော်ရ သခင်ကြီး ခင်ဖော့တို့၏ သားတော် လင်းပင်မင်းသားနှင့် ရေနံ့သာခင်ခင်ကြီးတို့၏ သမီးဖြစ်သည်။ သို့သော် ၅ လမျှ ပေါင်းဖြစ်လိုက်ကြသည်။ ဦးနေဝင်းသည် ရတနာနတ်မယ်နှင့် အိမ်ထောင်ရေး ပြိုကွဲပြီးနောက် ဒေါ်နီနီမြင့်နှင့် ပြန်လည် ပေါင်းထုတ်ခဲ့သည်။ ထို့နောက် ၎င်းအသက် ၇၇ နှစ်၌ အသက် ၂၅ နှစ်အရွယ် ရခိုင်အမျိုးသမီး ဒေါ်ကြာစံအား လက်ထပ်ခဲ့သည်ဟု ဆိုသည်။
 
== ကွယ်လွန်ခြင်း ==