ပရိုဆီမာ စင်တောရိ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၁၇၇ -
 
 
ပရိုဆီမာ စင်တောရိကြယ်၏ထုထည် သေးငယ်မှုကြောင့် နေမင်းနှင့်မတူကာ [[ဟိုက်ဒရိုဂျင်]]လောင်စာမှာ ၁ဝ ရာခိုင်နှုန်းကိုသာ ထောက်ပံ့ပေးသည်။ ကြယ်၏မျက်နှာပြင်အပူချိန်မှာ ၂၇ [[မီလီယံ]] ကေဗင်နီးပါးခန့် ပူပြင်းသည်။ ၂ဝဝ၂ ခုနှစ်တွင် အလွန်ကြီးမားသော တယ်လီစကုပ်များဖြင့် လေ့လာချက်အရ ပရိုဆီမာ စင်တောရိသည် နေမင်း၏ ထုထည် ၇ ပုံ ၁ ပုံရှိပြီး [[ဂျူပီတာဂြိုဟ်]]ထက် ၁.၅ ဆကြီးမားသည်။ အခြားသော ကြယ်ပုနီများနှင့် နှိုင်းယှဉ်ပါက ပရိုဆီမာ စင်တောရိကြယ်သည် ၄.၈၅×၁ဝ<sup>၉</sup> နှစ်ရှိသည်ဟု ခန်းမှန်းတွက်ချက်ထားသည်။ ကြယ်ပုနီတစ်စင်းဖြစ်သော ပရိုဆီမာ စင်တောရိကြယ်သည် နောက်ထပ်နှစ်ပေါင်း ၄ ထရီလီယံခန့် သက်တမ်းရှည်ကြာမည်ဖြစ်သည်။ ဟိုက်ဒရိုဖျူးရှင်းကြောင့် [[ဟီလီယမ်]]အချိုးအဆသည် တိုးပွားလာပြီး ကြယ်သည် ပိုမိုသေးငယ်ကာ ပိုမိုပူပြင်းလာမည်ဖြစ်သည်။ ပရိုဆီမာ စင်တောရိကြယ်သည် တဖြည်းဖြည်းနှင့် အနီရောင်မှ အပြာရောင်ကြယ်အဖြစ်သို့ ပြောင်းလဲသွားမည်။ ထိုကာလ၏အဆုံးသတ်သို့ရောက်ရှိပါက ကြယ်သည် ပိုမိုထင်ရှားစွာ တောက်ပလာပါလိမ့်မည်။ နေမင်း၏တောက်ပမှု ၂.၅ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဖြစ်သည်။ အနီးအနားမှ အရာဝတ္ထုများအား နောက်ထပ်နှစ်ပေါင်း [[ဘီလီယံ]]များစွာ အပူဓါတ်အပူဓာတ် ပေးစွမ်းနေပါလိမ့်မည်။ ပရိုဆီမာ စင်တောရိကြယ်သည် [[ကြယ်ဖြူပု]]အဖြစ် (နေကဲ့သို့ ကြယ်နီကြီးအဖြစ် အဆုံးသတ်မသွားဘဲ) နောက်ဆုံးစွမ်းအင်ကျန်ရှိသည်အထိ တဖြည်းဖြည်းလောင်ကျွမ်းနေပါလိမ့်မည်။
 
==ကြယ်တာရာ ခရီး==