ပိုပေါ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၁၀ -
တိုင်းပြည်သို့ပြန်ရောက်လာသည့်နောက်တွင်လည်း ဆလို့တ်ဆာသည် မြေအောက်လှုပ်ရှားမှုများတွင် တစိုက်မတ်မတ်ပါဝင်ခဲ့သည်။ နိုင်ငံအတွင်းရှိ ဘုရင့်အစိုးရအား ဆန့်ကျင်နေသည့် အဖွဲ့များအတွင်း လက်ဝဲဝါဒပြန့်ပွားရေးအတွက် ဗီယက်နမ်နယ်မြေများထဲအထိ ခရီးများ လျှို့ဝှက်ထွက်ကာ အဆက်အပြတ်လှုပ်ရှားခဲ့သည်။ [[ဗီယက်နမ်နိုင်ငံ]]ရှိ ကွန်မြူနစ်အဖွဲ့အစည်းများနှင့်လည်း လက်တွဲနိုင်ရန် အားထုတ်ခဲ့သည်။ တစ်ဖက်မှလည်း ခမာကွန်မြူနစ်တို့အား ဗီယက်နမ်ကွန်မြူနစ်များထက် အရည်အသွေးပိုင်းသာလွန်စေရန် ရည်ရွယ်၍ ကြိုးစားခဲ့သည်။၁၉၅၄ခုနှစ်နောက်ပိုင်းတွင် ဗီယက်နမ်ရှိ ဗီယက်မင်း(မြောက်ဗီယက်နမ်ကွန်မြူနစ်)အစိုးရ ပေါ်ပေါက်လာသည့်နောက်တွင် ခမာကွန်မြူနစ်အဖွဲ့အချို့ ဗီယက်မင်းတို့နှင့် သွားရောက်ပူးပေါင်းခဲ့သေးသည်။
 
၁၉၅၄ခုနှစ်တွင် ဂျီနီဗာညီလာခံ ဆုံးဖြတ်ချက်များအရ ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် လက်ဝဲ-လက်ယာအင်အားစုများသည် နိုင်ငံ့အာဏာရယူရေးအတွက် အပြင်းအထန်ပြိုင်ဆိုင်လာကြသည်။ဘုရင် [[နိုရိုဒွန် သီဟာနု]]အနေဖြင့်လည်း ရဲများ စစ်သားများအသုံးပြု၍ နိုင်ငံရေးပါတီများအား နှိပ်ကွပ်မှုများပြုလုပ်ခဲ့ရသည်။ ၁၉၅၅ခုနှစ်ရွေးကောက်ပွဲအပြီးတွင် လက်ဝဲဝါဒီများအနေဖြင့် တော်လှန်ရေးနည်းဖြင့်သာ တိုင်းပြည်အာဏာကို ရယူနိုင်တော့မည်ဟု သဘောတူညီပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လာကြသည်။ စိတ်ဓါတ်ပြင်းထန်သောစိတ်ဓာတ်ပြင်းထန်သော ဆလို့တ်ဆာသည် တဖြည်းဖြည်းနှင့် ခမာကွန်မြူနစ်အဖွဲ့များ၊ ပါတီများတွင် ဦးဆောင်သည့်သူများအနက်မှ တစ်ဦးဖြစ်လာသည်။
 
၁၄၊ ဇူလိုင်၊ ၁၉၅၆ခုနှစ်တွင် ပုံနရီနှင့်လက်ထပ်ပြီး ဆလို့တ်ဆာသည် ချာမရွန်တွင် ပြင်သစ်စာပေသင်ကြားခဲ့ပြီး ပုံနရီမှာ ဆိုဆီဝပ်ကျောင်းတွင် ဆရာမပြန်လုပ်ခဲ့သည်။