"ဖိုးစိန်၊ ဦး (ဂရိတ်)" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၃ နှစ်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီး
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်))
ထိုအချိန်က မြန်မာ အကသည် လက်ကိုသာ အဓိက အသုံးပြုကြောင်း ဦးဘိုးစိန်က သုံးသပ်မိသောအခါ ၊ မြန်မာနိုင်ငံရောက် ကပ္ပလီလူမျိုးတဦးထံမှ တစ်နာရီလျှင် ရွှေဒင်္ဂါး တစ်ပြားပေး၍ ခြေက (Tap dance) ကို သင်ယူပြီး ၊ မြန်မာခြေက အဖြစ် ပြန်လည် တီထွင်ဖန်တီးခဲ့သည် ။ ထို့အပြင် ရုပ်သေးမင်းသားရုပ်အကကိုကြည့်ပြီး သွက်လက် ဖျတ်လတ်သော ကနည်း ကဟန်တို့ ပါဝင်သည့် အရုပ်ကြိုးက ကို ဖန်တီးခဲ့၏ ။ အိန္ဒိယနိုင်ငံ ဘုံဘေမြို့သို့ရောက်စဉ် အင်္ဂလိပ်ကပွဲတခု၌ မိန်းကလေးများ ပြိုင်တူ ယိမ်းနွဲ့ကနေကြသည်ကို ကြည့်ပြီး မြန်မာနိုင်ငံတွင် ယိမ်းအကကို တီထွင်ခဲ့သည် ။
 
ဦးဘိုးစိန်သည် သူ့ခေတ်တွင် ဇတ်သဘင်ကရာ သမားရိုးကျ ပေါက်ကျိုင်းဇာတ် ၊ ဖာတစ်လုံး ခေါင်းကျား ဇာတ် စသည့် ဒဏ္ဍာရီ ၊ ရာဇဝင် ၊ သိုက်သမိုင်း ဇာတ်တို့နှင့်ပဲ မတင်းတိမ်နိုင်ခဲ့ ။ ဇာတ်နိပါတ်များကိုပါ ကပြခဲ့သည် ။ ထို ဇာတ်နိပါတ်များကို ထည့်သွင်းကပြရသည့် နောက်ထပ်အကြောင်းရင်းမှာ သူ၏ ဒဏ္ဍာရီ ၊ ရာဇဝင် ၊ သိုက်သမိုင်း ဇာတ်များသည် အလွန်သက်ဝင်ထင်ရှားလှသောကြောင့် မဖြစ်သင့်သော နောက်ဆက်တွဲများ ဖြစ်ပေါ်လာခဲ့သောကြောင့် ဖြစ်သည် ။ ဥပမာ - - ထိလပ် -ပိုးဥ မည်သော ကိုယ်ပျောက်အတတ်တတ်ရန် ဇနီးသည်၏ ဗိုက်ကိုခွဲ ၊ ဝမ်းထဲမှကလေးကို အရှင်လတ်လတ် မီးကင်စားသော ဇာတ်ကို ဦးဘိုးစိန် ကပြသည်မှာ သရုပ်ပါလွန်းသဖြင့် ၊ မှောင်အင်းရှိ ရွာတရွာမှ လူတယောက်သည် ထိုသို့ တကယ်လက်တွေ့ပြုကျင့်သောကြောင့် ထောင်ကျသွားခဲ့လေသည် ။ ထိုစဉ်မှစ၍ ဦးဘိုးစိန်သည် ထို ထိလပ် - ပိုးဥ ဇာတ်ကို မကတော့ချေ ။ ထို့အပြင် လူတို့အား အကျိုးပြုစေမည့် ဘုရားဟော ဇာတ်နိပါတ်များကိုသာ အလေးထား ကပြခဲ့သည် ။ ထိုဇာတ်တော်များကို ကြည့်ရသော ဆရာတော်အချို့က“ဘိုးစိန် ဇာတ်နိပါတ်ကို ကပြတာဟာ တို့ တရားဟောတာထက် ပိုပြီးတောင် ဇာတ်တော်ကို ကွက်ကွက်ကွင်းကွင်း အရုပ်သဏ္ဌာန်နဲ့ မြင်အောင် ပြနိုင်တယ်” ဟု မိန့်ကြားခဲ့ကြသည် ။ ကကွက် နှင့် ဇာတ်များကို တီထွင်ရုံသာမက ဇာတ်ခုံကိုလည်း အမျိုးမျိုး ပြောင်းလဲဖန်ဆင်းတတ်သည် ။ သူ့ခေတ် ဇာတ်ခုံများတွင် သုံးလေ့ရှိသော လသာ မှန်အိမ်များသုံးရသည် အားမရဘဲ ၊ အောက်လင်းဓါတ်မီးအောက်လင်းဓာတ်မီး ၊ လျှပ်စစ်ဒိုင်နမို ဖြင့် ဓါတ်မီးများဓာတ်မီးများ ထွန်းခါ ဇာတ်ခုံကို ပထမဆုံး တန်ဆာဆင်ခဲ့သည် ။ သူ၏ ဇာတ်ခုံ တီထွင်မှုများသည် ပရိသတ်အား အလွန် ဆွဲဆောင်နိုင်စွမ်းရှိခဲ့လေသည် ။ တခါ နှစ်ပါးသွားအကကို လျှပ်စစ်ဓါတ်မီးဖြင့်လျှပ်စစ်ဓာတ်မီးဖြင့် အလှပြကစား ကပြဖျော်ဖြေရာ အမြင့်ပေါ်မှ ထိုင်ကြည့်နေသော ပွဲကြည့်ပရိသတ်တယောက်က အလွန်သဘောကျပြီး စိတ်လွတ် ကိုယ်လွတ် အားပေးလိုက်ရာ ၊ နောက်ပြန် ပက်လက်လန်ပြီး နောက်ဘက်ရှိ ဝင်းထရံ အချွန်များပေါ်ကျပြီး ပွဲချင်းပြီး သေဆုံးသွားသည်ဟုပင် ဆိုကြလေသည် ။