အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြန့်ချီ +ဖြန့်ချိ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၁၂၇ -
အင်တာနက်ပေါ်တွင် ဒေတာအများအပြားကို ရွှေ့ပြောင်းခြင်း၏ နမူနာတစ်ခုမှာ ဖိုင်ဝေမျှခြင်း ဖြစ်သည်။ ကွန်ပျူတာဖိုင်တစ်ခုကို ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေ သူငယ်ချင်းများထံ ပူးတွဲခြင်း (attachment)ဖြင့် အီးမေး(လ်)မှ ပို့နိုင်သည်။ အခြားသူများ အလွယ်တကူ ဒေါင်းလုဒ် ဆွဲချရန် ဝက်(ဘ်)ဆိုဒ် တစ်ခု သို့မဟုတ် FTP ဆာဗာပေါ်သို့ ခေါ်တင်နိုင်သည်။ လုပ်ဖော်ကိုင်ဖက်များ ချက်ချင်းအသုံးပြုနိုင်ရန်အတွက် “ဝေမျှအသုံးပြုသောနေရာ” (shared location) သို့မဟုတ် ဖိုင်ဆာဗာတစ်ခုထဲတွင် ထားနိုင်သည်။ အသုံးပြုသူအများအပြားသို့ အရေအတွက်များများ ဒေါင်းလုဒ်ချခြင်းကို “မစ်ရာ” (mirror)ဆာဗာခေါ် အခြားဆိုဒ်တစ်ခု၏ ပုံတူမိတ္တူပွား ဆာဗာများ သို့မဟုတ် ဂုဏ်ရည်တူ (peer-to-peer) ကွန်ယက်များကို အသုံးပြုခြင်းအားဖြင့် လွယ်ကူစေနိုင်သည်။ ဤသို့သော ကိစ္စမျိုးမဆိုတိုင်းတွင် ဖိုင်သို့ ဝင်ရောက်ကြည့်ခြင်းအား အသုံးပြုသူ အစစ်အမှန်ပြုခြင်းဖြင့် ထိန်းချုပ်ထားသည်။ အင်တာနက်ပေါ်တွင် ဖိုင်အကူးအပြောင်း ပြုလုပ်ခြင်းကို လျှို့ဝှက်ကုတ် အသုံးပြုခြင်းဖြင့် နားလည်ရခက်ခဲအောင် ပြုလုပ်နိုင်ပြီး၊ ပိုက်ဆံပေးခြင်းဖြင့် ဖိုင်များသို့ ဝင်ရောက်ကြည့်ရှု နိုင်ခွင့်အား ပြောင်းလဲပစ်နိုင်ပါသည်။
 
ငွေကြေးများကို အဝေးထိန်းစံနစ်ဖြင့် ကျသင့်ငွေများကို ပေးဆောင်နိုင်သည်။ ဥပမာအားဖြင့် ခရက်ဒစ်ကတ်ခေါ် အကြွေးဝယ်ကတ်ရှိ ပုံမှန်အားဖြင့် လုံးလုံး လျှို့ဝှက်ကုတ်ဖြင့် ထည့်ထားသော ပိုင်ရှင်၏အသေးစိတ်အချက်အလက်များသည် အင်တာနက်ပေါ် ဖြတ်သွားခြင်းဖြင့်ပေးချေနိုင်သည်။ လက်ခံရရှိသောဖိုင်၏ မူလနှင့် စစ်မှန်မှုကို ဒီဂျစ်တယ်လက်မှတ်များ သို့မဟုတ် MD5 သို့မဟုတ် သတင်းပေါင်းချုပ် (message digests) တို့ဖြင့် စစ်ဆေး ကြည့်ရှုနိုင်ပါသည်။ ကမ္ဘာတဝှမ်းလုံးအပေါ် အခြေခံသော အင်တာနက်၏ ဤသို့ရိုးရှင်းသော အသွင်အပြင်လက္ခဏာများသည် မည်သည့်အရာတိုင်းကိုမဆို ယင်းတို့၏ ထုတ်လုပ်ရေး၊ ရောင်းချရေးနှင့် ဖြန့်ဖြူးရေးတို့အား ကူးပြောင်းသွယ်ပို့ရန်အတွက် ကွန်ပျူတာဖိုင်တစ်ခုအသွင် လျှော့ပစ်နိုင်အောင် ပြောင်းလဲပေးပေသည်။ ယင်းတွင် ပုံနှိပ်ထုတ်ဝေခြင်း၊ ဆော့(ဖ်)ဝဲ ထုတ်ကုန်များ၊ သတင်းများ၊ တေးဂီတ၊ ရုပ်ရှင်၊ ဗီဒီယို၊ ဓါတ်ပုံပညာ၊ဓာတ်ပုံပညာ၊ ဂရပ်ဖစ် ဒီဇိုင်းများနှင့် အခြားသော အနုပညာလုပ်ငန်းများ၏ နည်းလမ်းများအားလုံး ပါဝင်သည်။ ဤထုတ်ကုန်များအား ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးတို့ကို ယခင်က ချုပ်ကိုင်ထားသော ယခုတည်ရှိဆဲ လုပ်ငန်းများ တစ်ခုချင်းစီတို့တွင် ကြီးမားသော အလှည့်အပြောင်းများကို ဖြစ်ပေါ်စေပါသည်။
 
စဉ်ဆက်မပြတ်ထုတ်လွှင့်သော မီဒီယာဆိုသည်မှာ လက်ရှိရေဒီယိုနှင့် တယ်လီဗီးရှင်း ထုတ်လွှင့်သူများက ယင်းတို့၏ အသံနှင့် အရုပ် တိုက်ရိုက် ထုတ်လွှင့်ခြင်းတို့ကို အင်တာနက် “ဖိ(ဒ်)feeds” ပြုလုပ်ခြင်းအား အားပေးတိုးမြှင့်ခြင်းကို ရည်ညွှန်းပါသည် (ဥပမာ- BBC)။ ယင်းတို့သည် နမူနာကြည့်ခြင်း၊ ဂန္ထဝင် ရုပ်ရှင်ဇာတ်လမ်းတိုများ ကြည့်ခြင်းနှင့် အသံများ ထပ်မံနားထောင်ခြင်းတို့ကို အချိန်နှင့် အလှည့်ကျပြုလုပ်ခွင့် ပြုကောင်း ပြုနိုင်ပါသည်။ ဤထောက်ပံ့သူများသည် အင်တာနက် “ထုတ်လွှင့်သူများ” သီးသန့် အမျိုးအစားတွင် ပါဝင်ပြီး၊ တိုက်ရိုက်လွှင့်ထုတ်ရန် လိုင်စင် မည်သည့်အခါကမျှ မရှိသူများဖြစ်သည်။ ယခင်က တယ်လီဗီးရှင်း သို့မဟုတ် ရေဒီယိုတစ်လုံး တို့ဖြင့်သာ အသုံးပြုရယူနိုင်သကဲ့သို့ အလွန်ဆင်တူသော နည်းလမ်းမျိုးဖြင့်၊ ကွန်ပျူတာတစ်လုံး သို့မဟုတ် ထို့ထက်ပိုပြီး တိကျသော အင်တာနက်ဆက်သွယ်ရေး ကိရိယာတစ်ခုကို အသုံးပြု၍ အွန်လိုင်း မီဒီယာကို ဝင်ရောက်အသုံးပြုခွင့် ရှိသည်ဟု ဆိုလိုပါသည်။ နည်းပညာပိုင်းဆိုင်ရာ အထူးပြု ဝက်(ဘ်)ကတ်(စ်) (webcasts) မှသည် လူအများ တောင်းဆိုကြသည့် မာ(လ်)တီမီဒီယာ (Multimedia) ဝန်ဆောင်မှုများ များအထိ ရရှိနိုင်သည့် ပါဝင်သည့် အကြောင်းအရာများမှာ အမျိုးအစားစုံလှသည်။ အများအားဖြင့် အသံဖိုင်တစ်ခုကို ဒေါင်းလုဒ်ဆွဲချပြီး ကွန်ပျူတာဖြင့် ပြန်လည်ဖွင့်လှစ်နားထောင်ခြင်း သို့မဟုတ် သယ်ဆောင် သွားနိုင်သော မီဒီယာ ပလေယာတစ်လုံးထဲသို့ ပြောင်းပြီး သွားလာရင်းနားထောင်ခြင်း ပြုလုပ်နိုင်သော ပေါ့(ဒ်)ကတ်(စ်)တင်း ဆိုသည်မှာ ဤအကြောင်းရင်း၏ အမျိုးကွဲ တစ်ခုပင်ဖြစ်သည်။ လွယ်ကူသော ကိရိယာကိုအသုံးပြုထားသော ဤနည်းပညာများသည် ဆင်ဆာလုပ်ခြင်း သို့မဟုတ် လိုင်စင်ထိန်းချုပ်ခြင်း အနည်းငယ်ဖြင့် ရုပ်-သံ ပစ္စည်းများကို တစ်ကမ္ဘာလုံးသို့ ထုတ်လွှင့်ရန် လူတိုင်းကို အခွင့်ပေးထားသည်။
စာကြောင်း ၁၅၂ -
'''အင်တာနက် လူမှုရေးသိပ္ပံပညာ'''
 
အပြန်အလှန် လူမှုဆက်ဆံရေး၊ လှုပ်ရှားမှုများ နှင့် စည်းရုံး ဆောင်ရွက်ခြင်းတို့၏ လုံးဝ ပုံစံသစ်များအဖြစ် အင်တာနက်က စွမ်းဆောင်နိုင်ခဲ့သည်။ ၎င်း၏ ကျယ်ပြန့်စွာ အသုံးပြုနိုင်မှုနှင့် ရရှိနိုင်မှုကဲ့သို့သော အခြေခံ အရည်အသွေးများ၏ အကျိုးကျေးဇူးကြောင်း ဖြစ်သည်။ ဖေ့(စ်)ဘွတ်(ခ်)၊ တွစ်တာနှင့် မိုင်စပေ့(စ်) ကဲ့သို့ လူမှုရေးနှင့်ဆိုင်သော ကွန်ယက် ဝက်(ဘ်)ဆိုဒ်များကို ပေါင်းသင်းဆက်ဆံရန်နှင့် အပြန်အလှန်ဆက်သွယ်ရန် ဖန်တီးခဲ့ကြသည်။ ၎င်းဆိုဒ်များကို အသုံးပြုသူများသည် အမျိုးမျိုး များပြားသော သတင်းအချက်အလက်များကို စာမျက်နှာများပေါ် ထပ်၍ထည့်ရန်၊ အများစိတ်ဝင်စားသော အရာများကို လေ့လာလိုက်စားရန်နှင့် အခြားသူများနှင့် ဆက်သွယ်ရန် စွမ်းဆောင်နိုင်သည်။ ရှိရင်းစွဲ အသိမိတ်ဆွေများကို ရှာဖွေနိုင်ပြီး၊ ရှိရင်းစွဲ အုပ်စုအသင်းအဖွဲ့များနှင့် ဆက်သွယ်ရန်ကိုလည်း ခွင့်ပြုသည်။ LinkedIn ကဲ့သို့သောဆိုဒ်များက ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်သွယ်မှုများကို ထိမ်းသိမ်းစောင့်ရှောက်သည်။ ယူကျု(ဘ်)နှင့် ဖလစ်ကာ (Flickr)တို့မှာ အသုံးပြုသူများ၏ ဗီဒီယို နှင့် ဓါတ်ပုံများကိုဓာတ်ပုံများကို အထူးပြုသည်။
 
၂၁ ရာစု၏ ပထမဆယ်စုနှစ်တွင် ပထမမျိုးဆက်သည် အင်တာနက် ဆက်သွယ်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ခြင်း၊ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုနှင့် သက်သေခံ ဆိုင်ရာ နယ်ပယ်များတွင် အကျိုးဆက်များနှင့် အာရုံစိုက်စရာများ ဆောင်ယူလာခြင်း၊ နှင့် မူပိုင်ခွင့်ရှိသော ပစ္စည်းများဖြန့်ဝေခြင်းတို့နှင့် ကြီးပြင်းလာခဲ့ရသည်။ ဤ "digital natives" သည် ယခင်မျိုးဆက်တို့ မကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ရသည်။အင်တာနက်သည် နိုင်ငံရေးဆိုင်ရာ အသုံးချမှု ကိရိယာတစ်ခု အဖြစ် အသစ်သော ဆက်စပ်မှုကို အောင်မြင်ရရှိခဲ့ခြင်းသည် အချို့သောတိုင်းပြည်များတွင် အင်တာနက် ဆင်ဆာပြုလုပ်ခြင်းကို လုပ်ဆောင်စေခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၄ခုနှစ်က ဟောင်းဝပ်ဒင်း(န်)၏ သမ္မတရွေးကောက်ပွဲနှင့် ဆိုင်သော စည်းရုံးလှုံ့ဆော်ခြင်းဖြစ်သည့် အင်တာနက်မှာတဆင့် အလှူငွေတောင်းခံခြင်း၏ အောင်မြင်မှုမှာ သတိပြုမိလောက်စရာ ဖြစ်သည်။ များပြားသော နိုင်ငံရေးအုပ်စုများသည် ၎င်းတို့၏ ရည်မှန်းချက် တာဝန်ကို ထမ်းဆောင်ရန်အတွက် စည်းရုံးခြင်း နည်းလမ်းအသစ်တစ်ခု ရရှိအောင်မြင်ရန်အတွက် အင်တာနက်ကို အသုံးပြုပြီး အင်တာနက် လှုပ်ရှားပြောင်းလဲရေး ကို ပေါ်ထွက်လာစေသည်။
 
အီရန်၊ မြောက်ကိုရီးယား၊ မြန်မာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဆော်ဒီအာရေးဗီးယား တို့ကဲ့သို့သော အချို့သောအစိုးရများသည် ၎င်းတို့၏နိုင်ငံများတွင် အများပြည်သူများ အင်တာနက်ပေါ် ဝင်ရောက်ကြည့်နိုင်သော အကြောင်းအရာများ အထူးသဖြင့် နိုင်ငံရေးနှင့် ဘာသာရေးတို့ ပါဝင်သည့် အကြောင်းအရာများကို ကန့်သတ်ထားသည်။ဒိုမိန်းနှင့် ပါဝင်သော အကြောင်းအရာများကို စစ်ထုတ်သော ဆော့(ဖ်)ဝဲမှတဆင့် ယင်းကို အထမြောက်အောင် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် အသေးစိတ်စီစဉ်ပြီး ဥပါယ်တံမျဉ်ဖြင့် ကျော်လွှားနိုင်အောင် မပြုလုပ်လျှင် ၎င်းတို့ကို လွယ်ကူစွာ ဝင်ရောက်ကြည့်နိုင်လိမ့်မည် သို့မဟုတ် ရယူနိုင်မည် မဟုတ်ပေ။ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့တွင် အဓိက အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သူများက ဥပဒေအဖြစ် ပြောင်းလဲသွားသော အစီအစဉ်များကို ရှောင်ရှားရန်အတွက် အာဏာပိုင်များ စာရင်းပြုစုထားသော ဆိုဒ်များသို့ ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကို ကန့်သတ်ရန် မိမိတို့ဆန္ဒအလျောက် သဘောတူညီခဲ့ကြသည်။ ဤပိတ်ပင်တားဆီးထားသော URLများ စာရင်းတွင် သိပြီးဖြစ်သည့် ညစ်ညမ်းသော စာပေနှင့် ဓါတ်ပုံဆိုဒ်များဓာတ်ပုံဆိုဒ်များ ပါဝင်သည်ဟု မျှော်လင့်ရပြီး စာရင်းတွင်ပါဝင်သည့် အကြောင်းအရာများကို လျှို့ဝှက်ထားရှိသည်။
 
အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအများအပြားတွင် အင်တာနက်မှ တဆင့် ညစ်ညမ်းသော စာပေနှင့်ဓါတ်ပုံများစာပေနှင့်ဓာတ်ပုံများ ကဲ့သို့သော အကြောင်းအရာ ပစ္စည်းများကို ပိုင်ဆိုင်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းတို့ကို ဆန့်ကျင်သည့် ဥပဒေများကို ပြဋ္ဌာန်းထားသည်။ သို့သော် စစ်ထုတ်သော ဆော့(ဖ်)ဝဲကိုမူ ပြဋ္ဌာန်းထားခြင်း မရှိပါချေ။ အခမဲ့သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း ရရှိနိုင်သည့် ပါဝင်သော အကြောင်းအရာများကို ထိန်းချုပ်သည့်ဆော့(ဖ်)ဝဲ (content-control software) ခေါ် ဆော့(ဖ်)ဝဲ ပရိုဂရမ်များ များစွာရှိသည်။ ထိုဆော့(ဖ်)ဝဲဖြင့် ကွန်ပျူတာတစ်လုံးချင်းစီ သို့မဟုတ် ကွန်ယက်များတွင် တိုက်ခိုက်လာသော ဝက်(ဘ်)ဆိုဒ်များကို ပိတ်ပစ်ရန် အသုံးပြုသူတစ်ဦးက ရွေးချယ်နိုင်သည်။ ညစ်ညမ်းသော ပစ္စည်းများ သို့မဟုတ် အကြမ်းဖက်မှု သရုပ်ဖော်ပုံများကို ကလေးများ ဝင်ရောက်ကြည့်နိုင်မှုအား ကန့်သတ်ရန်အတွက်ဖြစ်သည်။
 
အင်တာနက် စတင်ပေါ်ပေါက်သည့် အချိန်မှစ၍ ၎င်းသည် အပန်းဖြေလှုပ်ရှားမှုအတွက် အဓိကကဏ္ဍ ဖြစ်လာခဲ့သည်။ တက္ကသိုလ်ရှိ ဆာဗာများပေါ်တွင် MUDs နှင့် MOOs များကဲ့သို့ လူမှုရေး စမ်းသပ်ချက်များကို ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ ဟာသနှင့် ဆိုင်သော Usenet အုပ်စုများသည် ဝင်ရောက်ကြည့်ရှုသူ အလွန်များပြားခဲ့သည်။ ယနေ့တွင်၊ များပြားစွာသော အင်တာနက် ဆွေးနွေပွဲ ဖိုရမ်များ တွင် ကစားနည်းများနှင့် ဟာသဗီဒီယိုများသီးသန့် ခွဲခြားထားသော အခန်း ကဏ္ဍများပါဝင်သည်။ Flash movies ပုံစံဖြင့် ကာတွန်းကား အတိုလေးများမှာလည်း ရေပန်းစားသည်။ သုံးစွဲသူ ၆ သန်းကျော်မှာ ဘလော့ဂ်များနှင့် သတင်းကြော်ငြာဘုတ်များကို ဆက်သွယ်ရေးနှင့် စိတ်ကူးစိတ်သန်းများကို ဖလှယ်ရေး အတွက် အသုံးပြုကြသည်။ ညစ်ညမ်းသော စာပေဓါတ်ပုံများနှင့်စာပေဓာတ်ပုံများနှင့် လောင်းကစား လုပ်ငန်းများမှာလည်း World Wide Web အပေါ်တွင် အခွင့်အရေးယူခဲ့ပြီး၊ အခြားသော ဝက်(ဘ်)ဆိုဒ်များအတွက် ကြော်ငြာခြင်းမှ ရရှိသောဝင်ငွေ၏ အရေးပါသောအရင်းအမြစ် တစ်ခုအဖြစ် ပံ့ပိုးပေးသည်။ [ကိုးကားရန်လိုအပ်သည်] အစိုးရ အများအပြားသည် ထိုလုပ်ငန်းနှစ်မျိုး၏ အင်တာနက် အသုံးပြုမှုကို ကန့်သတ်ရန် ကြိုးစားအားထုတ်ခဲ့သော်လည်း၊ ယင်းတို့၏ ပျံ့နှံ့ ရေပန်းစားမှုကို တားဆီးရာတွင် ယေဘုယျအားဖြင့် အောင်မြင်မှု မရှိခဲ့ပါချေ။
အင်တာနက်ပေါ်တွင် အပန်းဖြေလှုပ်ရှားမှု၏ အဓိကနယ်ပယ်တစ်ခုမှာ ကစားသူများစွာပါဝင်သော ကစားနည်း (multiplayer gaming) ဖြစ်သည်။ ဤသို့ အပန်းဖြေသည့် ပုံစံမှာ တစ်ယောက်ထက်ပို၍ ကစားနိုင်သော ကစားနည်း၏ အမြန်ဆုံးနှုန်းကမ္ဘာကို နှစ်ခြိုက်ကြသော အသက်အရွယ်မရွေး၊ လူမျိုးမရွေးတို့ပါဝင်သည့် လူ့အဖွဲ့အစည်းများကို ဖန်တီးပေးသည်။ ယင်းတို့မှာ MMORPG မှသည် မိမိမြင်ကွင်းမှ ပစ်ခတ်ကစားရခြင်း (first-person shooters) အထိ၊ ကိုယ်တိုင်ပါဝင်ကစားရသော ကစားနည်းများ (role-playing games) မှ အွန်လိုင်းကစားနည်းများ အထိ အမျိုးအစား ကွဲပြားသည်။ အင်တာနက်ပေါ်တွင် ၎င်းတို့၏ အားလပ်ချိန်များကို အသုံးပြုရာ၌ လူအပေါင်းတို့ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆက်သွယ်သည့်နည်းလမ်းကို တော်လှန်ခြင်း ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ ဝန်းကျင်ကတည်းကပင် အွန်လိုင်းကစားနည်းများ ရှိခဲ့စဉ် [ကိုးကားရန်လိုအပ်သည်] ခေတ်သစ် အွန်လိုင်း ကစားနည်းပုံစံများမှာ GameSpy နှင့်Mplayer ကဲ့သို့ အသင်းဝင်ခြင်း ဝန်ဆောင်မှုများနှင့် စတင်ခဲ့သည်။ အသင်းဝင် မဟုတ်သူများမှာ အချို့သော ကစားနည်းပုံစံများ သို့မဟုတ် ကစားနည်းများသို့ ကန့်သတ်ထားသည်။ လူအများအပြားသည် တေးဂီတ၊ ရုပ်ရှင်နှင့် အခြားသော နှစ်သက်ရာနှင့် စိတ်အပန်းဖြေရာ အလုပ်များကို ဝင်ရောက်အသုံးပြုရန်နှင့် ဒေါင်းလုဒ်ဆွဲချရန် အင်တာနက်ကို သုံးသည်။ ဤသို့သော လုပ်ဆောင်မှုများ အားလုံးအတွက် ဗဟိုမှထိမ်းချုပ်သော ဆာဗာများကို အသုံးပြုပြီး ဂုဏ်ရည်တူ နည်းပညာများကို ဖြန့်ဝေပေးသည်။ ယင်းအရင်းအမြစ် အချို့တို့သည် အခြားအရာများအနက် မူရင်းအနုပညာရှင်များ၏ မူပိုင်ခွင့်ကို လေးစားခြင်းဖြင့် ပိုမို ဂရုစိုက် လုပ်ဆောင်ကြသည်။