အထီးကျန်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၁၁ -
ဘဝမှာအပြောင်းအလဲ နဲ့ စပ်ကူးမတ်ကူးကာမျိုးမှာ အထီးကျန်မှု ကို ခံစား ရပါတယ်။ ထိုအခါမျိုးမှာ အဟောင်းများကိုစွန့်ခွာထားခဲ့ပြီး အသစ်တစ်ဖန် ပြန်လည်စတင်ဖို့ ဦးတည်ရာလမ်းကြောင်းကိုရွေးချယ်ရပါတယ်။ ဒီနေရာမှာ ပြောင်းလဲခြင်းဆိုတာ အလုပ်အကိုင် ပြောင်းလဲခြင်း ၊ စိတ်နေ သဘောထား ပြောင်းလဲခြင်း ၊ နေရာသစ်တစ်ခု သို့ပြောင်းရွှေးခြင်း အားလုံးနဲ့ အကျုံးဝင် ပါ တယ်။
 
လူမှုပတ်ဝန်းကျင်မှာ အခြားသူများနှင့်ပေါင်းသင်းဆက်ဆံရန် မစွမ်းသာ တဲ့အခြေအနေအခါမျိုးမှာ လူတို့ဟာ အထီးကျန်မှုကို ခံစားရပါတယ်။ လူတစ်ဦး နှင့်တစ်ဦး ရှင်သန်ကြီးပြင်းလာရတဲ့ မိသားစုများမတူညီခြင်းကြောင့် မေတ္တာ ရရှိခံစားမှုဟာလည်း မတူနိုင်ကြပါဘူး။ မိသားစုထဲမှာ မေတ္တာ လုံ လောက် စွာ မရရှိခြင်းကြောင့် စိတ်ဓါတ်အရည်အသွေးနိမ့်ကျလာပြီးစိတ်ဓာတ်အရည်အသွေးနိမ့်ကျလာပြီး အခြား သူများ နှင့် ခင်မင်ဆက်ဆံရမှာကို ကြောက်ရွံ့လာတတ်ကြပါတယ်။
 
အချို့သော သူများကတော့ မိမိကိုယ်မိမိသာ ချစ်ခင်ခြင်းကြောင့် အထီးကျန်ဆန်နေရခြင်းဖြစ်ပါတယ်။ မည်သူ တစ်ဦးတစ်ယောက်ကမှ မိမိကို မချစ်ကြဘူး၊ ဂရုမစိုက်ကြဘူး လို့ထင်မြင်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။ တကယ်တော့ သူတို့ဟာ အခြားသူများအပေါ်ကိုမေတ္တာ ဘယ်လိုပေးရမယ် ဆိုတာကို မသိကြသေးသူများဖြစ်ကြပါတယ်။