အာနန္ဒာဘုရား: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
စာကြောင်း ၆၇ -
| caption2 = အာနန္ဒာဘုရားအတွင်း ကန့်လန့်ဖြတ်ပုံ
}}
ကုလားကျောင်းမှ လေးဘက်မျက်နှာသို့ အာရုံခံမုခ်တစ်ခု အသီးသီးထုတ်ထားပြီးလျှင် အလယ်မဏ္ဍိုင် ကြီး၏ ပတ်လည်၌ အတွင်းထပ် အပြင်ထပ် စင်္ကြံနှစ်ထပ် ရှိသည်။အောက်ခြေပန္နက် (Foundation) သည်ရှေးခေတ် [[ဂရိလူမျိုး]]တို့၏ သောတ္တိက၊ သို့မဟုတ် ထောင့်ရှစ်ထောင့်ပါသည့်ကြက်ခြေ ပုံစံ (Greek Cross) ဖြစ်သည်။ အောက်ခြေအတောင် ၆ဝ အနက်ထိအောင် တူးထားကာ အနက် အတောင် ၃ဝ ကို နဂါးရစ် ကျောက်အမျိုး အစားဖြင့် အုတ်မြစ်ချထားသည်။ <ref name="အလင်းစေတမန်">အလင်းစေတမန်မှကူးယူဖော်ပြသည်</ref> ကျန်အတောင် ၃ဝ ကို ကျောက်သေတ္တာပုံစံ ပြုလုပ်ကာ ဘုရား ဆင်းတုတော်၊ ဓါတ်တော်၊ဓာတ်တော်၊ ရွှေ၊ ကျောက်သံပတ္တမြားများကိုထည့်သွင်းကာ ဌာပနာထားသည်။ ထိုပြင် ခရစ်ခုနစ်ရာစုနှစ်၊ သို့မဟုတ် ရှစ်ရာစုနှစ်က ယခု ဗင်္ဂလားပြည်နယ်၊ ပဟာပူရ၌ရှိခဲ့သော ဘုရား တန်ဆောင်းတစ်ခု၏ ပန္နက်ပုံနှင့် အာနန္ဒာ၏ ပန္နက်ပုံသည် ဆင်ဆင်တူကြောင်း တွေ့ရလေသည်။
 
ကုလားကျောင်း၏ အလယ်ကို ဖြတ်သွားသော ကြက်ခြေခတ်မျဉ်းတန်းနှစ်ခုသည် ပေ ၂ဝဝ စီ ရှည်လျားသည်။ ယင်းမျဉ်းတန်းနှစ်ခုနှင့်ပြိုင်လျက် အတွင်းထပ် အပြင်ထပ် စင်္ကြံနှစ်ခုမှ လိုဏ်ကြီးလိုဏ်ငယ်တို့ တန်းလျက်ရှိ ကြသည်။ ကုလားကျောင်း၌လည်းကောင်း၊ အာရုဏ်ခံမုခ်များ၌ လည်းကောင်း၊ ရိုးရိုးလေသာ ပြတင်းများကို မသုံးဘဲ ပဲပေါင်းချွန်း တန်းမုခ်ဝနှင့် မုဒ်ပြတင်းများကို အသုံးထားသည်။ ကုလားကျောင်း၏ နံရံသည် ၃၅ ပေ အမြင့်ရှိပြီးလျှင် မုခ်ပြတင်း နှစ်ဆင့်ဖြင့် ဆင်ယင်ထားသည်။ ထိုပြတင်းများ အတွင်း အပြင်စင်္ကြံများ၏ လိုဏ်ကြီးလိုဏ်ငယ်များမှ လည်းကောင်း အလင်းဝင်ရောက်နိုင်သဖြင့် လိုဏ်ဂူကဲ့သို့သော ကုလားကျောင်းစေတီ၏ အတွင်းပိုင်း၌ မှောင်ခြင်းမရှိချေ။ ပြတင်းနှင့် လိုဏ်ကြီးလိုဏ်ငယ် ၁၄ဝ ကျော်တို့မှ ညင်းညင်းသာသာ တိုက်ခတ်သော လေအေးလေသန့်တို့ အဝင်အထွက် ရှိနိုင်သဖြင့် ဂူဘုရားအတွင်း ကောင်းမြတ်မျှတသော ဥတုသပ္ပါယကို ဖြစ်စေပေသည်။<ref name="မြန်မာ့စွယ်စုံကျမ်း"/>