ဂန္ဒီခန်းမကြေညာစာတမ်း: တည်းဖြတ်မှု မူကွဲများ

"အမျိုးသားဒီမို..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
(ကွဲပြားမှု မရှိ)

၀၉:၁၇၊ ၃ ဇွန် ၂၀၁၈ ရက်နေ့က မူ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဂန္ဒီခန်းမကြေညာ စာတမ်း အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ ဖြစ်ကြကုန်သော ကျွန်ုပ် တို့သည် မြန်မာသက္က်ရာဇ် ၁၃၅၂ ခုနှစ် ဝါခေါင်လဆန်း ၇ ရက်နှင့် ၈ ရက် (၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၈ နှင့် ၂၉ ရက်)တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဂန္ဒီခန်းမ ဆောင်၌ စုဝေးရောက်ရှိကြပြီးလျှင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးငှာ နိုင်ငံရေးရာအဖြာဖြာနှင့် ပြည်သူ့လွှတ်တော်ခေါ်ယူဖွဲ့စည်းရေး ကိစ္စအဝဝတို့ကို ဆွေးနွေးညှိနှိုင်း တိုင်ပင်ကြပြီးသကာလ တညီတညွတ် တည်း ဆုံးဖြတ်ကာ ဤ “ဂန္ဒီခန်းမ ကြေညာစာတမ်း”ကို ထုတ်ပြန်ကြေ ညာလိုက်ကြပေသည်။

၂။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကြီးတွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်နေရာ ၄၈၅ နေရာအတွက် ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အများပြည်သူလူထု ကြီး၏ တစ်ခဲနက်သော ထောက်ခံမှု တို့ဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နေရာ ၃၉၂ နေရာ၌ အနိုင်ရရှိ ခဲ့ကြသည်။

သို့ရာတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ကမ္ဘာ့ဒီမိုကရေ စီနိုင်ငံများ၏ ကျင့်ထုံးများအတိုင်း ဖွဲ့စည်းရမည့် အစိုးရတစ်ရပ်ကို ခိုင်မာစွာ ဖွဲ့စည်းနိုင်လောက်သည့် ထက်ဝက်ကျော် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အင်အားထက် ကျော် လွန်ရုံမက လွှတ်တော်ကိုယ်စားလှယ် အရေအတွက်၏ရာခိုင်နှုန်း ၈၀ ကျော် အထိအနိုင်ရရှိခဲ့သဖြင့် ပြည်သူ့လွှတ် တော်အား ဦးဆောင်နိုင်သော အနေ အထား အခိုင်အမာ ရရှိထားပြီးဖြစ် သည်။

၃။ ယခုအခါ ပါတီစုံဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီဖြစ်ပေသည်။ အထွေထွေရွေးကောက်ပွဲကြီးပြီးလျှင် ပြည်သူ့လွှတ်တော်ကို မရှေးမနှောင်း ကာလ၌ အမြန်ဆုံးဖွဲ့စည်းရမည်မှာ ဓမ္မ်တာပင်ဖြစ်ပေသည်။ ပြည်သူ လူထုကလည်း ဤအတိုင်းမျှော်လင့် နေခဲ့ကြပေသည်။ သို့သော် ရွေး ကောက်ပွဲပြီးဆုံး၍ ရက်ပေါင်း ၆၀ ကြာလာသည့်တိုင်အောင် ပြည်သူ့ လွှတ်တော်ကိုမဖွဲ့စည်းရသေးပေ။

ရွေးကောက်ပွဲတွင် လုံးလုံး လျားလျား အများစု အနိုင်ရရှိထား သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် နိုင်ငံတော်အတွက် လောလော ဆယ် အကျိုးစီးပွားနှင့်ရေရှည် အနာ ဂတ်ကာလ အကျိုးစီးပွားများကို အခြေခံထား၍ တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်ဖြင့် ပွင့်လင်းသော ရိုးသားသော၊ စေတနာ အပြည့်ပါသော နှစ်ဦးနှစ်ဖက်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်မှုများ ပြုလုပ် သွားရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့မှ အဆိုပြုချက် တင်ပြ ခဲ့ပါသည်။ သို့သော် အဆိုပြုချက်ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့က တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိပေ။

၄။ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူ များ၊ လယ်သမားများ၊ အလုပ်သမား များ၊ ကျောင်းသားလူငယ်များ၊ ဝန်ထမ်းများ အပါအဝင်ဖြစ်သော တိုင်းရင်းသားပြည်သူလူထုကြီးသည် နိုင်ငံတော် ဒီမိုကရေစီအခွင့်အရေး များ ကန့်သတ်ခံထားရမှုကြောင့် လက်ရှိ မျက်မှောက်ပြုနေရသော စားဝတ်နေရေး ကျပ်တည်းမှု၊ စိုးရိမ် ထိတ်လန့်မှုနှင့် သောကဗျာပါဒဘေး မှ ကင်းလွတ်ရေးတို့အတွက် ဒီမို ကရေစီအုပ်ချုပ်ရေးစနစ်ကို အမြန် ဆုံး ကူးပြောင်းရောက်ရှိရန် ဆန္ဒ် ပြင်းပြလျက်ရှိပါသည်။

၅။ ဒီမိုကရေစီစနစ်ကို ကျင့် သုံးသည့် ယဉ်ကျေးသောလူ့အဖွဲ့ အစည်း တိုင်းနိုင်ငံတို့တွင် ပြည်သူ့ လွှတ်တော်ကို အမြင့်ဆုံးမဏ္ဍိုင်ကြီး တစ်ရပ်အဖြစ် ပြည်သူလူထုတစ်ရပ် လုံးက အလေးအမြတ်ပြုထားခြင်း အားဖြင့် နိုင်ငံတော်ဂုဏ်ကျက်သရေ မင်္ဂလာ ထည်ဝါပြည့်စုံပြီးလျှင် ကမ္ဘာ့်အလယ်တွင် လေးစားခံထိုက် သော ဂုဏ်အင်္ဂါအပေါင်းဖြင့် တင့် တယ်ပေမည်ဟု ကျွန်ုပ်တို့ကအလေး အနက် ယုံကြည်ကြလေသည်။

၆။ ယနေ့ ပြည်သူတို့ရင်ဆိုင် နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသောအကျပ်အတည်းများ သည် ပြည်သူတို့က ယုံကြည်ကိုး စားစွာ ရွေးချယ်တင်မြှောက်လိုက် သည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းသော ပြည်သူ့ လွှတ်တော်ကသာ ဦးဆောင်၍ ပြည် သူ့ဆန္ဒ်နှင့်အညီဖြေရှင်းအပ်ပေသည်။

သို့ဖြစ်ရာ ပြည်သူ့လွှတ် တော် ရွေးကောက်ပွဲဥပဒေ အခန်း (၂) ပုဒ်မ(၃)၌ ပြဋ္ဌာန်းထားသော “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင် မြှောက်လိုက်သော လွှတ်တော်ကိုယ် စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ ပြည် သူ့လွှတ်တော်ကို အမြန်ဆုံးခေါ်ယူ ဖွဲ့စည်းပေးရန် အရေးတကြီးလိုအပ် နေပေသည်။

၇။ ပြည်သူ့လွှတ်တော် ဖွဲ့စည်း ရေးသည် တာဝန်ရှိကြကုန်သော သက်ဆိုင်ရာဌာနများအဖို့ တရား ဥပဒေအရလည်းကောင်း၊ ကျင့်ဝတ် သိက္ခာအရလည်းကောင်း ပျက်ကွက် ခြင်းငှာ လုံးဝမဖြစ်နိုင်သည့်အပြင် ဖြစ်ပေါ်နေသော ပြည်သူတို့၏ဆန္ဒ နှင့် တိုင်းပြည်၏ အကျပ်အတည်း အခြေအနေအရပ်ရပ်တို့ကို ထောက် ထားပါလျှင်လည်း ပြည်သူ့လွှတ် တော် ခေါ်ယူဖွဲ့စည်းရေးကို ပျက် ကွက်ခြင်းငှာ လုံးဝမသင့်လျော်၊ ပျက်ကွက်ခြင်းငှာ လုံးဝမဖြစ်ထိုက် ဟု ကျွန်ုပ်တို့ ခံယူပေသည်။

၈။ သို့ဖြစ်ရကား ပြည်သူ့လွှတ် တော်ကို အမြန်ဆုံး မဖြစ်မနေ မွေး ဖွားသန့်စင်ပေးရပေတော့မည်။ ပြည် သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း(၁)ပုဒ်မ ၂(က)တွင် “လွှတ် တော်ဆိုသည်မှာ ပြည်သူ့လွှတ်တော် ကိုဆိုသည်”ဟု ပြဋ္ဌာန်းထားချက် အရ ယခုပေါ်ပေါက်လာမည့် ပြည် သူ့လွှတ်တော်သည် တိုင်းပြုပြည်ပြု လွှတ်တော်မဟုတ်ကြောင်းကိုလည်း ကျွန်ုပ်တို့ အလေးအနက်ခံယူထား ပေသည်။

ဥပဒေနှင့်အညီ ဖြစ်အပ် သော အာဏာ(သို့တည်းမဟုတ်) ဥပဒေနှင့်အညီဖြစ်အပ်သော အာဏာ လွှဲပြောင်းရေး ကိစ္စ်အချို့တို့နှင့်ပတ် သက်၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတစ်ရပ်ကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ အသင့်ရေးဆွဲထား ရှိပြီးဖြစ်ကြောင်း သိရှိရ၍ ကျွန်ုပ် တို့က ကြိုဆိုပေသည်။

အဆိုပါ ၁၉၉၀ ပြည့်နှစ် ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ(မူကြမ်း)ကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အနေဖြင့် အခြား အဖွဲ့အစည်း အသီးသီးနှင့် ညှိနှိုင်း ဆွေးနွေးမည့် အစီအစဉ်ကိုလည်း ကျွန်ုပ်တို့က ထောက်ခံပေသည်။

ဤယာယီဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေဖြင့် ဥပဒေနှင့်အညီ အာဏာလွှဲပြောင်းရေးကို ဖြစ်မြောက် အပ်သည်ဟု ကျွန်ုပ်တို့က တညီတ ညွတ်တည်း ယူဆကြပါသည်။

၉။ ထို့နောက် ဒီမိုကရေစီပြည် ထောင်စုသစ်အတွက် ရည်သန်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် ကို ကျွန်ုပ်တို့ပါဝင်သော ပြည်သူ့ လွှတ်တော်ကသာလျှင် ရေးဆွဲပြဋ္ဌာန်း အတည်ပြုရန် တာဝန်ရှိပေသည်။ ကျွန်ုပ်တို့ကလည်း ထိုတာဝန်ကို ထမ်းဆောင်သောအခါ၌ ကျယ်ပြန့် စွာ ညှိနှိုင်းဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။

သို့သော် ပြည်သူ့လွှတ် တော်၏ အာဏာအပ်နှင်းမှုမရှိဘဲ ပြည်သူ့လွှတ်တော်၏ အာဏာစက် မရှိဘဲ ပြည်သူ့လွှတ်တော်၏ အဆောင် အယောင် အရှိန်အဝါမရှိဘဲ ပြည်သူ့ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခြင်း မရှိဘဲ ပြည်သူ့လွှတ်တော်မှ အခြား မည်သည့်နေရာ၊ မည်သည့်အချိန် မဆို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကို ရေးဆွဲခွင့်လည်းမရှိ ပြဋ္ဌာန်း အတည်ပြုခွင့်လည်းမရှိ။ ထိုသို့ရေး ဆွဲကြမည်ဆိုလျှင် လွှတ်တော်အာဏာ စက်မရှိသဖြင့် ဥပဒေအာဏာစက် လည်း ရှိလိမ့်မည်မဟုတ်ပေ။ ဤ လမ်းကြောင်းအတိုင်း ဆောင်ရွက် မှုသည် သိက္ခာ်ပင်ရှိလိမ့်မည်မဟုတ် ဟု ကျွန်ုပ်တို့ ယူဆပါသည်။

ထို့ကြောင့် ပြည်သူလူထု လိုလားတောင့်တနေသော ဒီမိုကရေ စီ ပြည်ထောင်စုသစ်ကြီး ထူထောင် ရန်အတွက် ရည်သန်သော ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရန် အလို့ငှာပင် ပြည်သူ့လွှတ်တော်ကို ဆောလျင်စွာ ခေါ်ယူဖွဲ့စည်းပေးရန် အထူးလိုအပ်ကြောင်းမှာ ထင်ရှား ပေသည်။

၁၀။ ဤနေရာတွင် ဒီမိုကရေစီ အစိုးရ မပေါ်ပေါက်မီကာလတစ် လျှောက် မလွဲမသွေ၊ မရှောင်လွှဲသာ ပေါ်ပေါက်မည့် ဒီမိုကရေစီအခွင့် အရေးများ ပြဿနာကိုလည်း ချော မောစွာ ကိုင်တွယ်ဖြေရှင်းကြလိမ့် မည်ဟု ကျွန်ုပ်တို့သဘောရရှိပေသည်။

ဒီမိုကရေစီအစိုးရ ပေါ် ထွန်းသည့်အခါကျမှသာ ဒီမိုကရေစီ အခွင့်အရေးများ ရရှိစေမည်ဖြစ်သည်။ ဤသို့ မပေါ်ထွန်းမီကာလ၌မူ ဒီမို ကရေစီအခွင့်အရေးတို့ ဆိတ်သုဉ်း နေမည်ဆိုသည့်အဖြစ်မျိုးကား လုံး၀ မလိုလားအပ်ပေ။

ဒီမိုကရေစီအစိုးရ မပေါ် ပေါက်မီကာလတွင် ဒီမိုကရေစီအခြေ အနေများ ဖန်တီးပေးမှုသည် ဒီမို ကရေစီပြည်ထောင်စုသစ် ထူထောင် ရေးအထိ အေးချမ်းသာယာစွာ ညင် သာသောအသွင်ဖြင့် အထောက်အ ကူပြု ဖြစ်ထွန်းသွားလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပေသည်။ ဒီမို ကရေစီ အခြေအနေများရှိပါမှလည်း ပြည်သူလူထုသည် တထိတ်ထိတ် တလန့်လန့်နှင့် ကျီးလန့်စာစားနေရ သော ဗျာပါဒဘေးတို့မှ ကင်းဝေး ကြမည်ဖြစ်၍ ကိုယ်စိတ်နှစ်ပါးချမ်း သာကာ ဒီမိုကရေစီပြည်ထောင်စု သစ် ထူထောင်ရေးကို တက်ညီလက် ညီကိုယ်စီအသိစိတ်ဓာတ်ဖြင့် ဆောင် ရွက်သွားနိုင်ကြပါမည်။

ဤကာလများအတွင်း အများပြည်သူလူထုအတွက် အနိမ့် ဆုံးအားဖြင့် ခံစားထိုက်သော လွတ် လပ်စွာရေးသားပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ ယူဆတင်ပြခွင့်တို့သည် စည်ပင်နေရပါမည်။ ပြည်သူ့လွှတ် တော်တွင် အစိုးရတစ်ရပ်ကို လွတ် လွတ်ကျွတ်ကျွတ် ဖွဲ့စည်းနိုင်လောက် အောင် လွှတ်တော်ကိုယ်စားလှယ် လုံးလုံးလျားလျား အများစုရရှိထား သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်က အနိမ့်ဆုံးဒီမိုကရေစီ အခွင့်အရေးတို့ကိုပင် ဆုံးရှုံးအနစ်နာ ခံနေရသည်ဟုဆိုလျှင် ဖြစ်ရိုးဖြစ်စဉ် နိုင်ငံရေးသဘာဝယုတ္တိ်များနှင့် လုံး၀ ဖီလာဖြစ်နေပေမည်။ ပြည်သူလူထု အပြင် ကမ္ဘာ့်အမြင်တို့၌ အလွန်တရာ မှ အကျည်းတန်နေမည်မှာ သေချာ ပေသည်။

ကျွန်ုပ်တို့သည် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကြီးမှတစ်ဆင့် မဲဆန္ဒ်ရှင်ပြည်သူလူထု ၏ ဆန္ဒ်အဆုံးအဖြတ်ကို ရယူထား သူများဖြစ်၍ ထိုသဘောသဘာ၀နှင့် လိုက်လျောညီထွေစွာ သင့်တင့် လျှောက်ပတ်သော အဆင့်အတန်းကို ရရှိကြရပေမည်။ယုတ်စွအဆုံး ကျွန်ုပ် တို့အားအနှောင့်အယှက် အဟန့်အတား ခြိမ်းခြောက်မှုတို့မှ ကင်းဝေးစေရ မည်။

၁၁။ လောလောဆယ် အခြေ အနေအရ ကျွန်ုပ်တို့နိုင်ငံတွင် တစ် ပါတီစနစ်မှ ပါတီစုံဒီမိုကရေစီစနစ် သို့ ကူးပြောင်းရမည်ဖြစ်သဖြင့် ဖြေရှင်းဆောင်ရွက်ကြရမည်။ အကျပ် အတည်း၊ အခက်အခဲပြဿနာများ ရှိမည်ကို ကျွန်ုပ်တို့သိရှိပြီးဖြစ်သည်။ အခက်အခဲ ပြဿနာများကိုလည်း ကျွန်ုပ်တို့သည် ဒီမိုကရေစီရေးကို မထိပါး မပျက်ယွင်းစေဘဲ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံ တော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့တို့သည် တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်ရေး ဦးတည်ချက် ဖြင့် ရိုးသားမှု၊ ပွင့်လင်းမှု၊ အပြန် အလှန်လေးစားမှုတို့ကို အခြေခံကာ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းအား ဖြင့် မုချဖြေရှင်းနိုင်မည်ဟု ကျွန်ုပ် တို့ မျှော်လင့်ကြပေသည်။

ယနေ့ ကမ္ဘာ်ပေါ်တွင် အလွန်ရှုပ်ထွေး နက်နဲသော၊ လူသား အားလုံးကို ပျက်ပြုန်းစေမည့် အဏု မြူစစ်ပွဲကြီး အန္တရာယ်ကိုပင် တွေ့ ဆုံဆွေးနွေး အဖြေရှာခြင်းနည်းဖြင့် ယနေ့အချိန်ထိ ဟန့်တားထားနိုင်ခဲ့ ပြီဖြစ်ရာ ကျွန်ုပ်တို့နိုင်ငံတွင် အချင်း ချင်းဖြစ်ပွားနေသော ပြဿနာဟူသမျှ သည်လည်း မျက်နှာချင်းဆိုင် တွေ့ ဆုံဆွေးနွေးခြင်းဖြင့် ချောမောပြေ လည်ရမည်ဟု ကျွန်ုပ်တို့ ယုံကြည် ကြပေသည်။ ယင်းသို့ တွေ့ဆုံရာ တွင်-

(က) ပွင့်လင်းရိုးသားမှု နှင့် အပြန်အလှန်လေးစားလိုက်နာ ရေးမူ

(ခ) တစ်မျိုးသားလုံး ပြန် လည်သင့်မြတ်ရေးမူ

(ဂ) ငြိမ်းချမ်းချောမွေ့သော နည်းကို အသုံးချရေးမူ

(ဃ) အာဃာတကင်းစင် သော အထွေထွေသဟဇာတဖြစ်မှု ကို ရှေးရှုရေးမူ စသည်တို့ကို ကိုင် စွဲရမည်ဟုလည်း ကျွန်ုပ်တို့ ခံယူ ထားပေသည်။

၁၂။ ပြည်သူ့ကိုယ်စားလှယ် များဖြင့် ပါဝင်ဖွဲ့စည်းသည့် ပြည် သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စည်းရန် တောင်းဆိုပိုင်ခွင့်မှာ ပြည်သူလူထု ၏ အခြေခံမူအကျဆုံးသော တရား ဝင်ပိုင်ခွင့်တစ်ရပ်ဖြစ်ပေသည်။ ယင်း ပိုင်ခွင့်တောင်းဆိုရန် ပြည်သူ့ကိုယ် စားလှယ်များဖြစ်ကြကုန်သော ကျွန်ုပ် တို့၌ တာဝန်ရှိပေသည်။

၁၃။ သို့ဖြစ်ရကား ပြည်သူလူ ထုကြီး၏ ဆန္ဒနှင့်အညီ ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၂)ပုဒ်မ(၃)အရလည်းကောင်း၊ ဒီမို ကရေစီ၏အနှစ်သာရများအရလည်း ကောင်း၊ နိုင်ငံတကာကျင့်ထုံးကျင့် ဝတ်များနှင့်လျော်ညီစွာလည်းကောင်း၊ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ အတွင်း ပြည်သူ့လွှတ်တော်ကို ခေါ် ယူဖွဲ့စည်းပေးရန် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြကုန်သော ကျွန်ုပ်တို့က နိုင်ငံတော် ငြိမ်ဝပ်ပိ ပြားမှုတည်ဆောက်ရေးအဖွဲ့အား ဤ နေ့ဤရက်မှစ၍ တညီတညွတ်တည်း တောင်းဆိုလိုက်ပြီဖြစ်ကြောင်း ကြေ ညာအပ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ

မဟတ္တမဂန္ဒီခန်းမဆောင်

ဗိုလ်အောင်ကျော်လမ်း

ရန်ကုန်မြို့။