နန်းမတော်မယ်နု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဘဝနိဂုံး
No edit summary
စာကြောင်း ၂၅ -
 
==ငယ်ဘဝ==
နန်းမတော်မယ်နု သည် ၁၁၄၆ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့ တွင် ထောင်သင်းမှူး ဦးလှုပ်၊ ဇနီး ဒေါ်ငယ် တို့မှ မွေးသော [[ဖလံဂုဏ်ရွာ]] သူ ဖြစ်သည်။ အပျိုဖြန်းအရွယ် မယ်နု မြစ်ဆိပ်၌ရေချိုးစဉ် ကမ်းပေါ်တွင်ချန်ရစ်သည့် ထမီကို ငှက်ကချီယူပြီး ဘုရင့်နန်းတော် မှန်ကင်းတွင်ထားရာမှ ထင်ရှားလာပြီးနောက်တွင် ဘုရင့်မိဖုရားအဖြစ်ကောက်ယူခံခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ မိဘုရားခေါင်ကြီးမိဖုရားခေါင်ကြီး ကွယ်လွန်ပြီးနောက်တွင် မယ်နု၏ဩဇာမှာ နန်းတွင်းတွင်ပင် ဘုရင့်ကို ကျော်လွန်ကာ ကြီးထွားလာပြီး မောင်တော်စပ်သူ ဦးအိုအား မင်းဆွေမင်းမျိုးအဆောင်အယောင်ဖြင့် မင်းသားတစ်ပါးကဲ့သို့ ချီးမြှောက်စေသည်။ [[ဘကြီးတော်(စစ်ကိုင်းမင်း)|ဘကြီးတော်ဘုရား]]၏ ညီတော် [[သာယာဝတီမင်း|သာယာဝတီမင်းသား]]မှ ပုန်ကန်ရာအောင်မြင်ခဲ့ပြီး နောင်တော်ဖြစ်သူ ဘကြီးတော်ဘုရားနှင့် နန်းမတော်မယ်နုတို့နှစ်ဦးအား အကျယ်ချုပ်ဖြင့်နေစေသော်လည်း မကြာမီ စိတ်မချသဖြင့် မယ်နုနှင့် အပေါင်းအပါများအား ကွပ်မျက်ခဲ့သည်။
 
==ဘဝနိဂုံး==
သံတော်ဆင့် ငရွှေသားကို တောင်ဥယျာဉ်တော် အတွင်း ရှေ့တော်တွင် စစ်မေးကာလ နောင်တော်မင်းတရား မိဖုရားကြီးက မောင်တော်သူ “[[စလင်းမင်းသားကြီးမောင်အို]]နှင့် အကျဉ်းခံနေရသူ မှူးတော် မတ်ဟောင်းတို့ကို တိတ်တဆိတ် တိုင်ပင် စည်းကြပ်ရကြောင်း စည်းကြပ်ရာတွင် ပါဝင်သူ မှူးဟောင်း မတ်ဟောင်းတို့ကလည်း မင်းဧရာဇ်မင်းဧကရာဇ် ရန်ကင်းတောင်သို့ ထွက်တော်မူသည့် အတွင်း ညဉ့်အခါ အမရပူရ ရွှေနန်းတော်သို့ ဝင်၍ တိုက်ခိုက် စီးနင်းမည့် သူပုန်တို့နှင့် စကားချိန်းချက်၍ လာစေကြောင်းများကို အစစ်ခံချက် ရသည်ဖြစ်၍ နောင်တော် မင်းတရား မိဖုရားကြီးကိုလည်း တောင် ဥယျာဉ်တော် အတွင်း သံတော်ဆင့် ငရွှေသားနှင့် တိုက်ဆိုင် စစ်မေးရာ ဖြောင့်ဆို စစ်မေးချက်ရ၍ မိဖုရားကြီးကိုလည်း ထုံးစံနှင့်အညီ ၁၂ဝ၂ ကဆုန်လဆန်း ၁၂ ရက်နေ့ (၁၂ မေ ၁၈၄ဝ) ရေတွင် ဖျောက်တော်မူ၏။<ref>(ကုန်းဘောင်ဆက်၊ ဒုတိယတွဲ၊ ၁၉၆၇၊ ၅၉၈။)
 
</ref>