အာနန္ဒာဘုရား: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
|||
စာကြောင်း ၃၄ -
ဆိုလေသည်။
ဌာပနတိုက်၏ မုခ်လေးမျက်နှာ၌ ဆီမီးလေးတိုင် ပတ္တမြားလေးလုံးတို့ တည်ရှိရာ၊ ယင်းပတ္တမြား တို့၏ အရောင်သည် နေရောင်၊ လရောင်၊ ဆီမီးရောင် ကဲ့သို့ ဌာပနာတိုက်အတွင်း ထွန်းလင်းလျက်ရှိသည်။ မြတ်စွာဘုရား၏ ဓမ္မစကြာတရားဟောသံကို ယန္တရားဆင်၍ ဖန်တီးစီရင်ထားရာ၊
ဌာပနာတိုက်အတွင်းရှိ ကောင်းမူတော်အစုစုကို ရွှေကွန်ရက်၊ ငွေကွန်ရက်၊ ပုလဲကွန်ရက်၊ ကြေးကွန်ရက်၊ စန္ဒကူးသရက္ခာန်ကွန်ရက်ဖြင့် ရံထားသည်။ ဌာပတိုက်၌ သွင်းအပ်သော ရုပ်လုံးရုပ်ပွားများကို ရွှေစင် သုံးကုဋေခြောက်သန်း အကုန်ခံ၍ သွန်းလုပ်ထားလေသည်။ ပြည့်ရှင်မင်းကြီးက မရေမတွက်နိုင်သော ရွှေငွေ ရတနာတို့ကို အကုန်ခံ၍ ကုသိုလ်ပြုသည်ကို မြင်တွေ့ရသော ပြည်သူလူထုကလည်း ကြည်ညိုသဒ္ဓါတရား ဖြစ်လာကြပြီးလျှင် များစွာသော ပစ္စည်းဥစ္စာတို့ကို ထည့်ဝင် လှူဒါန်းကြသည်။ မင်းကြီးသည် ဌာပနာတိုက် အတွင်းလှူဒါန်းပူဇော်ထားသော ကောင်းမှုအစုံစုံကို ရှုမြင်တော်မူရလျှင် သဒ္ဓါစိတ်လွန်ကဲကာ ပီတိသော မနဿစိတ် အလွန်ဖြစ်ပွားပြီးလျှင် ဌာပနာတိုက်ကို မပိတ်မိဘဲ ရှိနေသဖြင့် ရဟန္တာအရှင်မြတ်များက တရားဟောကြားကာ ဌာပနာတိုက်ကို ပိတ်စေရသည်။
|