အာနန္ဒာဘုရား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၃၄ -
ဆိုလေသည်။
 
ဌာပနတိုက်၏ မုခ်လေးမျက်နှာ၌ ဆီမီးလေးတိုင် ပတ္တမြားလေးလုံးတို့ တည်ရှိရာ၊ ယင်းပတ္တမြား တို့၏ အရောင်သည် နေရောင်၊ လရောင်၊ ဆီမီးရောင် ကဲ့သို့ ဌာပနာတိုက်အတွင်း ထွန်းလင်းလျက်ရှိသည်။ မြတ်စွာဘုရား၏ ဓမ္မစကြာတရားဟောသံကို ယန္တရားဆင်၍ ဖန်တီးစီရင်ထားရာ၊ ကရဝိတ်ငှက်၏ ကြွေးကြော်သံကဲ့သို့ အလွန်တရာ သာယာလှသည်။ ထိုအသံကို နတ်ဗြဟ္မာတို့က ကောင်းချီးပေး၍ ခရုသင်း မှုတ်သံ၊ စည် ၊စောင်းငြင်းတီးမှုတ်ဟန်တို့ကိုလည်း စီရင်ထားရာ၊ ဌာပနာတိုက်အတွင်း အသံသဲသဲ မြည်နေသည်။ နတ်တို့ လက်ပန်းပေါက်ခတ်ဟန်၊ ပန်းပေါက်ပေါက်ကြဲဟန်တို့ကိုလည်းကောင်း၊ ဂန္ဓမာဒနတောင်၊ နန္ဒ မူလလိုဏ်ဂူဝ၌ မဉ္ဇူသက သစ်ပင်အောက်ရှိ ဂန္ဓကုဋီတိုက်၌ ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့အား နတ်တို့က ဒန်ပူကပ်ဟန်၊ ဇေတဝန်ကျောင်းတော်၌ ရှင်အာနန္ဒာက ဘုရားရှင် ပရိနိဗ္ဗာန် ပြုတော်မူသည့်အခါ သာဓုကီဠနသတ္တာဟ၊ စိတကသတ္တာဟ၊ ဓာတုပူဇာ သတ္တာဟတို့နှင့် ဓာတ်တော်ဝေခန်းတို့ကိုလည်းကောင်း ရွှေစင်ရုပ်များ သွန်းလုပ်ထားသည်။ သင်္ဂါယနာသုံးတန် တင်ဟန်၊ ပျူစောထီးမင်းသည်<nowiki>[[ပျူစောထီး]]</nowiki>မင်းသည် ဝက်ကြီးစသော ရန်သူများကို အောင်နိုင်ဟန် အရုပ်များကိုလည်း ရွှေစင်ဖြင့် သွန်းလုပ်ထားသည်။ ထိုပြင် ရွှေဆင်းတုချည်းတစ်ထပ်၊ ငွေဆင်းတုချည်းတစ်ထပ်၊ လက်ဝဲ လက်ယာရံ တို့နှင့်တကွ သွန်းလုပ်ထားသေးသည်။<ref name="မြန်မာ့စွယ်စုံကျမ်း"/>
 
ဌာပနာတိုက်အတွင်းရှိ ကောင်းမူတော်အစုစုကို ရွှေကွန်ရက်၊ ငွေကွန်ရက်၊ ပုလဲကွန်ရက်၊ ကြေးကွန်ရက်၊ စန္ဒကူးသရက္ခာန်ကွန်ရက်ဖြင့် ရံထားသည်။ ဌာပတိုက်၌ သွင်းအပ်သော ရုပ်လုံးရုပ်ပွားများကို ရွှေစင် သုံးကုဋေခြောက်သန်း အကုန်ခံ၍ သွန်းလုပ်ထားလေသည်။ ပြည့်ရှင်မင်းကြီးက မရေမတွက်နိုင်သော ရွှေငွေ ရတနာတို့ကို အကုန်ခံ၍ ကုသိုလ်ပြုသည်ကို မြင်တွေ့ရသော ပြည်သူလူထုကလည်း ကြည်ညိုသဒ္ဓါတရား ဖြစ်လာကြပြီးလျှင် များစွာသော ပစ္စည်းဥစ္စာတို့ကို ထည့်ဝင် လှူဒါန်းကြသည်။ မင်းကြီးသည် ဌာပနာတိုက် အတွင်းလှူဒါန်းပူဇော်ထားသော ကောင်းမှုအစုံစုံကို ရှုမြင်တော်မူရလျှင် သဒ္ဓါစိတ်လွန်ကဲကာ ပီတိသော မနဿစိတ် အလွန်ဖြစ်ပွားပြီးလျှင် ဌာပနာတိုက်ကို မပိတ်မိဘဲ ရှိနေသဖြင့် ရဟန္တာအရှင်မြတ်များက တရားဟောကြားကာ ဌာပနာတိုက်ကို ပိတ်စေရသည်။