ဆိုင်းရင်းမြို့ ၊ လစ်ဗျားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

"{{Infobox ကမ္ဘာ့အမွေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁၃ -
 
'''ဆိုင်းရင်းမြို့''' သည် [[ရှေးခေတ်ဂရိ]] နှင့် ရောမ မြို့တော်တစ်ခုဖြစ်ပြီး ယနေ့ခေတ် [[လစ်ဗျားနိုင်ငံ]] ရှာဟတ် အနီးတွင် တည်ရှိသည်။ ၎င်းသည် ဒေသအတွင်းရှိ ဂရိမြို့တော် ၅ ခုတွင် ရှေးအကျဆုံးနှင့် အရေးအပါဆုံးသော မြို့ဖြစ်သည်။ ထိုမြို့ကို အစွဲပြု၍ လစ်ဗျားအရှေ့ပိုင်းအား ''ဆိုင်းရင်နိုင်ကာ'' ဟု ခေါ်ဆိုခဲ့သည်မှာ ယနေ့ထက်တိုင် နာမည်တွင်ခဲ့သည်။ ရှေးခေတ် ဆိုင်းရင်းမြေအောက်ဂူသင်္ချိုင်း အနီးတွင် တည်ရှိသည်။
 
ဆိုင်းရင်းမြို့သည် ဂျီဘဲလ် အက်ကဒါ ကုန်းမြင့် အတွင်းရှိ စိမ်းစိုသော တောင်ကြားတစ်ခုတွင် တည်ရှိသည်။ ထိုမြို့အား ကိုင်ရီ ရေပူစမ်းကို အစွဲပြု၍ အမည်မှည့်ခေါ်ခြင်း ဖြစ်ပြီး ဂရိတို့မှ အပိုလိုနတ်မင်းနှင့် သက်ဆိုင်သည့် မြင့်မြတ်သော နေရာ အဖြစ်သတ်မှတ်ကြသည်။ ဆိုကရေးတီး ၏ တပည့်တစ်ဦးဖြစ်သော အရစ္စတီးပတ်စ် ဘီစီ ၄ ရာစုတွင် တည်ထောင်ခဲ့သည့် ဆိုင်းရင်းနိတ် အတွေးအခေါ်ကျောင်း တည်ရှိရာ နေရာလည်း ဖြစ်သည်။ အာဖရိက၏ အေသင်မြို့ ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ <ref>[http://www.temehu.com/Cities_sites/cyrene-cyrenaica.htm Temehu (Cyrene)]</ref><ref>[https://www.youtube.com/watch?v=pWryj7QgRvY Global Treasures: Cyrene]</ref><ref>[http://www.nestbird.info/shahhat-or-cyrene.html Shahhat or (Cyrene) City by NestBird.info]</ref><ref>[http://mnise.maktoobblog.com/ للغة العربية اضغط هنا http://cyreen630.maktoobblog.com] {{webarchive|url=https://web.archive.org/web/20101223100054/http://mnise.maktoobblog.com/ |date=2010-12-23 }}</ref>