ပိုးစုန်းကြူး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၃ -
'''ပိုးစုန်းကြူး'''သည် အင်းဆက် သတ္တဝါဖြစ်သည်။ ပျံသန်းနိုင်သည့်အမျိုးအစားဖြစ်ပြီး Lampyridae မျိုးနွယ်စုတွင် ပါဝင်သည်။ သားကောင်ဖမ်းခြင်း သို့မဟုတ် ဆည်းဆာချိန်အတွင်း မိတ်လိုက်ရန် ဆွဲဆောင်ရာတွင် ထင်ရှားသည့် အပူဓာတ်မပါသည့် အလင်းရောင်ကြောင့် ၎င်းတို့ကို ပိုးစုန်းကြူး သို့မဟုတ် လျှပ်ပြက်သည့် ကြမ်းပိုးခေါ်ကြသည်။ ပိုးစုန်းကြူးများက အနီအောက် ရောင်ခြည် သို့မဟုတ် ခရမ်းလွန်လှိုင်း မပါဝင်သော အလင်းအေး ကို ထုတ်လွှတ်ပေးသည်။ ၎င်းဓာတုနည်းဖြင့် အလင်းရောင်ကို ဝမ်းဗိုက်အောင်ပိုင်းမှ အဝါရောင်၊ အစိမ်းရောင် သို့မဟုတ် ဖြူ‌ဖတ်ဖြူရော် အနီရောင် ဖြစ်နိုင်သည် လှိုင်းအလျား ၅၁၀ မှ ၅၆၀ နာနိုမီတာ နှင့်အတူထုတ်လွှတ်ပေးသည်။<ref>[http://science.howstuffworks.com/environmental/life/zoology/insects-arachnids/question554.htm HowStuffWorks "How do fireflies light up?"]. Science.howstuffworks.com (19 January 2001). Retrieved on 22 June 2013.</ref>
 
ပိုးစုန်းကြူး မျိုးစိတ်ပေါင်း ၂၁၀၀ ခန့် ကို သမပိုင်းဇုံ နှင့် အပူပိုင်းရာသီဥတုများတွင် တွေ့ရှိပြီးဖြစ်သည်။ အတော်များများကို စိုစွတ်သောရာသီဥတု၊ တောအုပ်၊ သားလောင်းများအတွက် အစာအရင်းအမြစ်ပေါများသောနေရာဒေသတွင် တွေ့ရသည်။ ဥရောပအာရှနှင့် အခြားနေရာများတွင် အလင်းရောင် ထုတ်လွှတ်သော သားလောင်း ကို "glowworms" ဟုခေါ်သည်။ အမေရိကတွင် "glow worm" ကို Phengodidae ဟုလည်းရည်ညွှန်းသည်။ နယူးဇီလန်နှင့် ဩစတေးလျတွင် "glow worm" ဝေါဟာရကို အပူဓာတ်မပါရှိဘဲ အလင်းရောင်ထုတ်လွှတ်ခြင်း<ref name="Meyer-Rochow 2007">{{cite journal|last=Meyer-Rochow|first=Victor Benno|title=Glowworms: a review of "Arachnocampa" spp and kin|journal=Luminescence|date=2007|volume=22|pages=251–265}}</ref>များစွာသော ပိုးစုန်းကြူး အမနှင့် အထီးမျိုးစိတ်များမှာ ပျံသန်းနိုင်သောစွမ်းရည်များရှိကြသည်၊ သို့သော် အချို့သော အမ မျိုးစိတ်များမှာ ပျံသန်းနိုင်စွမ်းမရှိပါ။<ref>[https://www.sciencedaily.com/releases/2011/04/110405093656.htm In Fireflies, Flightless Females Lose out On Gifts from Males]. Science Daily (27 June 2011). Retrieved on 22 June 2013.</ref>
ပူနွေးတဲ့ နေရာမျိုးစုံမှာ ရှင်သန်နေထိုင်ကြပါတယ်။ ပိုးစုန်းကြူးတွေဟာ စိုထိုင်းမှုကို နှစ်သက်ပြီး အာရှနှင့် အမေရိကတွေရဲ့ ပူနွေးတဲ့ ဒေသတွေမှာ နေထိုင်တတ်ကြပါတယ်။ ခြောက်သွေ့တဲ့ ဒေသတွေမှာဆိုရင် စိုစွတ်နေတဲ့ နေရာတွေမှာ ပိုးစုန်းကြူးတွေကို တွေ့ရပါတယ်။