"မွန်ဘာသာစကား" ၏ တည်းဖြတ်မှု မူကွဲများ

၁၇၁၇ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၂ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (Reverted edits by 123.136.112.22 (talk) to last revision by 113.210.70.153)
== သမိုင်း ==
 
မြန်မာ့သမိုင်းတွင် မွန်ဘာသာစကားသည် အရေးပါသော ဘာသာစကားဖြစ်သည်။ အေဒီ ၁၂ ရာစု တိုင်အောင် [[ဧရာဝတီမြစ်]]ဝှမ်း၏ ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင် ပြောဆိုကြသည့် အရောအနှောစကား ဖြစ်ခဲ့ပြီး ဧရာဝတီမြစ်ဝှမ်း အောက်ပိုင်း တောင်ကြား မွန်မင်းနေပြည်တော်များ အတွင်းသာမက ပုဂံခေတ် (ပုဂံ) ဗမာနိုင်ငံ အထက်မြစ်ဖျားအထိ အသုံးပြုခဲ့ကြသည်။ ၁၀၅၇ ခုနှစ်တွင် မွန်မင်းနေပြည်တော် သထုံပြည်သည် ပုဂံနိုင်ငံ လက်အောက်သို့ ကျရောက်ပြီးနောက်တွင်လည်း အထူးသဖြင့် မွန်ဘာသာဖြင့် ရေးသားထားသော မွန်စာပေသည်ဆက်လက်၍အဓိက ဘာသာစကားဖြစ် ခဲ့သည်။ပုဂံဘုရင်ကျန်စစ်သားမင်း(၁၀၈၄၁၁၁၂)သည် မွန်ယဉ်ကျေးမှုကိုမြတ်နိုးခဲ့ပြီး မွန်ဘာသာစကားကိုအားပေးချီးမြှောက်ခဲ့သည်။ ၎င်းအုပ်စိုးစဉ်ကာလအတွင်း မွန်အရေးအသားသည်မြန်မာစာပေအရေး အသား တီထွင်ဖန်တီးမှု၏ အရင်းခံ ဖြစ်ခဲ့သည်။ မွန်ခေတ်တွင် [[ကျန်စစ်သား]]မင်းသည် မွန်ဘာသာဖြင့် ရေးသားထားသော များစွာသော ကမ္ဗည်းကျောက်စာများကိုထားရစ်ခဲ့သည်။ထိုအချိန်ကာလအတွင်း ပါဠိ၊ ပျူ၊ မွန် နှင့် မြန်မာစာတို့ဖြင့် မျက်နှာလေးဖက်တွင် အတ္ထုပ္ပတ္တိဇာတ်ကြောင်း တစ်ခုတည်းကို ဖော်ပြရေးသားထားသော မြစေတီကျောက်စာကို [[ရာဇကုမာရ်]] ရေးထိုးခဲ့သော [[မြစေတီကျောက်စာ]]ကို ထွင်းခဲ့သည်။သို့ရာတွင် ကျန်စစ်သားမင်း နတ်ရွာစံပြီးနောက် မွန်ဘာသာစကား အသုံးပြုမှုမှာ မြန်မာလူမျိုးများအတွင်းကျဆင်းခဲ့သည်။ မွန်နှင့်ပျူတို့အစားရှေးဗမာဘာသာစကားကို ဘာသာစကားမတူသူချင်း ဆက်သွယ်ရာတွင်ပြောဆိုကြသည့် အရောအနှောစကား အဖြစ် စတင် အစားထိုးခဲ့ကြသည်။
 
ပျက်သုဉ်းသွားသော ဒွွါရဝတီမင်းနေပြည်တော်မှ မွန်ကမ္ဗည်းစာများမှာ ထိုင်းနိုင်ငံတွင် ပြန့်ကျဲနေသည်။ သို့ရာတွင် ဝင်ရောက်နေထိုင်ကြသူများမှာ မွန်၊ မွန်နှင့်မလေး ကပြားများ၊ သို့မဟုတ်
 
၁၈၅၂ ခုနှစ် အောက်မြန်မာပြည်ကို ဗြိတိသျှ တို့သိမ်းပိုက်ခဲ့ပြီးနောက် ပြောင်းလဲခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ တွင်လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် လာရောက် ရွှေ့ပြောင်းနေထိုင်ခြင်းကို အားပေးခဲ့သည်။ ဒေသတွင်းသို့ [[အိန္ဒိယနိုင်ငံ|အိန္ဒိယ]] နှင့် [[တရုတ်နိုင်ငံ]]တို့မှ လူများအပါအဝင် မြန်မာနိုင်ငံ၏ အခြားသော နေရာဒေသ များမှလူများ အစုလိုက်အပြုံလို်က် ပြောင်းရွှေ့လာရောက် နေထိုင်ခြင်းသည် မွန်ဘာသာစကားကို တတိယမြောက် ဘာသာစကားအဖြစ် အဆင့် လျှော့ကျစေခဲ့သည်။ ကိုလိုနီဗြိတိသျှတို့ အုပ်စိုးခဲ့စဉ်ကာလအတွင်း ဘာသာစကားမှာ နည်းပါးဆုတ်ယုတ်ခဲ့ပြီး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးအချိန်မှစ၍ ပြောဆိုသူအရေအတွက် လျင်မြန်စွာ ကျဆင်းမှုကို တွေ့ကြုံခဲ့ရသည်။ နောက်ဆက်ခံသော မြန်မာအစိုးရတို့မှ ထောက်ပံ့မှု အနည်းငယ် သို့မဟုတ် လုံးဝမရရှိဘဲ မွန်ဘာသာစကား (အထူးသဖြင့် မွန်အရေးအသား) ကို အများစုအားဖြင့် မွန်ဘုန်းတော်ကြီးများက ဆက်လက် ပြန့်ပွားစေခဲ့သည်။ မွန်ဘာသာစကား သုံးစွဲမှုလမ်းညွှန်မှာ ထိုင်း-မြန်မာနယ်စပ် မွန်တော်လှန်ရေးသမားများ ထိန်းချုပ်သော နယ်မြေဒေသထဲ၌ ရှင်သန်နေပါသည်။
(နောက်ပိုင်ကာလတွင် မွန်ကျေးရွာများတွင် ကိုယ်ထူကိုယ်ထ မူလတန်းနှင့်အလယ်တန်းထိကျောင်းများဖွင့်နိုင်ခဲ့ပါတယ် ဆရာ/မ များကိုဆရာဖြစ်သင်တန်း ဖွင့်ပေးခဲ့သလို အစိုးရပြဌာန်းစာတွေလည်း သင်ကြားရပါတယ် မြန်မာစာကို မြန်မာလို သင်ပြီးသင်္ချာ၊ပထဝီ၊သမိုင်း၊သိပ္ပံ၊သဒ္ဒါ၊သင်္ဂြိုလ် ကိုမွန်ဘာသာဖြစ် သင်းကြားရပါတယ်)
 
[[ပုဂံခေတ်]] [[စောလူးမင်းကျောက်စာ|စောလူးမင်း ကျောက်စာ]]အား မြစ်သားမြို့၌ တွေ့ရှိခဲ့ပြီး မြန်မာ့သမိုင်းတွင် သက္ကရာဇ်ရေးထိုး မှတ်တမ်းတင်ထားသည့် [[ကျောက်စာ]]များအနက် အစောဆုံး ကျောက်စာတစ်ချပ်ဖြစ်သည်။ အဆိုပါ ကျောက်စာ၌ ပါဠိဘာသာဖြင့် အများဆုံး ရေးထိုးထားရာဘက်တွင် [[မြန်မာဘာသာ]]ဖြင့် ရှစ်ကြောင်း၊ [[ပျူ]][[ပါဠိ]]ဖြင့် ၁၄ ကြောင်းနှင့် ပျူစာစစ်စစ် ခုနစ်ကြောင်း စာကြောင်းရေ စုစုပေါင်း ၂၉ ကြောင်း ပါရှိသည်။ [[မွန်]]စာ အများဆုံးဖြင့် ရေး ထိုးထားရာဘက်၌ ပါဠိဘာသာဖြင့် ရှစ်ကြောင်း၊ မွန်ဘာသာဖြင့် ၁၅ ကြောင်း၊ ကျွမ်း (သို့မဟုတ်) ယွန်းဘာသာဖြင့် လေးကြောင်းဖြင့် စာကြောင်းရေ စုစုပေါင်း ၂၇ ကြောင်း ပါဝင်ကြောင်း သိရသည်။
 
== ဒေသသုံးစကားများ ==
၂၆၂၈

တည်းဖြတ်မှုများ