မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

No edit summary
Generation
စာကြောင်း ၃၃ -
 
အင်္ဂလိပ်အစိုးရတို့သည် ပထမမြန်မာစစ်ပွဲ ၊ ဒုတိယ မြန်မာစစ်ပွဲအတွင်း၌ ပါဝင် ထင်ရှားကျော်စောခဲ့သော အင်္ဂလိပ်စစ်ဗိုလ်များ ၏ အမည်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့လမ်းများကို မှည့်ခေါ်ခဲ့ကြသည်။ ဂုဏ်ပြုမှည့်ခေါ်သူများတွင် အင်္ဂလိပ်စစ်ဗိုလ်များနှင့်အတူ ထင်ရှားခဲ့သော ဦးထော်လေးနှင့် ဦးခိုင်တို့ကိုလည်း အမည်ပေးရန် ပန်ကြားခဲ့ကြသည်။ ယခု ဗိုလ်ဆွန်ပက်လမ်း ဟု ခေါ်တွင်နေသော မောင်ထော်လေးလမ်းကို ဦးထော်လေးက သူ၏ အမည် မှည့်ခေါ်စေလိုခြင်းမှာ (၁) ထိုလမ်း၌ ရန်ကုန်မြို့တွင် ရှေးအကျဆုံးဖြစ်သော ကွန်ဗင့်ကျောင်းဟောင်းကြီး ရှိ၏။ တည်ထောင်သည်မှာ နှစ်ပေါင်း ၁၅၀ ကျော်မျှရှိပြီဖြစ်၏။ ထိုကျောင်းဆောက်စ အခါက ခရစ်ယာန် ဘာသာပြန့်ပွားသွားမည်စိုး၍ ဦးထော်လေးက အပြင်းအထန် ကန့်ကွက်ခဲ့ဖူးသည်။ ထိုကျောင်းတွင် မြန်မာ့သမိုင်း၌ ထင်ရှားသော ဒေါက်တာမတ် ခေါ် ဆရာမှတ်ကြီး နေထိုင်သွားဖူးသည်ဟု ဆို၏။ သို့ကန့်ကွက်ခဲ့သည်ကို အကြောင်းပြု၍ လည်းကောင်း ၊ ( ၂ ) တစ်ဖန် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ၌ အင်္ဂလိပ်တို့က ရန်ကုန်ကို တိုက်ခိုက်ရာတွင် ဦးထော်လေးသည် ကန္နားမှ ခုခံရင်း တပ်ဆုတ်ရသော အခါ၌ ထိုလမ်းတစ်လျောက်မှ ဆုတ်ပေးခဲ့ဖူးသောကြောင့် တစ်ကြောင်း၊ ထို နှစ်ကြောင်းတို့ကြောင့် ၎င်းလမ်းကို သူ၏အမည် မှည့်ပေးစေလိုကြောင်း တင်ပြခဲ့သည်ဟု သိရသည်။
 
==ကျမ်းကိုး==
== မျိုးဆက် ==
နှစ်ဆယ်ရာစု အတွင်း မြန်မာ အမျိုးသမီးများ၏ ထူးချွန် ထက်မြက်မှုကို ကမ္ဘာ့အလယ်တွင် ပညာရည်ဖြင့် ထင်ရှားစေခဲ့သူ အောက်စဖို့ဒ် တက္ကသိုလ်တွင်မြန်မာနိုင်ငံသားမြန်မာ အမျိုးသမီးများ ထဲမှ ပထမဆုံးဘွဲ့ရသူ သမိုင်းပညာရှင် [[မြစိန်၊ ဒေါ်|ဒေါ်မြစိန်]] (၁၉ဝ၄-၁၉၈၈)၊ လွတ်လပ်ရေးခေတ်ဦး ရဲမင်းကြီး ဦးထွန်းလှအောင်၊ မဟာသဒ္ဓမ္မဇောတိကဓဇ [[ခင်လှတင်|ဓမ္မဗျူဟာ ဒေါ်ခင်လှတင်]]၊ အဆိုတော် [[မျိုးကျော့မြိုင်]] တို့သည်စစ်ကဲ မောင်ထော်လေးဆင်းသက်လာသူများ ဖြစ်သည်။
 
== ကျမ်းကိုး ==
<references/>
*(က) ဦးဘသန်း၊ မော်လမြိုင်ရာဇဝင်၊ မော်လမြိုင် ဦးစိန်ရံ အင်ဆန်းစာပုံနှိပ်တိုက်၊ ပကြိမ်၊ ၁၃၁၁ ခု။