ဘဖေ၊ ဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြန့်ချီ +ဖြန့်ချိ)
စာကြောင်း ၁၃ -
ဦးဘဖေသည် ၁၉၁၁ ခုနှစ်တွင် ဦးလှဖေနှင့် တိုင်ပင်၍ တယောက်လျှင် ငွေ ၂၅ ကျပ်စီဖြင့် မတည်ကာ ‘သူရိသတင်းစာ’ ထုတ်ဝေရန် စိုင်းပြင်းကြသည်။ ပြည်ကြီးမဏ္ဍိုင် ပုံနှိပ်တိုက်မှ ကြော်ငြာများကို ရိုက်နှိပ်၍ ဝေငှကြသည်။ ကြေငြာတွင် ‘သူရိယ သတင်းစာကြီး ထွက်တော့မည်။ ဘာသာရေး၊ နိုင်ငံရေးပါ မကျန် မိမိတို့ သန်ရာကို ဖတ်ရမည်’ ဟု ပါရှိလေသည်။ နီးစပ်ရာ ခင်မင်ရာ ပုဂ္ဂိုလ်များ ထံမှလည်း အစုရှယ်ရာများ ပါဝင်စေခဲ့သည်။ တဦးလျှင် ၁၅ ကျပ်မျှဖြင့် အစုရှယ်ရာ ပါဝင်စေခဲ့ရာ အစုရှယ်ရာ ငွေ ၅ဝဝဝိ မျှ ရရှိခဲ့သည်။ ထိုငွေ ၅ဝဝဝိ ဖြင့် မတည်၍ သူရိယ သတင်းစာကို စတင် ထုတ်ဝေလေသည်။ ထိုစဉ်က ဦးဘဖေ၏ အသက်မှာ ၂၈ နှစ်မျှ ရှိနေလေပြီ။
 
ဦးဘဖေသည် တဖက်မှ သတင်းစာ လုပ်ငန်းကို လုပ်ဆောင်ရင်း တခြား တဖက်မှလည်း ဝိုင်အမ်ဘီအေ (YMBA) ခေါ် [[ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း]] ကိုလည်း စတင် တည်ထောင်သည်။ ဦးဘဖေနှင့် အတူ [[မောင်ကြီး။ ဆာ(ရဲတပ်ဗိုလ်ချုပ်)|ဦးမောင်ကြီး (ဆာ မောင်ကြီး)]]၊ ဦးစိန်လှအောင်၊ ဦးဘိုးမြေ၊ ဦးမုန်း၊ ဦးမေအောင်၊[[မေအောင်၊ ဦး (စွယ်စုံပညာရှင်)|ဦးမေအောင်]]၊ [[ဘရင်၊ ဒေါက်တာ|ဒေါက်တာ ဘရင်]]၊ ဦးလှဖေ၊ ဦးသိန်းမောင် စသော ခေတ်ပညာတတ် လူငယ်၊ လူရွယ်များ ပါဝင်ခဲ့သည်။ ပါဝင်ချင် လာအောင်လည်း တစ်ဦးနှင့် တစ်ဦး အပြန်ပြန် အလှန်လှန် စည်းရုံး သိမ်းသွင်းကြသည်။
 
ဦးဘဖေသည် သူရိယ သတင်းစာ လုပ်ငန်းတွင် အယ်ဒီတာ အလုပ်မှ စပြီး အောက်ခြေသိမ်း တံမြက်လှည်း၊ သတင်းစာခေါက် အလုပ်မှ စပြီး အပင်ပန်းခံကာ အလုပ်လုပ်ခဲ့သည်။ အခြား သတင်းစာများထက် သတင်းထူများကို ဦးစား ပေးရေးခဲ့သည်။ ဝိုင်အမ်ဘီအေ အသင်းကြီး၏ လှုပ်ရှားမှု အသက်ပါသော သတင်းစာ ဖြစ်၍ သတင်းစာ စောင်ရေ တရိပ်ရိပ် တက်လာခဲ့သည်။ ထိုစဉ်က ရွှေတိဂုံ စေတီတော်မြတ်ပေါ်တွင် မျက်နှာဖြူများ ဖိနပ်စီး တက်နေကြသည်။ ဤသည်ကို မကြည့်ရက်နိုင်သော ဦးဘဖေသည် ကာတွန်း ရုပ်ပြောင်ဖြင့် သတင်းစာ ဖော်ပြခဲ့သည်။ အင်္ဂလိပ် မျက်နှာဖြူများနှင့် အလိုတော်ရိများ မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။