မေအောင် (စွယ်စုံပညာရှင်): တည်းဖြတ်မှု မူကွဲများ

ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း (ဝိုင်အမ်ဘီအေ)
စာကြောင်း ၃၂ -
အုပ်ချုပ်ရေး နယ်ပယ်တွင် အစိုးရ ရှေ့နေတဦးအဖြစ် လည်းကောင်း၊ ဒိုင်အာခီ အုပ်ချုပ်ရေးတွင် ဒုတိယမြောက် ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ တရားဥပဒေ လောကတွင် ထူးချွန် ထက်မြက်သော ဝတ်လုံတော်ရ၊ တရားသူကြီး၊ တရားလွှတ်တော် တရားဝန်ကြီး၊ မြန်မာ ဗုဒ္ဓဘာသာ တရားဥပဒေနှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးနိုင်သူ ပညာရှင် တဦးအဖြစ် သတ်မှတ် ခံရသည်။ ပညာရေးနှင့် ပတ်သက်လျှင် ဥပဒေ ပညာကို အင်္ဂလန်ပြည် ကိန်းဘရစ် တက္ကသိုလ်၌ သင်ကြားခဲ့၍ ဥပဒေဘွဲ့ (L.L.B) နှင့် မဟာ ဝိဇ္ဇာဘွဲ့ (M.A) ရခဲ့သည်။ ဝတ်လုံဘွဲ့ (Barrister at Law) ကို လင်ကွန်းအင်း ဥပဒေကျောင်းမှ အောင်မြင်၍ မြန်မာ ပညာရေး ဆင်ဒီကိတ် အဖွဲ့မှ ချီးမြှင့်သည့် ဘီဂန်ဒက် ရွှေတံဆိပ် ရရှိခဲ့သည်။ ထိုဆုမှာ ဘက်စုံ ပညာ ထူးချွန်သူများကို ချီးမြှင့်သည့် အဆင့်မြင့် ပညာရေးဆု တဆု ဖြစ်သည်။ ရန်ကုန် တက္ကသိုလ် ဥပဒေ ဌာန၏ ပထမဦးဆုံးသော အချိန်ပိုင်း ဥပဒေ ပါမောက္ခ (၁၉၂၁ - ၂၂) အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
 
စာပေ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ဦးမေအောင်သည် မြန်မာစာပေ မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့တို့ကို အထူးရိုသေလေးစားသူတဦး အဖြစ် ထင်ရှားသည်။ ငယ်စဉ်က မြန်မာစာပေ၊ မြန်မာ့ ရာဇဝင်ကို ကျောင်းတွင် ဘာသာရပ် တခု အဖြစ် စနစ်တကျ သင်ကြားခွင့် မရသော်လည်း ဘိလပ်ပြန် ဝတ်လုံတော်ရ ဘဝတွင် မြန်မာ ပညာရှိများထံ တပည့်ခံ၍ လေ့လာ လိုက်စား ခဲ့သည်။ အထူးသဖြင့် ဆရာလွန်း (မစ္စတာ မောင်မှိုင်း[[သခင်ကိုယ်တော်မှိုင်း]]) အား ဆရာတင်၍ ပညာရှာခဲ့သည်။ ဤသို့ဖြင့် ၁၉၁၂ ခုနှစ်တွင် ပေ၊ ပုရပိုက်တွင် တိမ်မြုပ်နေသည့် ဧချင်းများကို စနစ်တကျ တည်းဖြတ်၍ ဧချင်းဟောင်း ၁၂ စောင်တွဲ အမည်ဖြင့် ထုတ်ဝေခဲ့သည်။ မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ကိုယ်တိုင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ရမ္မာပူရ စာပုံနှိပ်တိုက်မှာ ယောက္ခမ ဦးထွန်းဖြူပိုင် ပုံနှိပ်တိုက် ဖြစ်သည်။ ဧချင်းဟောင်း ၁၂ စောင်တွဲတွင် -
 
# ရခိုင်မင်း ([[အဒူမင်းညို]])