ရှောလူး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄၀ -
 
 
ထို့ကြောင့် သူသည် အိုဟိုင်းယိုး နဉ်၊ ကလိဗလင်း ကုသိုလ်ဖြစ်ဆေ:ရုံရှိ ဆေးကောလိပ်ကျောင်းတွင် ဆေးပညာကို ဆက်လက်သင်ယူသည်။ ၃နှစ်အကြာ ၁၈၆၇ ခုနှစ်တွင် မောင်ရှောလူးသည် ဆေးအတတ်ကို ကောင်းစွာ အောင်မြင် တတ်ကျွမ်းလေသည်။ ဆေးပညာ အမ်ဒီဘွဲ့အမ်ဒီ(Doctor of Medicine)ဘွဲ့ ရလေသည်။ ထိုနှစ်မှာပင် ဗက်ကနဲ တက္ကသိုလ်ကလည်း သူ့ကို အမ်အေဘွဲ့ ချီးမြှင့်လေပြန်သည်။ မောင်ရှောလူးဘဝမှ ဒေါက်တာရှောလူး ဘဝကိုလည်း ခံယူရရှိပြီး ဖြစ်သဖြင့် အမိမြန်မာနိုင်ငံသို့ ပြန်ရန် ပြင်ဆင်လေသည်။ မပြန်မီ သူသည် ထိုနှစ် အောက်တိုဘာလတွင် အမေရိကန် ပြည်ထောင်စု သမ္မတကြီး အင်ဒရူးဂျွန်ဆင်နှင့် သွားရောက်တွေ့ဆုံသည်။ သမ္မတ [[ဂျွန်ဆင်]]မှာ [[လင်ကွန်း]]ကွယ်လွန်ပြီးနောက် သမ္မတ ရာထူးကို ဆက်ခံရသူ ဖြစ်သည်။ ၁၇ ဆက်မြောက် သမ္မတပင် ဖြစ်သည်။ ဒေါက်တာ ရှောလူးကို သမ္မတ ဂျွန်ဆင်သည် ဝမ်းမြောက်ဝမ်းသာ လက်ခံ တွေ့ဆုံသည်။ စင်စစ် ဒေါက်တာရှောလူးသည် အမေရိကန် နိုင်ငံသို့ ပညာဆည်းပူးရန် လာရောက်သည့် ပထမဦးဆုံးသော မြန်မာ ကျောင်းသားပင် ဖြစ်လေသည်။ ဒေါက်တာရှောလူးက သမ္မတကြီးအား မိမိ အမိနိုင်ငံသို့ ပြန်တော့မည့် အကြောင်း ပြောပြသည်။ ဤတွင် သမ္မတကြီးက [[မင်းတုန်းမင်း]]ထံ ဒေါက်တာရှောလူးအတွက် ထောက်ခံစာ တစ်စောင်အား ရေးပေးလိုက်လေသည်။