ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
ဦးသွင်
စာကြောင်း ၂ -
 
== သမိုင်းကြောင်း ==
အသင်းကို ၁၉၁၉ ခုနှစ်တွင် ယခု [[ရန်ကုန်မြို့]] [[ရွှေဘုံသာလမ်း]]နေရာတွင် စတင် ထူထောင်ခဲ့သည်။ ပထမဦးဆုံး ဥက္ကဋ္ဌမှာ ဦးမောင်မောင်အုန်းခိုင် ဖြစ်ပြီး အသင်းကို 'မြန်မာကုန်သည်များအသင်း'ဟု ခေါ်ဝေါ်သည်။ [[သွင်၊ ဦး ဆာ|ဆာဦးသွင်]] သည်မြန်မာ ကုန်သည်များ အသင်းကို စတင် တည်ထောင်သူ တဦး ဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် ကုန်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ညာစာအမှတ် ၁/၈၉ အရ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အသင်းမှတ်ပုံတင်အမှတ်မှာ (၁)ဖြစ်ပြီး ဥက္ကဋ္ဌမှာ ဦးယုဆိုင် ဖြစ်သည်။
 
၁၉၉၁ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့တွင် ကုန်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၁၆/၉၁ အရ အလုပ်အမှုဆောင်အဖွဲ့သစ် ပြန်လည်ဖွဲ့ရာ ဥက္ကဋ္ဌ ဦးကိုကိုကြီး ဖြစ်လာသည်။ ၁၉၉၄ ခုနှစ် ၊ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ကုန်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၂/၉၄ အရ အလုပ်အမှုဆောင်အဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရာ လက်ရှိဥက္ကဋ္ဌမှာ ဦးခင်မောင်ရီ ဖြစ်သည်။