စပိန်အနုပညာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၆ -
စပိန်နိုင်ငံတွင် မူးဝါးလူမျိုးတို့၏ အနုပညာ လက်ရာကောင်းများ ကျန်ရစ်ခဲ့သည်။ ယင်းတို့အနက် ကော်ဒိုးဗားပလီကြီးနှင့် ကျော်စောလှသော အယ်လမ်ဗရာ နန်းတော်အဆောက်အအုံကြီးများမှာ အထင်အရှားဆုံး အဆောက်အအုံများဖြစ်သည်။ မူးဝါးလူမျိုးတို့ကို စပိန်နိုင်ငံမှ တွန်းလှန်လိုက်သော အချိန်တွင် မြောက်ဖက်နိုင်ငံများမှ ရောမဆန်သော ဗိသုကာ အနုပညာ ပုံစံများ ထွန်းကားလာပြန်သည်။ ထိုအချိန်အခါက၊ စပိန်နိုင်ငံတွင် ရောမဆန်သော ဗိသုကာအဆောက်အအုံများကို တည်ဆောက်ခဲ့ကြ၏။ ၁၂ ရာစုနှစ် အကုန်အထိ ထိုရောမဆန်သော ဗိသုကာပုံစံများ ခေတ်စားပြီးနောက်၊ ဂေါ့သပုံစံဖြင့် ဆောက်လုပ်သော အဆောက်အအုံများ ပေါ်ပေါက်လာပြန်သည်။
 
ဂေါ့သစနစ်သည် စပိန်နိုင်ငံသို့ ရောက်ရှိခဲ့သော အနုပညာ စနစ်များအနက် ခေတ်အစားဆုံးစနစ်ဖြစ်သည်ဟု ဆိုရပေမည်။ သို့ရာတွင် ဥရောပတိုက်တွင် ရီနေးဆွန်းခေါ် ဉာဏ်သစ် အရေးပုံခေတ် သို့ရောက်သောအခါ၊ စပိန်နိုင်ငံတွင် ဂေါ့သစနစ် သာမက ယခင်က ခေတ်စားခဲ့သော စနစ်ဟောင်းများလည်း ပြန်လည်ဆန်းသစ်လာပြန်သည်။ ထိုအခါတွင် စပိန်နိုင်ငံတွင်း၌ တစ်ကျောင်းတစ်ဂါထာ၊[[တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း]] ဆိုသကဲ့သို့ အနုပညာမူ အမျိုးမျိုး ပေါ်ပေါက်လာလေသည်။ ထိုသို့ ပေါ်ပေါက်လာသော မူများကို ရောမမူ၊ ဂေါ့သမူ စသည်ဖြင့် အမည်မှည့်
ရန် များပြားလှသဖြင့်၊ တီထွင်သူ၏အမည်အတိုင်း ခေါ်ဝေါ်ကြရလေသည်။ ပုံစံအားဖြင့် ဟွမ်သေအယ်ရဲရား တီထွင်သောပုံကို အယ်ရဲရားပုံ၊ ချူရီဂေးရားဆိုသူ တီထွင်သောပုံကို ချူရီဂေးရားပုံ စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိကြ၏။