မေအောင် (စွယ်စုံပညာရှင်): တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၀ -
ဦးမေအောင်သည် နိုင်ငံရေးနှင့် ပတ်သက်လျှင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အလွန် အရေးပါခဲ့သော ဝိုင်အမ်ဘီအေ (YMBA) ခေါ် [[ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း|ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း]] (၁၉ဝ၆) စတင် တည်ထောင်ရာတွင် အဓိက အရေးကြီးသော ပုဂ္ဂိုလ်တွင် တဦး အပါအဝင် ဖြစ်သည်၊ ရန်ကုန်မြို့တွင် ပထမဆုံး အကြိမ် ကျင်းပသော ဝိုင်အမ်ဘီအေ အသင်းများ အစည်းအဝေးတွင် ချယ်ယာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သူ၊ ၁၉၁၇ ခုနှစ်တွင် ကာလကတ္တားသို့ အန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေဂူနှင့် သွားရောက် တွေ့ဆုံရန် ဝိုင်အမ်ဘီအေမှ ရွေးချယ် စေလွှတ်သော ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် သွားရောက်ခဲ့သူ တဦး ဖြစ်သည်။
 
အုပ်ချုပ်ရေး နယ်ပယ်တွင် အစိုးရ ရှေ့နေတဦးအဖြစ် လည်းကောင်း၊ ဒိုင်အာခီ အုပ်ချုပ်ရေးတွင် ဒုတိယမြောက် ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ တရားဥပဒေ လောကတွင် ထူးချွန် ထက်မြက်သော ဝတ်လုံတော်ရ၊ တရားသူကြီး၊ တရားလွှတ်တော် တရားဝန်ကြီး၊ မြန်မာ ဗုဒ္ဓဘာသာ တရားဥပဒေနှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးနိုင်သူ ပညာရှင် တဦးအဖြစ် သတ်မှတ် ခံရသည်။ ပညာရေးနှင့် ပတ်သက်လျှင် ဥပဒေ ပညာကို အင်္ဂလန်ပြည် [[ကိန်းဘရစ်ချ် တက္ကသိုလ်|ကိန်းဘရစ်]] တက္ကသိုလ်၌ သင်ကြားခဲ့၍ ဥပဒေဘွဲ့ (L.L.B) နှင့် မဟာ ဝိဇ္ဇာဘွဲ့ (M.A) ရခဲ့သည်။ ဝတ်လုံဘွဲ့ (Barrister at Law) ကို လင်ကွန်းအင်း ဥပဒေကျောင်းမှ အောင်မြင်၍ မြန်မာ ပညာရေး ဆင်ဒီကိတ် အဖွဲ့မှ ချီးမြှင့်သည့် ဘီဂန်ဒက် ရွှေတံဆိပ် ရရှိခဲ့သည်။ ထိုဆုမှာ ဘက်စုံ ပညာ ထူးချွန်သူများကို ချီးမြှင့်သည့် အဆင့်မြင့် ပညာရေးဆု တဆု ဖြစ်သည်။ ရန်ကုန် တက္ကသိုလ် ဥပဒေ ဌာန၏ ပထမဦးဆုံးသော အချိန်ပိုင်း ဥပဒေ ပါမောက္ခ (၁၉၂၁ - ၂၂) အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
 
== ငယ်ဘဝ ==
စာကြောင်း ၁၁၁ -
 
== နိုင်ငံရေးလုပ်ကိုင်ခြင်း ==
၁၉ဝ၈ မှ ၁၉၂ဝ အတွင်း ဘိလပ်ပြန် ဝတ်လုံတော်ရ အဖြစ် အသက်မွေး ဝမ်းကျောင်းပြု၍ ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီးတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။ ဘိလပ်ပြန် ဝတ်လုံတော်ရ ဦးပု (နန်းရင်းဝန် ဦးပု)၊ ပညာဝန် ဦးမုန်း၊ အငြိမ်းစားဝန်ထောက် ဦးဖေတို့နှင့် အတူ ဝိုင်အမ်ဘီအေ အသင်းများ ဖွဲ့စည်း တည်ထောင်ရေး အတွက် နယ်များသို့ ဆင်း၍ တရားဟောရာ ဝိုင်အမ်ဘီအေ အသင်းကြီး၏ ရှေ့တန်း ဦးဆောင်သူ တဦး ဖြစ်လာသည်။ ၁၉၁၁- ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသော အရပ်ရပ် ဝိုင်အမ်ဘီအေအသင်းများ အစည်းအဝေးကြီးတွင် ချယ်ရာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၁၆ ခုနှစ် ဟင်္သတမြို့တွင် ကျင်းပသော စတုတ္ထ အကြိမ် ညီလာခံတွင် အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်သည်။ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဦးဖေ၊ ဦးဘဘေ၊[[ဘဖေ၊ ဦး|ဦးဘဘေ]]၊ ဝတ်လုံတော်ရ ဦးစု (မန္တလေး) တို့နှင့်အတူ အိန္ဒိယနိုင်ငံ ကာလကတ္တားသို့ သွားရောက်၍ အိန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေဂူကို တွေ့ဆုံပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးကို တင်ပြခဲ့သည်။
 
ဝိုင်အမ်ဘီအေ အသင်းကြီးသည် မူလ ရည်မှန်းချက် ဖြစ်သော အမျိုး ဘာသာ သာသနာ ကိစ္စများတွင် သာမက နိုင်ငံရေး ကိစ္စများကို ဝင်ရောက် ဆောင်ရွက်လာရာ နိုင်ငံရေး မဆောင်ရွက်လိုသူ လူကြီး အဖွဲ့နှင့် နိုင်ငံရေးကို ဆက်လက် ဆောင်ရွက်လိုသူ လူငယ် အဖွဲ့ ကွဲပြားလာသည်။ လူကြီး အဖွဲ့ကို ‘တူ သာ သင်း’ (ဦးဘတူ၊ ဦးဖိုးသာ၊ ဦးသင်း) တို့က ဦးဆောင်ခဲ့ရာ ဦးမေအောင်သည် လူကြီး အဖွဲ့ဘက်သို့ ပါဝင်ခဲ့ရာမှ ၁၉၂ဝ ခုနှစ်တွင် အစိုးရ လက်ထောက် ရှေ့နေ၊ ဥပဒေ သုံးသပ်ရေး အရာရှိ၊ ဥပဒေအဖွဲ့ အတွင်းရေးမှူး၊ အစိုးရ ရှေ့နေ၊ ရန်ကုန် တက္ကသိုလ် ဥပဒေဌာန အချိန်ပိုင်း ပါမောက္ခ၊ ၁၉၂၂ ခုနှစ်တွင် တရားလွှတ်တော် တရားဝန်ကြီး၊ ၁၉၂၄ တွင်ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် ဗြိတိသျှ အစိုးရ၏ သူကောင်းပြုခြင်း ခံရသည်။ ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၁၉၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ ရုတ်တရက် ကွယ်လွန်ခဲ့သည်။