သိပ္ပံမောင်ဝ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၉ -
မြန်မာပြည်သို့ ပြန်လည် ရောက်ရှိသည့် နေ့မှ စ၍လည်း နယ်ဘက် အုပ်ချုပ်ရေးတွင် နယ်ပိုင်၊ အရေးပိုင် စသည်ဖြင့် အဆင့်ဆင့် အမြို့မြို့သို့ သွားရောက် လုပ်ကိုင် နေပြီးနောက် ရွှေဘိုတွင် ဂျပန်ဗုံးဒါဏ် အလူးအလဲခံရသည်။ နောက်ဆုံး မြစ်ကြီးနားသို့အသွား (တစ်ဆင့် အိန္ဒိယသို့ သွားရန်ကြံရွယ်)တွင် သူတို့စီးသော မီးရထားကို သက်ဆိုင်ရာတို့က ကန့်ဘလူဘူတာ၌တွဲဖြုတ် ထားခဲ့၍ ကန့်ဘလူတွင် သောင်တင်နေခဲ့သည်။ အရာရှိမိသားစုများဖြစ်၍ ရွှေငွေအမြောက်အများပါမည်ဟု တွက်ဆကာ ဓားပြ-၁ဝ⁠ဝခန့်က ဝိုင်းဝန်းဓားပြတိုက် ကြသည်။
 
[[ဒုတိယ ကမ္ဘာစစ်]] စစ်အတွင်းကာလ မသမာလူဆိုးတို့၏ လက်ချက်ဖြင့် အသက်သေဆုံးရသော အခါ၌မူ စစ်ပြေးအနေနှင့် ကန့်ဘလူမြို့နှင့်[[ကန့်ဘလူမြို့]]နှင့် ၁ဝ မိုင်ခန့်အကွာ ဂါးဒါး ဆည်ကြီးရွာတွင် ကန့်ဘလူနယ်ပိုင် ဝန်ထောက်ဟောင်း ဦးဘသန်း တို့နှင့် ဂါးဒါး ဆည်ကြီးရွာ ဗိုလ်တဲ၌ ခိုနေကြခိုက် ဖြစ်သည်။ အနိစ္စ ရောက်ရရှာသော အင်္ဂလိပ် သက္ကရာဇ် ၁၉၄၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၅ နာရီခန့် ဝေလီဝေလင်း အချိန်တွင် ဓားပြ လူဆိုး ၁ဝဝ ခန့်တို့သည် ဦးစိန်တင်တို့ တည်းခို နေထိုင်ရာ ဗိုလ်တဲကို အဘက်ဘက်မှ ဝိုင်း၍ သေနတ်နှင့် တရစပ် ပစ်ခတ် ကြပေသည်။ အင်အားချင်း မမျှ၍ လက်နက်ချ အညံ့ခံ ကြပါငြားလည်း မသိ ဆိုးရွားလှသော လူတသိုက်ကား အပစ်အခတ် မရပ်။ ဆက်လက် ပစ်ခတ်နေသည့် အထဲမှ နယ်ပိုင် ဝန်ထောက်ဟောင်း ဦးဘသန်းလည်း ပွဲချင်းပြီး သေရ ရှာလေသည်။ ဦးဘသန်း၏ ဇနီးသည်လည်း ပွဲချင်းပြီး သေရ ရှာလေသည်။ အရေးပိုင်မင်း ဦးစိန်တင်လည်း ပွဲချင်းပြီး သေရ ရှာလေသည်။
 
== ကလောင်ခွဲများ ==