စိန်ဝင်း၊ ဗိုလ်ချုပ်၊ ဝန်ကြီးချုပ်ဟောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၂၀ -
ဗိုလ်ကြီး အဆင့်ဖြင့် တပ်ရင်း(၆)တပ်ရင်းမှူး တာဝန်ထမ်းဆောင် စဉ် ၁၉၄၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် တိုင်း(၇)စစ်ဌာနချုပ် စခန်းချရာ [[အာလံ]]([[မြေထဲ]])မြို့နယ်၊ ပြလို့ရွာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ တိုင်း(၇)တိုင်းမှူး [[ဗိုလ်မှူးအောင်]](သခင်စံလှိုင်)၊ တပ်ရင်း(၂) တပ်ရင်းမှူး [[စန်းယု၊ ဦး (နိုင်ငံတော်သမ္မတ)|ဗိုလ်ကြီးစန်းယု]] တို့နှင့် အတူ ဖက်ဆစ် တော်လှန်ရေး ပြင်ဆင်မှု များကို ဆွေးနွေးခဲ့ကြသည်။ <ref>[[သခင်တင်မြ]]၊ ဖက်ဆစ်တော်လှန်းရေး ဌာနချုပ် နှင့် တိုင်း (၁၀) တိုင်း။ ၃ -ကြိမ်။ (ရန်ကုန်၊ မဟာနန္ဒ စာပေ၊ ၁၉၇၆) စာ ၃၃၄။ </ref> ဗိုလ်ကြီးစိန်ဝင်း သည် မတ်လ ၂၇ ရက်နေ့ နံနက်(၇)နာရီခန့်တွင် သရက်မြို့ အစွန်ရှိ တပ်ရင်း(၆) စစ်ဌာနချုပ် တွင် ဗိုလ်မှူးအောင်၊ [[စိန်မှန်၊ ဗိုလ်မှူး|ဗိုလ်ကြီးစိန်မှန်]]၊ တပ်ရင်း(၂)တပ်ရင်းမှူး ဗိုလ်စန်းယု တို့နှင့်အတူ မတ်လ ၂၇ ရက်နေ့ည၌ ဖက်ဆစ် ဂျပန်တို့အား စတင်တော်လှန်မည့် အစီအစဉ် နှင့် တပ်ရင်း/တပ်ခွဲများ ချီတက်ကြမည့်အစီအစဉ်၊ တပ်ချထားမည့် စခန်းများ နှင့် တိုက်ပွဲများ စတင်သည့် အစီအစဉ် တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းများအဆက်အသွယ်မပြတ်ရေး ရန်သူ့သတင်းများ အလျင်အမြန်ပို့ရေး နှင့် ပြည်သူလူထု အား ဖက်ဆစ် တော်လှန်ရေး နှင့် ပတ်သတ်၍ ဝါဒဖြန့်ချီ လှုံ့ဆော်ရေး အစီအစဉ်များ၊ ရပ်ရွာကာကွယ်ရေး နှင့် အုပ်ချုပ်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ၁၉၄၅ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ကြီးစိန်ဝင်း ဦးစီးသည့် တပ်ရင်း(၆)သည် ညနေ ၃ နာရီအချိန်တွင် [[မင်းတုန်]]နယ် သို့ ချီတက်ခဲ့သည်။ ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် မင်းတဲရွာ ဘုန်းကြီးကျောင်း နှင့် အနီးအနားရှိ ချောင်းပြင်တွင် ရပ်နားခဲ့ပြီးနောက် တပ်ရင်း(၆)မှ ဂျပန် အကြံပေး အရာရှိ(၂)ဦးနှင့် တပ်ကြပ်ကြီး(၃)ဦး၊ တပ်ကြပ်(၁)ဦး တို့အား ဖမ်းဆီးရာ အဖမ်းမခဲ့ဘဲ ခုခံသဖြင့် ပစ်ခတ် သုတ်သင်ခဲ့ရသည်။မင်းတဲမှ ဆက်လက်ချီတက်ခဲ့ရာ မတ်လ ၂၈ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် တွင်းလယ်သို့ ရောက်ရှိ ရပ်နားခဲ့ပြီး ဖက်ဆစ် ဂျပန်တို့အား တိုက်ခိုက်ရန် တပ်ဖြန့်ခဲ့သည်။ ဗိုလ်ကြီးစိန်ဝင်း ဦးစီးသည် တပ်ရင်း(၆)သည် သရက်စခန်းသို့ဆက်လက်ချီတက်ခဲ့ပြီး ည၁၁ နာရီ အချိန်တွင် [[ပင်းအိုင်]] စခန်းတွင် တပ်စခန်းချခဲ့သည်။ မတ်လ ၃၁ ရက်နေ့တွင် တိုင်းမှူး ဗိုလ်မှူးအောင်၊ ဒုတိုင်းမှူး ဗိုလ်ကြီး စိန်မှန် တို့နှင့်အတူ ဗိုလ်ကြီးစိန်ဝင်းသည် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းထံသို့ သွားခဲ့ကြသည်။ ဧပြီလ ၄ ရက်နေ့တွင် ဗိုလ်ကြီး စိန်ဝင်း ဦးစီးသည် တပ်ရင်း(၆)သည် ပင်းအိုင်စခန်းမှ [[ပုဏ္ဏားရွာ]] သို့ ပြောင်းရွှေ့ခဲ့သည်။ ဧပြီလ ၁၆ ရက်နေ့တွင် ရန်သူ(၃၀၀)ခန့် မင်းကုန်းမှ သရက်ဘက်သို့ ချီတက်လာကြရာ ညောင်ငယ်ရွာ တွင် ရှိသော တပ်ရင်း(၆) စက်ကြီးတပ်ခွဲမှ အရာခံတပ်ကြပ် ချစ်ထွန်းနှင့် ရဲဘော်တစ်ယောက် တို့သည် ဧရာဝတီ မြစ်ကြောင်း အတိုင်း အထက်မှ စုန်ဆင်းလာသော ရန်သူ လှေတစ်စင်းကို ကမ်းပါးပေါ်မှ ပစ်ခတ် တိုက်ခိုက်ရာ ရန်သူ လှေတစ်စင်း နှစ်မြှုပ်၍ လှေပေါ် ပါလာသော ဂျပန်(၃၀)ခန့်ကျဆုံးခဲ့သည်။ ဧပြီလ ၂၅ ရက်နေ့တွင် ဗိုလ်ကြီးစိန်ဝင်း ဦးစီးသော တပ်ရင်း(၆) စစ်ဌာနချုပ် စခန်း ပုဏ္ဏားရွာ တွင် [[တပ်မှူးများ အစည်းအဝေး]] ကျင်းပခဲ့သည်။<ref>မြန်မာနိုင်ငံ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်၊ တပ်မတော်သမိုင်း(ဒုတိယတွဲ)၊ ၁၉၄၅ ဖက်ဆစ် တော်လှန်ရေးကာလ။ တ-ကြိမ်။ (ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ၁၉၉၉) စာ ၇၇။ </ref>
 
အစည်းအဝေး သို့ တိုင်း(၇)တိုင်းမှူး ဗိုလ်မှူးအောင်၊ ဗိုလ်ကြီးစိန်မှန်၊ တပ်ရင်း(၂)တပ်ရင်းမှူး ဗိုလ်စန်းယု၊ တပ်ရင်း(၆)တပ်ရင်းမှူး ဗိုလ်ကြီးစိန်ဝင်း စသည်တို့တက်ရောက်ခဲ့သည်။ ဧပြီလ ၂၇ ရက်နေ့တွင် တွင်းလယ် စခန်းတွင် တပ်ရင်း(၆)တပ်ခွဲ(၁)မှ ကင်းထောက်လာသော ရန်သူ(၇)ယောက်နှင့် တို့ တွေ့ဆုံ တိုက်ခိုက်ခဲ့ရာ ရန်သူ(၅)ယောက်ကျဆုံးခဲ့သည်။ မေလ ၇ ရက်နေ့တွင် စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်း နှင့်အဖွဲ့၊ ဗိုလ်ကြီး စိန်ဝင်း၏ တပ်ရင်း(၆) စစ်ဌာနချုပ် စခန်း ပုဏ္ဏားရွာသို့ ရောက်ရှိလာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အမိန့်အရ အထက်မင်းဘူး၊ မင်းလှနယ် စစ်ရေး အခြေအနေ နှင့် စက်မှုလက်မှု တပ်ရင်း(၂)၏ လှုပ်ရှားမှု အခြေအနေများ ကို သိရှိရန် တပ်ရင်း(၆)စစ်ဌာနချုပ်မှ တပ်စိတ် တစ်စိတ် ကို [[ဗိုလ်ထွန်းတင်]] ဦးစီးစေပြီး မင်းဘူးနယ် သို့ စေလွှတ် ထောက်လှမ်းစေခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဇွန်လကုန်တွင် ဗိုလ်ကြီးစိန်ဝင်း ဦးစီးသည့် တပ်ရင်း(၆)သည် တိုင်း(၇)စစ်ဌာနချုပ် လက်အောက်မှ တိုင်း(၄)စစ်ဌာနချုပ် လက်အောက်၊ ပဲခူး စစ်မျက်နှာ သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင် ခဲ့ရသည်။

=== ဗမာ့ သေနတ်ကိုင် တပ်ရင်းတွင် တာဝန်ထမ်းခြင်း ===
ဦးစိန်ဝင်း သည် [[ကန္ဒီ စာချုပ်]]အရ ဗမာ့တပ်မတော် ပြန်လည် ဖွဲ့စည်းသောအခါ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဒုဗိုလ် အဆင့်ဖြင့် စစ်ရုံးချုပ် တွင် ဌာနခွဲ အရာရှိ အဖြစ် တာဝန် ပေးအပ်ခြင်းခံရသည်။ <ref>မြန်မာနိုင်ငံ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်၊ တပ်မတော်သမိုင်း(တတိယတွဲ)၊ ၁၉၄၅ − ၁၉၄၈ (ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ၁၉၉၅) စာ ၆၀ </ref> ဆက်လက်၍ ဗမာ့ သေနတ်ကိုင် တပ်ရင်း (၃)တွင် တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ [[သန်လျင်]]မြို့တွင်သန်လျင်မြို့တွင် စခန်းချနေစဉ် အတွင်း တပ်ခွဲ(၃) ကို ဦးစီး၍ [[ဒေးဒရဲ]]၊ [[ဖျာပုံ]]သို့ ပြောင်းရွေ့တာဝန်ယူရသည်။ ၁၉၄၆ခုနှစ်တွင် [[ကလော]]မြို့၌ အရာရှိငယ် သင်တန်း တက်ရောက် သည်။ ဆက်လက်၍ ဗိုလ်ကြီး အဆင့်ဖြင့် ဗမာ့ သေနတ်ကိုင် တပ်ရင်း(၃)တွင် ဒုတပ်ခွဲမှူး တာဝန် ထမ်းဆောင်သည်။ ၁၉၄၇ခုနှစ်တွင် [[စစ်ဦးစီး တက္ကသိုလ်]] သို့ တက်ရောက်ပြီး ဗိုလ်မှူး အဆင့်ဖြင့် [[ဗမာ့ သေနတ်ကိုင် တပ်ရင်း]] (၃)တွင် တပ်ခွဲမှူး တာဝန် ပေးအပ်ခြင်း ခံရသည်။လွတ်လပ်ရေး ပေးရန် [[တိုင်းပြုပြည်ပြု လွှတ်တော်]] ခေါ်သောအခါ သန်လျင်မြို့သို့ ပြန်၍ တပ်စုရုံးသည်။ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ [[အာဇာနည် ခေါင်းဆောင်ကြီးများ]] လုပ်ကြံ ခံရသော အခါ ရန်ကုန်သို့ တပ်များ ပြောင်းရွေ့ပြီး ရန်ကုန်မြို့ လုံခြုံရေးကို တာဝန်ယူရသည်။ ၁၉၄၇ခုနှစ်တွင် စစ်ရဲတပ်များ ဖွဲ့စည်းရေး အတွက် ပြည်ထဲရေး ဝန်ကြီးဌာန သို့ ဗိုလ်မှူး အဆင့်ဖြင့် အထူးအရာရှိ အဖြစ် ပြောင်းရွေ့ ထမ်းဆောင်ခဲ့သည်။
 
== လွတ်လပ်ရေး ရပြီးခေတ် ကြိုးပမ်းမှု(၁၉၄၈-၁၉၈၅) ==